mydoctor-top-telemedicine

All Articlesဆီးချိုရောဂါအထွေထွေရောဂါများ

Diagnosis of Diabetes Mellitus

1 Mins read

ဆီးမှာပုရွက်ဆိတ်တက်တာ ဆီးချိုရောဂါရှိနေလို့လား?

” ဒီအိမ်မှာ တစ်ယောက်ယောက်တော့ ဆီးချိုဖြစ်နေပြီထင်တယ် ”

” ဟင်…ဘာလို့လဲ ဒေါ်ဒေါ်ရဲ့? ”

” မနက်က အိမ်သာသွားတော့ အိမ်သာထဲမယ်…ရေလောင်းဖို့ ကျန်နေခဲ့တဲ့ ဆီးတွေကို ပုရွက်ဆိတ်တွေတက်နေတာတွေ့လို့…ဘယ်သူလဲတော့မသိဘူး….ဧည့်သည်လည်းလာတာမတွေ့တော့..အိမ်သားထဲက တစ်ယောက်ယောက်ပဲဖြစ်မယ်ဆိုပြီး…တစ်အိမ်လုံး ဆီးချိုစစ်ကြည့်ရင်ကောင်းမလားလို့ ”

” ဟုတ်လား?သမီးတလောကတင် စစ်ပေးထားတယ်လေ…မေေမေရော ဒေါ်ဒေါ်ရော….ကိုကိုကြီးတို့ မမကြီးတို့ရော…အကုန်ပုံမှန်ပါပဲ….အဲ…ကြီးမေတော့ကျန်သေးတယ်…အဲ့နေ့က အပ်ကုန်သွားတာနဲ့ ကြီးမေစစ်ဖို့ကျန်သွားတာရယ် …အင်း…ကြီးမေက နဂိုတည်းက သတိမေ့တတ်တဲ့သူဆိုတော့ အိမ်သာရေလောင်းဖို့မေ့သွားတာနေမယ် …..မဖြစ်ဘူး မဖြစ်ဘူး….ကြီးမေကို စစ်ပေးဦးမှပဲ ”

” ဒေါ်ဒေါ်လည်း ကြားဖူးနားဝရှိလို့သာပြောရတာ….ပုံမှန်လူတွေဆီးကျ ပုရွက်ဆိတ်မတက်ဘဲ ဆီးချိုသမားရဲ့ဆီးကိုမှ ဘာလို့ပုရွက်ဆိတ်ကရွေးတက်ရတာလဲ? ချိုလို့လား? ”

” အင်းပေါ့ဒေါ်ဒေါ်ရဲ့…အလွယ်ပြောရရင်….ဆီးချိုဆိုတာ သွေးထဲမှာ သကြားဓာတ်များတဲ့ုပြသနာလေ….ဆီးဆိုတာလည်း သွေးကမှတစ်ဆင့် ဖြစ်လာတာ….ဆိုတော့…ဆီးထဲမှာလည်း သကြားဓာတ်တွေ များနေတော့…အချိုကြိုက်တဲ့ ပုရွက်ဆိတ်တွေနဲ့ကွက်တိပေါ့”

” ဒီလိုဆို သမီးရဲ့ကြီးမေကို စစ်ပေးလိုက်ပါဦး…စောစောစီးစီးသိရတော့လည်း ဆေးလေးဘာလေးကြိုတိုက်ထားရတာပေါ့….တလောက ဒေါ်ဒေါ်တို့ကိုစစ်ပေးသလို လက်ထိပ်ကို အပ်လေးနဲ့ဖောက်ပြီး စစ်တာမျိုးစစ်ကြည့်တာမျိုးပဲလုပ်မှာလား? ”

” အင်း… လက်ထိပ်ကို အပ်လေးနဲ့ဖောက်ပြီး စစ်တာကတော့အလွယ်ဆုံးပေါ့။အိမ်မှာလည်း စက်ရှိနေတော့ အဲ့ဒါလေးနဲ့ပဲ အရင်စစ်ကြည့်လိုက်ဦးမယ်…ပိုသေချာတာကတော့ ဓာတ်ခွဲခန်းမှာ သွေးဖောက်ပြီး စစ်ဆေးတဲ့နည်းက ပိုသေချာတယ်။”

” ပြောရင်းဆိုရင်း ဒေါ်ဒေါ်တောင် ဆီးချိုဖြစ်မှာ ကြောက်လာပြီ ”

” ဒေါ်ဒေါ်ကတော့ မပူပါနဲ့… တလောက ဆီးချိုအဖြေလည်းကောင်းတယ်….အခြား ဆီးချိုလက္ခဏာတွေ၊ ဆီးချိုဖြစ်နိုင်ချေတွေလည်း မရှိသလောက်ပဲဆိုတော့….”

