ကလေးနှင့် အနှီး၊ အနှီးနှင့် ကလေး
မိခင်ဖခင်ကောင်းတစ်ယောက်ဖြစ်လာဖို့ မလွန်ကူတာကို လူတိုင်းသိနားလည်လက်ခံကြပေသည်။ သားသားလေးတွေ မီးမီးလေးတွေ မွေးလာပြီဆိုတာနဲ့ တာဝန်ဝတ္တရားတွေ ပိုလာမယ်ဆိုတာ ငြင်းစရာလိုမည် မထင်ပါ။ ဒီလိုများပြားလှတဲ့တာဝန်ထဲမှာမှ ကလေး ချီးသေးတာဝန်သည်လည်း သေးလှသည်မဟုတ်ပေ။
ဆီးဝမ်းမထိန်းနိုင်သော အရွယ်လေးတွေ ဘယ်အချိန်ဆီးဝမ်းသွားမည်မသိ၊ ဘယ်နေရာမှာမှန်းမသိ၊ တစ်ခါတစ်ရံ အပြင်ထွက်ချိန်မှာ ပေါက်ချ ယိုချလိုက်လျှင် အင်မတန် စိတ်ရှုပ်ရတတ်ပါတယ်။ အဝတ်စအနှီးသုံးသော ကလေးအမေများဖြစ်လျှင် လျှော်ရမည့်တာဝန်၊ လှမ်းရမည့်တာဝန်၊ သိမ်းဆည်းရမည့်တာဝန်များ ပိုလာပေဦးမည်။
သို့သော် ယနေ့ဖွံ့ဖြိုးလားသောခေတ်နှင့် လိုအပ်ချက်များအရ မိခင်တွေအတွက် ထိုအနှီးများအစားသုံးသော ပစ္စည်းများ ထွက်ပေါ်လာပေပြီ။ အခါခါလျှော်သုံးနိုင်သော အနှီးများအစား လဲရလည်းလွယ်ကူသော၊ စွန့်ပစ်ရန်လည်းလွယ်ကူသော ကလေးသေးခံခေါ် Diaper များ ခေတ်စားလာပေသည်။
ဘယ်သူတွေမှာ သုံးမှာလဲ။
- တစ်နှစ်အောက်ကလေးများ
- ဆီးမထိန်းနိုင်သေးသောကလေးများ
- ညအိပ်ရာထဲတွင် ဆီးသွားသောကလေးများ အပြင်
- အချို့သော ဆီးမထိန်းသော လူကြီးများတွင်ပါ အသုံးပြုနိုင်ပေသည်။
Diaper အမျိုးအစားတွေ ဘာတွေရှိလဲ။
- တစ်ခါသုံး Diaper
- လျှော်နိုင်သော အဝတ် Diaper ဆိုပြီးရှိပါတယ်။
ဘယ်အမျိုးအစားကို သုံးရမှာလဲ။
သုံးရမယ့် အမျိုးအစားကတော့ သုံးတဲ့မိသားစု အခြေအနေပေါ်ပဲ အဓိကမူတည်ပါတယ်။
- ပြန်လျှော်နိုင်တဲ့ အမျိုးအစားကတော့ ရေရှည် ငွေကုန်ကြေးကျသက်သာမယ်။ စွန့်ပစ်ရတာမဟုတ်တော့ ပတ်ဝန်းကျင်ထိခိုက်မှုနည်းမယ်ပေါ့။ ဒါပေမယ့် လျှော်ရမယ့် ဒုက္ခတော့ရှိသေးတာပေါ့။
- တစ်ခါသုံးကတော့ ရှင်းပါတယ်။ လဲလို့လွယ်၊ သုံးပြီးရင်လည်း သွားပစ်လိုက်ရုံသာ။ အလုပ်ရူပ်သက်သာတယ်။ ဒါပေမယ့် ကလေးဆီးသွားတဲ့အကြိမ် များလေ လဲပေးရတဲ့ ပစ္စည်းပိုကုန်လေ၊ ငွေကုန်ကြေးကျများတာပေါ့။
- တစ်ချို့မိဘတွေကတော့ အပြင်သွားတဲ့အခါ၊ အိပ်ရာဝင်တဲ့အခါမှာ လောက်ပဲ တစ်ခါသုံး သုံးကြပြီး ကျန်အချိန်တွေမှာ လျှော်သုံးတဲ့ Diaper ကို သုံးတာမျိုးလဲရှိပါတယ်။
Diaper ကို ဘယ်လိုရွေးချယ်ရမလဲ။
