All Articlesဆီးချိုရောဂါအထွေထွေရောဂါများ

သွေးချို ဆီးချိုနဲ့ မျိုးရိုး ဗီဇ

1 Mins read

သွေးချို ဆီးချိုနဲ့ မျိုးရိုး ဗီဇ

သွေးချို ဆီးချိုသည် လူမျိုးဘာသာမရွေး ၊အသက်အရွယ်နဲ့ ဆင်းရဲချမ်းသာမရွေး တောရော မြို့ပါမချန် ဖြစ်တတ်ပါတယ် ။တစ်စ တစ်စနဲ့ လူနေမှုပုံစံပြောင်း
လဲလာမှုတို့ကြောင့် ကမ္ဘာမှာသာမက မြန်မာမှာပါ သွေးချို ဆီးချို ဖြစ်ပွားနှုန်းမြင့်တက်
လျက်ရှိပါတယ် ။

စစ်တမ်းများအရတော့ ကမ္ဘာမှာ ၁၀စက္ကန့်တိုင်း လူ ၂ဦး သွေးချို ဆီးချိုရောဂါ ဖြစ်ပွားနေပြီး စက္ကန့် ၃၀တိုင်းတွင် လူ ၁ဦး သွေးချို ဆီးချိုကြောင့် မသန်မစွမ်း
ဖြစ်လျက်ရှိပါတယ် ။မြန်မာနိုင်ငံမှာတော့ ရန်ကုန်တိုင်းဒေသကြီးမှာ အဖြစ်ပွားဆုံးဖြစ်ပြီးသွေးချို ဆီးချိုရောဂါသည်တွေရဲ့ ၁၈.၂ရာခိုင်နှုန်းခန့် ရှိပါတယ် ။

အခုလို အဖြစ်များလှတဲ့ သွေးချို ဆီးချိုရောဂါသည် မိမိတို့ အဖေ ၊အမေ ၊ဦးလေး ၊အဒေါ်တွေမှာ ဖြစ်ရင် မိမိမှာကော ဖြစ်မှာလား ၊ဒါမှမဟုတ် မိမိမှာ ရှိ
နေရင်ရော မိမိရဲ့ ညီအစ်ကို မောင်နှမ ၊ကလေးတွေမှာရော ဖြစ်မှာလားလို့ သိချင်ကြမယ်နဲ့ တူပါတယ် ။

ဦးစွာ ပထမ သွေးချို ဆီးချို ရောဂါ အမျိုးအစား ၂ခု ရှိကြောင်း အရင်ရှင်းပြချင်ပါတယ် ။သွေးချို ဆီးချို အမျိုးအစား ၁ သည် အင်ဆူလင်ထိုးဆေး လိုပါတယ်။ အမျိုးအစား ၂ကတော့ အများအားဖြင့် သောက်ဆေးပဲ လိုတတ်ပါတယ် ။အမျိုးအစား၁ သည် အသက်ငယ်ငယ်တွေမှာ ပိုမို ဖြစ်ပွားတတ်ပါတယ် ။အမျိုးအစား ၂ကတော့ အသက်ကြီးမှ ဖြစ်တတ်ပြီး မျိုးရိုးမှာရှိလျှင် ပိုဖြစ်တတ်ပါတယ် ။သွေးချို ဆီးချို အမျိုးအစား ၁ ရဲ့ ဖြစ်ပွားနိုင်ချေ

-သင့်မှာ သွေးချို ဆီးချို အမျိုးအစား ၁ရှိနေရင် ၊သင်က အမျိုးသားဆိုရင် သင့်ကလေး မှာ ဖြစ်နိုင်ချေသည် ၁၇ယောက်မှာ ၁ယောက်နှုန်း ဖြစ်ပွားနိုင်ပါတယ် ။အကယ်၍ သင်က အမျိုးသမီးဆိုရင် အသက်က ၂၅နှစ်မပြည့်သေးရင် သင့်ကလေးမှာ ဖြစ်နိုင်ချေသည် ၂၅ယောက်မှာ ၁ယောက်နှုန်း ၊အသက် ၂၅နှစ်ပြည့်ပြီးဖြစ်ရင် သင့်ကလေးမှာ ဖြစ်နိုင် ချေသည် ၁၀၀မှာ ၁ယောက်နှုန်းဖြစ်ပါတယ် ။