” ဆီးချိုလက္ခဏာဆိုတာ ခုလို ဆီးကို ပုရွက်ဆိတ်တက်တာမျိုးလား? အဲ့လိုမျိုးတော့ မဖြစ်ဖူးဘူး။ ”

” အင်း…အဲ့ဒါလည်းပါတယ်။ ပြလေ့ရှိတဲ့ လက္ခဏာတွေက

  • ရေခဏခဏဆာမယ်
  • ဗိုက်ခဏခဏဆာမယ်…ခုပဲစားပြီးရုံရှိသေး ခနနေ ဗိုက်ထပ်ဆာတာမျိုး
  • ပါးစပ်တွေ အာခေါင်တွေခြောက်မယ်
  • ဆီးခဏခဏသွားမယ်
  • ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာတွေဖြစ်တဲ့ ဆီးပူဆီးကျင်မကြာခဏဆိုသလို ဖြစ်မယ်
  • လူကနုံးနေမယ်၊ပင်ပန်းလွယ်မယ်
  • အမြင်တွေဝေဝါးလာမယ်
  • ခေါင်းကိုက်မယ်
  • ခုနကဒေါ်ဒေါ်ပြောတဲ့ ဆီးကို ပုရွက်ဆိတ်တက်မယ်… ဒီလက္ခဏာတွေပေါ့ “

” သြော်..ဒါဆို သမီးခုနကပြောတဲ့ ဆီးချိုဖြစ်နိုင်ချေအကြောင်းအချက်တွေဆိုတာကရော? ”

” ဒီလိုလေ….ဆီးချိုရောဂါက

  • အဝလွန်သူတွေ
  • လှုပ်ရှားမှုသိပ်မရှိဘဲ အထိုင်များသူတွေ
  • မိသားစုမျိုးရိုးထဲ ဆီးချိုရှိသူတွေ
  • ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုတက်ဖူးတဲ့သူတွေ….

ဒီလိုအကြောင်းအချက်တွေ ရှိနေရင် ဖြစ်နိုင်ချေပိုများတာကို ဆိုလိုတာပါ။သိတဲ့အတိုင်းပဲလေ….အိမ်ကလူတွေက အကုန်လုံးက စလင်းဘော်ဒီ (slim body)တွေ…ဝတဲ့သူဆိုလို့ ကြီးမေတစ်ယောက်လောက်ရှိတာ….ဒေါ်ဒေါ်ဆို အညောင်းထိုင်ဖို့နေနေသာသာ တစ်ချက်လေးမှ အငြိမ်မနေ…..အိမ်ရှေ့နဲ့ နောက်ဖေး အလုပ်တွေ ဇယ်ဆက်သလို လုပ်နေတာ…ဘယ်ကလာဆီးချိုဖြစ်နိုင်မှာလဲ?အသက် ၄၅ ကျော်လာရင် ဆီးချိုဖြစ်တဲ့သူများလာလို့သာ သမီးက သေချာအောင် အိမ်ကလူကြီးတွေကို စစ်ပေးထားတာရယ်…။ တစ်ခုပဲ…မျိုးရိုး….ခု ကြီးမေက ဆီးချိုလက္ခဏာစပြနေပြီဆိုတော့…. သွေးစစ်တဲ့အဖြေတော့ တစ်ချက်စောင့်ကြည့်ရဦးမယ်။

အားလုံးခြုံကြည့်လိုက်ရင်တော့ ဒေါ်ဒေါ့်မှာတော့ ဆီးချိုဖြစ်နိုင်ချေ အတော်လေးနည်းပါတယ်။ ”

” ခုမှပဲ ရှင်းတော့တယ် …ငါ့တူမဆရာဝန်မလေးရှိလို့သာတော်တော့တယ်….ကျန်းမာပါစေ ချမ်းသာပါစေကွယ် ”

ဒေါ်ဒေါ် ဆုတွေတစ်သီတစ်တန်းကြီးပေးနေတုန်း…မေတစ်ယောက်တော့ ဆီးချိုစက်ပြေးယူပြီး ကြီးမေအခန်းရှိရာသို့ သုတ်ခြေတင်ရလေတော့သည်….

မေ (ဆေး ၂)

ဆီးမွာပုရြက္ဆိတ္တက္တာ ဆီးခ်ိဳေရာဂါ႐ွိေနလို႔လား?