ဒါကတော့ အခြားပစ္စည်းတွေ ရွေးချယ်ဝယ်ယူသလိုပဲပေါ့။ သို့သော် နူးညံ့ငယ်ရွယ်တဲ့ကလေးအတွက် ဆိုတာ သတိထားမိရင် ရပါပြီ။
အဓိကတော့
- ဓာတ်ပစ္စည်းပါဝင်မှု
- ဈေးနှုန်းချိုသာမှု
- ပျော့ပြောင်းမှု
- စုပ်ယူအားကောင်းမှု ပေါ်မူတည်ပြီးရွေးချယ်ရပါမယ်။
အချို့သော သေးခံတွေမှာ အနံ့၊ ဓာတ်ပစ္စည်းတွေပါတတ်ပြီး မိမိကလေးနှင့် တည့်မတည့် အရင်လေ့လာရမယ်။ မိမိကလေးနှင့် တော်မတော်ကိုရောပေါ့။ ဒါမှ ယိုစိမ့်ကျတာတွေ၊ ကျွတ်ထွက်တာတွေ နည်းပြီး ကလေးလည်း နေလို့ထိုင်လို့ ကောင်းမှာပေါ့။
ဈေးကတော့ မိမိ မိသားစု ဝင်ငွေနဲ့လည်းအဆင်ပြေ၊ အရည်အသွေးကောင်းတဲ့ပစ္စည်းလည်းဖြစ်ရင် အကောင်းဆုံးပေါ့။ ဈေးကြီးတိုင်းလည်း အဆင်မပြေတတ်သလို၊ ဈေးပေါပေမယ့် အဆင်ပြေတာတွေလည်းရှိပါတယ်။ သေချာရွေးချယ်ပါ။
ပျော့ပြောင်းမှုက နူးညံ့တဲ့ ကလေးအသားအရေအတွက် ဖြစ်ပြီး စုပ်ယူအားကောင်းမှလည်း ခြောက်သွေ့စေပြီး ပိုးမွှားပေါက်ပွားရောဂါရမှုနည်းကာ သုံးရအဆင်ပြေမှာပါ။
ဒါကြောင့် မိမိကလေးအတွက် အကောင်းဆုံး ရွေးချယ်ဝယ်ယူတတ်ကြဖို့ ပြောပြလိုက်တယ်နော်။
ရီချို (ဆေး ၁)
ကေလးႏွင့္ အႏွီး၊ အႏွီးႏွင့္ ကေလး
မိခင္ဖခင္ေကာင္းတစ္ေယာက္ျဖစ္လာဖို႔ မလြန္ကူတာကို လူတိုင္းသိနားလည္လက္ခံၾကေပသည္။ သားသားေလးေတြ မီးမီးေလးေတြ ေမြးလာျပီဆိုတာနဲ႔ တာဝန္ဝတၱရားေတြ ပိုလာမယ္ဆိုတာ ျငင္းစရာလိုမည္ မထင္ပါ။ ဒီလိုမ်ားျပားလွတဲ့တာဝန္ထဲမွာမွ ကေလး ခ်ီးေသးတာဝန္သည္လည္း ေသးလွသည္မဟုတ္ေပ။
ဆီးဝမ္းမထိန္းနုိင္ေသာ အရြယ္ေလးေတြ ဘယ္အခ်ိန္ဆီးဝမ္းသြားမည္မသိ၊ ဘယ္ေနရာမွာမွန္းမသိ၊ တစ္ခါတစ္ရံ အျပင္ထြက္ခ်ိန္မွာ ေပါက္ခ် ယိုခ်လိုက္လွ်င္ အင္မတန္ စိတ္ရႈပ္ရတတ္ပါတယ္။ အဝတ္စအႏွီးသံုးေသာ ကေလးအေမမ်ားျဖစ္လွ်င္ ေလွ်ာ္ရမည့္တာဝန္၊ လွမ္းရမည့္တာဝန္၊ သိမ္းဆည္းရမည့္တာဝန္မ်ား ပိုလာေပဦးမည္။
သို႔ေသာ္ ယေန႔ဖြံ႔ျဖိဳးလားေသာေခတ္ႏွင့္ လိုအပ္ခ်က္မ်ားအရ မိခင္ေတြအတြက္ ထိုအႏွီးမ်ားအစားသံုးေသာ ပစၥည္းမ်ား ထြက္ေပၚလာေပျပီ။ အခါခါေလွ်ာ္သံုးနိုင္ေသာ အႏွီးမ်ားအစား လဲရလည္းလြယ္ကူေသာ၊ စြန္႔ပစ္ရန္လည္းလြယ္ကူေသာ ကေလးေသးခံေခၚ Diaper မ်ား ေခတ္စားလာေပသည္။
ဘယ္သူေတြမွာ သံုးမွာလဲ။
- တစ္ႏွစ္ေအာက္ကေလးမ်ား