– အကယ်၍ သင့်မှာ သွေးချို ဆီးချိုရောဂါကို အသက်၁၁နှစ်မတိုင်ခင်ကတည်းက ခံစား ခဲ့ရက သင့်ကလေးမှာ ဖြစ်နိုင်ချေသည် ၂ဆ တက်လာပါလိမ့်မယ် ။
-သင်ရော သင့် အိမ်ထောင်ဖက်မှာပါ သွေးချို ဆီးချို ရှိနေက ကလေးမှာ ဖြစ်နိုင်ချေ သည် ၁၀ယောက်မှာ ၁ယောက်နှုန်း ဖြစ်နိုင်ချေရှိပါတယ် ။
-နိုင်ငံခြား သုတေသီများရဲ့ ရှာဖွေထားချက်အရ သင့်မှာ HLA DR3 နဲ့ HLA DR4 ဆို တဲ့ မျိုးရိုးဗီဇများပါခဲ့ရင် သင့်ကလေးမှာ သွေးချို ဆီးချို ဖြစ်နိုင်ချေသည် သူများထက် ပိုများပါတယ် ။ဒါ့အပြင် နိုင်ငံရပ်ခြားတိုင်းပြည်များမှာတော့ သွေးချို ဆီးချို အမျိုးအစား ၁ ရှိ ၊မရှိ ကြိုတင်သိနိုင်အောင် အင်ဆူလင်ကို ပြန်လည်တိုက်ထုတ်တဲ့ ပဋိပစ္စည်းများ ကို စစ်ဆေးလို့ရပါတယ် ။

သွေးချို ဆီးချို အမျိုးအစား ၂ ရဲ့ ဖြစ်ပွားနိုင်ချေ

-ဒီဆီးချို သွေးချို အမျိုးအစားကတော့ မျိုးရိုးထဲမှာ ရှိရင် ပိုဖြစ်တတ်ပါတယ် ။ဘာဖြစ် လို့လဲဆိုရင် ကလေးငယ်တွေဟာ လူကြီးတွေရဲ့ မကောင်းတဲ့ လူနေမှုအလေ့အကျင့် တွေကို လေ့လာသင်ယူပြီး တတ်မြောက်သွားလို့ပါ ။ဥပမာ-ကိုယ်လက်လှုပ်ရှားမှုနည်း ခြင်း ၊အဆီအဆိမ့်များ အစားများလာခြင်း စတာတွေပဲ ဖြစ်ပါတယ် ။

-ဒါ့အပြင် မျိုးရိုးဗီဇကလည်း အခန်းကဏ္ဍတစ်ခုကနေ အကျိုးသက်ရောက်မှု ရှိပါသေး တယ် ။

ခေတ်သစ်ဇီဝက

ေသြးခ်ိဳ ဆီးခ်ိိဳနဲ႕ မ်ိိဳးရိိုး ဗီဇ

သြးခ်ိိဳ ဆီးခ်ိိဳသည္ လူမ်ိဳးဘာသာမေရြး ၊အသက္အရြယ္နဲ႕ ဆင္းရဲခ်မ္းသာမေရြး ေတာေရာ ျမိဳ႕ပါမခ်န္ ျဖစ္တတ္ပါတယ္ ။တစ္စ တစ္စနဲ႕ လူေနမႈပုံစံေျပာင္း
လဲလာမႈတို႕ေႀကာင့္ ကမၻာမွာသာမက ျမန္မာမွာပါ ေသြးခ်ိိဳ ဆီးခ်ိဳ ျဖစ္ပြားႏႈန္းျမင့္တက္
လ်က္ရွိပါတယ္ ။

စစ္တမ္းမ်ားအရေတာ့ ကမၻာမွာ ၁၀စကၠန္႕တိုင္း လူ ၂ဦး ေသြးခ်ိိဳ ဆီးခ်ိဳေရာဂါ ျဖစ္ပြားေနျပီး စကၠန္႕ ၃၀တိုင္းတြင္ လူ ၁ဦး ေသြးခ်ိဳ ဆီးခ်ိဳေႀကာင့္ မသန္မစြမ္း
ျဖစ္လ်က္ရွိပါတယ္ ။ျမန္မာႏိုင္ငံမွာေတာ့ ရန္ကုန္တိုင္းေဒသႀကီးမွာ အျဖစ္ပြားဆုံးျဖစ္ျပီးေသြးခ်ိဳ ဆီးခ်ိိဳေရာဂါသည္ေတြရဲ႕ ၁၈.၂ရာခိုင္ႏႈန္းခန္႕ ရွိပါတယ္ ။