” ဒီအိမ္မွာ တစ္ေယာက္ေယာက္ေတာ့ ဆီးခ်ိဳျဖစ္ေနၿပီထင္တယ္ ”

” ဟင္…ဘာလို႔လဲ ေဒၚေဒၚရဲ႕? ”

” မနက္က အိမ္သာသြားေတာ့ အိမ္သာထဲမယ္…ေရေလာင္းဖို႔ က်န္ေနခဲ့တဲ့ ဆီးေတြကို ပုရြက္ဆိတ္ေတြတက္ေနတာေတြ႔လို႔…ဘယ္သူလဲေတာ့မသိဘူး….ဧည့္သည္လည္းလာတာမေတြ႔ေတာ့..အိမ္သားထဲက တစ္ေယာက္ေယာက္ပဲျဖစ္မယ္ဆိုၿပီး…တစ္အိမ္လံုး ဆီးခ်ိဳစစ္ၾကည့္ရင္ေကာင္းမလားလို႔ ”

” ဟုတ္လား?သမီးတေလာကတင္ စစ္ေပးထားတယ္ေလ…ေမေေမေရာ ေဒၚေဒၚေရာ….ကိုကိုႀကီးတို႔ မမႀကီးတို႔ေရာ…အကုန္ပံုမွန္ပါပဲ….အဲ…ႀကီးေမေတာ့က်န္ေသးတယ္…အဲ့ေန႔က အပ္ကုန္သြားတာနဲ႔ ႀကီးေမစစ္ဖို႔က်န္သြားတာရယ္ …အင္း…ႀကီးေမက နဂိုတည္းက သတိေမ့တတ္တဲ့သူဆိုေတာ့ အိမ္သာေရေလာင္းဖို႔ေမ့သြားတာေနမယ္ …..မျဖစ္ဘူး မျဖစ္ဘူး….ႀကီးေမကို စစ္ေပးဦးမွပဲ ”

” ေဒၚေဒၚလည္း ျကားဖူးနားဝ႐ွိလို႔သာေျပာရတာ….ပံုမွန္လူေတြဆီးက် ပုရြက္ဆိတ္မတက္ဘဲ ဆီးခ်ိဳသမားရဲ႕ဆီးကိုမွ ဘာလို႔ပုရြက္ဆိတ္ကေရြးတက္ရတာလဲ? ခ်ိဳလို႔လား? ”

” အင္းေပါ့ေဒၚေဒၚရဲ႕…အလြယ္ေျပာရရင္….ဆီးခ်ိဳဆိုတာ ေသြးထဲမွာ သၾကားဓာတ္မ်ားတဲ့ုျပသနာေလ….ဆီးဆိုတာလည္း ေသြးကမွတစ္ဆင့္ ျဖစ္လာတာ….ဆိုေတာ့…ဆီးထဲမွာလည္း သၾကားဓာတ္ေတြ မ်ားေနေတာ့…အခ်ိဳႀကိဳက္တဲ့ ပုရြက္ဆိတ္ေတြနဲ႔ကြက္တိေပါ့”

” ဒီလိုဆို သမီးရဲ႕ႀကီးေမကို စစ္ေပးလိုက္ပါဦး…ေစာေစာစီးစီးသိရေတာ့လည္း ေဆးေလးဘာေလးၿကိဳတိုက္ထားရတာေပါ့….တေလာက ေဒၚေဒၚတို႔ကိုစစ္ေပးသလို လက္ထိပ္ကို အပ္ေလးနဲ႔ေဖာက္ၿပီး စစ္တာမ်ိဳးစစ္ၾကည့္တာမ်ိဳးပဲလုပ္မွာလား? ”

” အင္း… လက္ထိပ္ကို အပ္ေလးနဲ႔ေဖာက္ၿပီး စစ္တာကေတာ့အလြယ္ဆံုးေပါ့။အိမ္မွာလည္း စက္႐ွိေနေတာ့ အဲ့ဒါေလးနဲ႔ပဲ အရင္စစ္ၾကည့္လိုက္ဦးမယ္…ပိုေသခ်ာတာကေတာ့ ဓာတ္ခြဲခန္းမွာ ေသြးေဖာက္ၿပီး စစ္ေဆးတဲ့နည္းက ပိုေသခ်ာတယ္။”

” ေျပာရင္းဆိုရင္း ေဒၚေဒၚေတာင္ ဆီးခ်ိဳျဖစ္မွာ ေၾကာက္လာၿပီ ”

” ေဒၚေဒၚကေတာ့ မပူပါနဲ႔… တေလာက ဆီးခ်ိဳအေျဖလည္းေကာင္းတယ္….အျခား ဆီးခ်ိဳလကၡဏာေတြ၊ ဆီးခ်ိဳျဖစ္ႏိုင္ေခ်ေတြလည္း မ႐ွိသေလာက္ပဲဆိုေတာ့….”