- ဆီးမထိန္းနိုင္ေသးေသာကေလးမ်ား
- ညအိပ္ရာထဲတြင္ ဆီးသြားေသာကေလးမ်ား အျပင္
- အခ်ိဳ႕ေသာ ဆီးမထိန္းေသာ လူၾကီးမ်ားတြင္ပါ အသံုးျပဳနိုင္ေပသည္။
Diaper အမ်ိဳးအစားေတြ ဘာေတြရွိလဲ။
- တစ္ခါသံုး Diaper
- ေလွ်ာ္နိုင္ေသာ အဝတ္ Diaper ဆုိျပီးရွိပါတယ္။
ဘယ္အမ်ိဳးအစားကို သံုးရမွာလဲ။
သံုးရမယ့္ အမ်ိဳးအစားကေတာ့ သံုးတဲ့မိသားစု အေျခအေနေပၚပဲ အဓိကမူတည္ပါတယ္။
- ျပန္ေလွ်ာ္နုိင္တဲ့ အမ်ိဳးအစားကေတာ့ ေရရွည္ ေငြကုန္ေၾကးက်သက္သာမယ္။ စြန္႔ပစ္ရတာမဟုတ္ေတာ့ ပတ္ဝန္းက်င္ထိခိုက္မႈနည္းမယ္ေပါ့။ ဒါေပမယ့္ ေလွ်ာ္ရမယ့္ ဒုကၡေတာ့ရွိေသးတာေပါ့။
- တစ္ခါသံုးကေတာ့ ရွင္းပါတယ္။ လဲလို႔လြယ္၊ သံုးျပီးရင္လည္း သြားပစ္လိုက္ရံုသာ။ အလုပ္ရူပ္သက္သာတယ္။ ဒါေပမယ့္ ကေလးဆီးသြားတဲ့အၾကိမ္ မ်ားေလ လဲေပးရတဲ့ ပစၥည္းပိုကုန္ေလ၊ ေငြကုန္ေၾကးက်မ်ားတာေပါ့။
- တစ္ခ်ိဳ႕မိဘေတြကေတာ့ အျပင္သြားတဲ့အခါ၊ အိပ္ရာဝင္တဲ့အခါမွာ ေလာက္ပဲ တစ္ခါသံုး သံုးၾကျပီး က်န္အခ်ိန္ေတြမွာ ေလွ်ာ္သံုးတဲ့ Diaper ကို သံုးတာမ်ိဳးလဲရွိပါတယ္။
Diaper ကို ဘယ္လိုေရြးခ်ယ္ရမလဲ။
ဒါကေတာ့ အျခားပစၥည္းေတြ ေရြးခ်ယ္ဝယ္ယူသလိုပဲေပါ့။ သို႔ေသာ္ ႏူးညံ့ငယ္ရြယ္တဲ့ကေလးအတြက္ ဆိုတာ သတိထားမိရင္ ရပါျပီ။
အဓိကေတာ့
- ဓာတ္ပစၥည္းပါဝင္မႈ
- ေဈးႏႈန္းခ်ိဳသာမႈ
- ေပ်ာ့ေျပာင္းမႈ
- စုပ္ယူအားေကာင္းမႈ ေပၚမူတည္ျပီးေရြးခ်ယ္ရပါမယ္။
အခ်ိဳ႕ေသာ ေသးခံေတြမွာ အနံ႔၊ ဓာတ္ပစၥည္းေတြပါတတ္ျပီး မိမိကေလးႏွင့္ တည့္မတည့္ အရင္ေလ့လာရမယ္။ မိမိကေလးနွင့့္ ေတာ္မေတာ္ကိုေရာေပါ့။ ဒါမွ ယိုစိမ့္က်တာေတြ၊ ကၽြတ္ထြက္တာေတြ နည္းျပီး ကေလးလည္း ေနလို႔ထိုင္လို႔ ေကာင္းမွာေပါ့။
ေစ်းကေတာ့ မိမိ မိသားစု ဝင္ေငြနဲ႔လည္းအဆင္ေျပ၊ အရည္အေသြးေကာင္းတဲ့ပစၥည္းလည္းျဖစ္ရင္ အေကာင္းဆံုးေပါ့။ ေဈးၾကီးတိုင္းလည္း အဆင္မေျပတတ္သလို၊ ေဈးေပါေပမယ့္ အဆင္ေျပတာေတြလည္းရွိပါတယ္။ ေသခ်ာေရြးခ်ယ္ပါ။
ေပ်ာ့ေျပာင္းမႈက ႏူးညံ့တဲ့ ကေလးအသားအေရအတြက္ ျဖစ္ျပီး စုပ္ယူအားေကာင္းမွလည္း ေျခာက္ေသြ႔ေစျပီး ပိုးမႊားေပါက္ပြားေရာဂါရမႈနည္းကာ သံုးရအဆင္ေျပမွာပါ။
ဒါေၾကာင့္ မိမိကေလးအတြက္ အေကာင္းဆံုး ေရြးခ်ယ္ဝယ္ယူတတ္ၾကဖို႔ ေျပာျပလိုက္တယ္ေနာ္။
ရီခ်ိဳ (ေဆး ၁)