ကလေး သေးစိုခံအဝတ် သို့ diaper
တိုးတက်လာတဲ့ခေတ်နဲ့အညီကလေးပြုစုပျိုးထောင်ခြင်းဟာလည်း လွယ်ကူအဆင်ပြေလာပါတယ်။
ညဘက် ကလေးရော၊မေမေပါ အိပ်ရေးမပျက် အိပ်စက်နိုင်ဖို့ တစ်ခါသုံးကလေးသေးစိုခံ( diaper)တွေဟာ မေမေတို့အတွက် အဖော်မွန်ပါ။
ဒါဆို diaper ဆိုတာဘာလဲ?
Diaperဆိုတာ ဘောင်းဘီကဲ့သိူ့ ကလေးက်ုဝတ်ပေးထားရုံနဲ့ ကလေးရဲ့ချီး၊သေး တွေကို စုပ်ယူုပီးကလေးကို ခြောက်သွေ့စေတဲ့ခံစားမှုပေးစွန်းပါတယ်။
Diaperကို ဘယ်အချိန်တွေမှာလဲပေးသင့်လဲ?
ကလေးကို အပြင်ခေါ်သွားတဲ့အချိန်မဟုတ်ရင်( အိမ်မှာ)ဆိုရင်တော့ ကလေး အီး သို့ သေးပေါက်ပြီးချိန်တိုင်း လဲပေးသင့်ပါတယ်။
ကလေးငယ် တစ်လအောက်ဆိုရင် ၁၀ြက်မ်မှ ၁၂ကြိမ်ခန့်လဲလှယ်ပေးရတတ်ပါတယ်။ ကလေးကြီးလာပြီဆိုရင်တော့ တစ်နေ့လျှင် ၆ကြိမ်မှ၈ကြိမ်ခန့်လဲရန်လိုအပ်တတ်ပါတယ်။
Diaper ဝတ်ပေးခြင်းကြောင့်
- ၁) ကလေးဟာ အိပ်တဲ့အချိန်တွေနှစ်ချိုက်စွာအိပ်နိုင်မှာပါ။
- ၂) မေမေ့တို့အဖို့ သေးပေါက်အီးပါ မပြောတတ်သေးတဲ့ကလေးကို အပြင်ခေါ်သွားဖို့ စိတ်ပူရန်မလိုတော့ပါ။
- ၃) Diaperလဲပေးခြင်းဖြင့် မိမိကလေး သေးပေါက်၊အီးပါတဲ့အကြိမ်ရေကိုမှတ်ထားနိုင်မှာပါ။
- ၄) တစ်ခါသုံးမို့ ပြန်လည်လျှောဖွတ်ခြင်း၊ အခြောက်ခံခြင်းပြုလုပ်ရန်မလိုလို့ အလုပ်လုပ်တဲ့ မေမေတွေအတွက် အရမ်းအဆင်ပြေစေပါတယ်။
- ၅) ကဲ နောက်ဆုံးတစ်ခုကတော့ diaperထဲက ရူးရူး အရောင်၊ အီးအီးအရောင်တို့ကို ကြည့်ပြီး ကလေးဝမ်းကောင်းမကောင်းလည်း သိနိုင်ပါတယ်နော်။
**Diaper ဝတ်ပေးတဲ့ကလေးတိုင်းအတွက် သတိပြုစရာလေးတစ်ခုကတော့ ကလေး အီးပါ။ရူးပေါက်ပြီးတိုင်း အချိန်အကြာကြီးမထားဘဲ လှဲလှယ်ပေးဖို့ပါ။
(အချိန်အကြာကြီးမလှဲလှယ်ပဲ ထားခြင်းဟာ သေး၊အီးမှာပါဝင်တဲ့ amonia နဲ့ဓာတ်ပြုပြီး သေးပူလောင်ခြင်းဖြစ်စေပါသည်။)
မယ်တင် (ဆေး ၁)
Diaperဆိုတာ ဘောင်းဘီကဲ့သို့ ကလေးက်ုဝတ်ပေးထားရုံနဲ့ ကလေးရဲ့ချီး၊သေး တွေကို စုပ်ယူုပီးကလေးကို ခြောက်သွေ့စေတဲ့ခံစားမှုပေးစွန်းပါတယ်။
မယ်တင် (ဆေး ၁)