” ဆီးခ်ိဳလကၡဏာဆိုတာ ခုလို ဆီးကို ပုရြက္ဆိတ္တက္တာမ်ိဳးလား? အဲ့လိုမ်ိဳးေတာ့ မျဖစ္ဖူးဘူး။ ”

” အင္း…အဲ့ဒါလည္းပါတယ္။ ျပေလ့႐ွိတဲ့ လကၡဏာေတြက

  • ေရခဏခဏဆာမယ္
  • ဗိုက္ခဏခဏဆာမယ္…ခုပဲစားၿပီးရံု႐ွိေသး ခနေန ဗိုက္ထပ္ဆာတာမ်ိဳး
  • ပါးစပ္ေတြ အာေခါင္ေတြေျခာက္မယ္
  • ဆီးခဏခဏသြားမယ္
  • ဆီးလမ္းေၾကာင္းပိုးဝင္တဲ့ လကၡဏာေတြျဖစ္တဲ့ ဆီးပူဆီးက်င္မၾကာခဏဆိုသလို ျဖစ္မယ္
  • လူကႏံုးေနမယ္၊ပင္ပန္းလြယ္မယ္
  • အျမင္ေတြေဝဝါးလာမယ္
  • ေခါင္းကိုက္မယ္
  • ခုနကေဒၚေဒၚေျပာတဲ့ ဆီးကို ပုရြက္ဆိတ္တက္မယ္… ဒီလကၡဏာေတြေပါ့ “

” ေျသာ္..ဒါဆို သမီးခုနကေျပာတဲ့ ဆီးခ်ိဳျဖစ္ႏိုင္ေခ်အေၾကာင္းအခ်က္ေတြဆိုတာကေရာ? ”

” ဒီလိုေလ….ဆီးခ်ိဳေရာဂါက

  • အဝလြန္သူေတြ
  • လွုပ္ရွားမွုသိပ္မရွိဘဲ အထိုင္မ်ားသူေတြ
  • မိသားစုမ်ိဳး႐ိုးထဲ ဆီးခ်ိဳ႐ွိသူေတြ
  • ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဆီးခ်ိဳတက္ဖူးတဲ့သူေတြ….

ဒီလိုအေၾကာင္းအခ်က္ေတြ ႐ွိေနရင္ ျဖစ္ႏိုင္ေခ်ပိုမ်ားတာကို ဆိုလိုတာပါ။သိတဲ့အတိုင္းပဲေလ….အိမ္ကလူေတြက အကုန္လံုးက စလင္းေဘာ္ဒီ (slim body)ေတြ…ဝတဲ့သူဆိုလို့ ႀကီးေမတစ္ေယာက္ေလာက္႐ွိတာ….ေဒၚေဒၚဆို အေညာင္းထိုင္ဖို့ေနေနသာသာ တစ္ခ်က္ေလးမွ အၿငိမ္မေန…..အိမ္ေ႐ွ႕နဲ႔ ေနာက္ေဖး အလုပ္ေတြ ဇယ္ဆက္သလို လုပ္ေနတာ…ဘယ္ကလာဆီးခ်ိဳျဖစ္ႏိုင္မွာလဲ?အသက္ ၄၅ ေက်ာ္လာရင္ ဆီးခ်ိဳျဖစ္တဲ့သူမ်ားလာလို႔သာ သမီးက ေသခ်ာေအာင္ အိမ္ကလူႀကီးေတြကို စစ္ေပးထားတာရယ္…။ တစ္ခုပဲ…မ်ိဳး႐ိုး….ခု ႀကီးေမက ဆီးခ်ိဳလကၡဏာစျပေနၿပီဆိုေတာ့…. ေသြးစစ္တဲ့အေျဖေတာ့ တစ္ခ်က္ေစာင့္ၾကည့္ရဦးမယ္။

အားလံုးျခံဳၾကည့္လိုက္ရင္ေတာ့ ေဒၚေဒၚ့မွာေတာ့ ဆီးခ်ိဳျဖစ္ႏိုင္ေခ် အေတာ္ေလးနည္းပါတယ္။ ”

” ခုမွပဲ ႐ွင္းေတာ့တယ္ …ငါ့တူမဆရာဝန္မေလး႐ွိလို႔သာေတာ္ေတာ့တယ္….က်န္းမာပါေစ ခ်မ္းသာပါေစကြယ္ ”

ေဒၚေဒၚ ဆုေတြတစ္သီတစ္တန္းႀကီးေပးေနတုန္း…ေမတစ္ေယာက္ေတာ့ ဆီးခ်ိဳစက္ေျပးယူျပီး ႀကီးေမအခန္း႐ွိရာသိဳ့ သုတ္ေျခတင္ရေလေတာ့သည္….

ေမ (ေဆး ၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *