ဆီးချို နဲ့ ထုံကျင်နာ
ဆီးချိုဝေဒနာသည်တွေမှာ ခြေထိပ်၊လက်ထိပ်တွေ ထုံတာ၊ကျင်တာတွေ ဖြစ်တတ်တာ ကြားဖူးကြမှာပါ။ဒီလို ဖြစ်ရတာဟာ သွေးတွင်းသကြားဓာတ် မြင့်တက်ပြီး သွေးကြောနဲ့ အာရုံကြောလေးတွေ ပျက်စီးလို့ပဲ ဖြစ်ပါတယ်။
သွေးကြောနဲ့ အာရုံကြောအသေးဆုံးလေးတွေက စပြီးပျက်စီးလာတာကြောင့် ခြေထိပ်၊လက်ထိပ်လေးတွေကစပြီး ထုံတာ၊ကျင်တာ၊နာတာတွေ ဖြစ်လာရတာပါ။
အဲ့ဒါကြောင့် မိမိ နဲ့ မိမိဆွေမျိုးသားချင်းတွေမှာ ဆီးချိုဝေဒနာ ခံစားရသူရှိမယ်ဆိုရင် ခြေချောင်း၊လက်ချောင်းလေးတွေကို ဂရုစိုက်ရပါမယ်။
-နေ့စဉ် ခြေချောင်း၊လက်ချောင်းလေးတွေမှာ အနာရှိမရှိ စစ်ဆေးပါ။
-ခြေဗလာနဲ့ လမ်းလျှောက်ခြင်း ရှောင်ကြဉ်ပါ။
-ခြေသည်း၊လက်သည်းလေးတွေ ညှပ်ရာမှာ သေချာဂရုစိုက် ညှပ်ပေးသင့်ပါတယ်။
-ခြေချောင်းလေးတွေ၊ခြေထိပ်လေးတွေမှာ အနာရှိရင် မပေါ့ပါနဲ့။ပိုးဝင်လွယ်တာကြောင့် နေ့စဉ်ဆေးထည့်ခြင်း ပြုလုပ်သင့်ပါတယ်။
-တစ်ကိုယ်ရည် သန့်ရှင်းရေး ဂရုစိုက်ပါ။
-သက်တောင့်သက်သာရှိတဲ့ ဖိနပ်မျိုး ရွေးချယ်ပါ။
-သန်ရှင်းတဲ့ ခြေအိတ်၊လက်အိတ်များ စွပ်ထားနိုင်ပါတယ်။
-ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
ခြေချောင်း၊လက်ချောင်းလေးတွေ ဂရုစိုက်ဖို့အပြင် အရေးကြီးတဲ့ အချက်ကတော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသပြီး သွေးတွင်းသကြားဓာတ် ထိန်းဖို့လိုအပ်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခုပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည် (ဆေး ၂)