အခုလို အျဖစ္မ်ားလွတဲ့ ေသြးခ်ိဳ ဆီးခ်ိိဳေရာဂါသည္ မိမိတို႕ အေဖ ၊အေမ ၊ဦးေလး ၊အေဒၚေတြမွာ ျဖစ္ရင္ မိမိမွာေကာ ျဖစ္မွာလား ၊ဒါမွမဟုတ္ မိမိမွာ ရွိ
ေနရင္ေရာ မိမိရဲ႕ ညီအစ္ကို ေမာင္ႏွမ ၊ကေလးေတြမွာေရာ ျဖစ္မွာလားလို႕ သိခ်င္ႀကမယ္နဲ႕ တူပါတယ္ ။

ဦးစြာ ပထမ ေသြးခ်ိဳ ဆီးခ်ိဳ ေရာဂါ အမ်ိဳးအစား ၂ခု ရွိေႀကာင္း အရင္ရွင္းျပခ်င္ပါတယ္ ။ေသြးခ်ိဳ ဆီးခ်ိဳ အမ်ိိဳးအစား ၁ သည္ အင္ဆူလင္ထိုးေဆး လိုပါတယ္
။ အမ်ိဳးအစား ၂ကေတာ့ အမ်ားအားျဖင့္ ေသာက္ေဆးပဲ လိုတတ္ပါတယ္ ။အမ်ိဳးအစား၁ သည္ အသက္ငယ္ငယ္ေတြမွာ ပိုမို ျဖစ္ပြားတတ္ပါတယ္ ။အမ်ိဳးအစား ၂ကေတာ့ အသက္ႀကီးမွ ျဖစ္တတ္ျပီး မ်ိဳးရိုးမွာရွိလွ်င္ ပိုျဖစ္တတ္ပါတယ္ ။ေသြးခ်ိဳ ဆီးခ်ိဳ အမ်ိိဳးအစား ၁ ရဲ႕ ျဖစ္ပြားႏိုင္ေခ်

-သင့္မွာ ေသြးခ်ိဳ ဆီးခ်ိဳ အမ်ိိဳးအစား ၁ရွိေနရင္ ၊သင္က အမ်ိဳးသားဆိုရင္ သင့္ကေလး မွာ ျဖစ္ႏို္င္ေခ်သည္ ၁၇ေယာက္မွာ ၁ေယာက္ႏႈန္း ျဖစ္ပြားႏိုင္ပါတယ္ ။အကယ္၍ သင္က အမ်ိိဳးသမီးဆိုရင္ အသက္က ၂၅ႏွစ္မျပည့္ေသးရင္ သင့္ကေလးမွာ ျဖစ္ႏိုင္ေခ်သည္ ၂၅ေယာက္မွာ ၁ေယာက္ႏႈန္း ၊အသက္ ၂၅ႏွစ္ျပည့္ျပီးျဖစ္ရင္ သင့္ကေလးမွာ ျဖစ္ႏိုင္ ေခ်သည္ ၁၀၀မွာ ၁ေယာက္ႏႈန္းျဖစ္ပါတယ္ ။

– အကယ္၍ သင့္မွာ ေသြးခ်ိိဳ ဆီးခ်ိဳေရာဂါကို အသက္၁၁ႏွစ္မတို္င္ခင္ကတည္းက ခံစား ခဲ့ရက သင့္ကေလးမွာ ျဖစ္ႏိုင္ေခ်သည္ ၂ဆ တက္လာပါလိမ့္မယ္ ။
-သင္ေရာ သင့္ အိမ္ေထာင္ဖက္မွာပါ ေသြးခ်ိိဳ ဆီးခ်ိိဳ ရွိေနက ကေလးမွာ ျဖစ္ႏိုင္ေခ် သည္ ၁၀ေယာက္မွာ ၁ေယာက္ႏႈန္း ျဖစ္ႏိုင္ေခ်ရွိပါတယ္ ။
-ႏိုင္ငံျခား သုေတသီမ်ားရဲ႕ ရွာေဖြထားခ်က္အရ သင့္မွာ HLA DR3 နဲ႕ HLA DR4 ဆို တဲ့ မ်ိဳးရိုးဗီဇမ်ားပါခဲ့ရင္ သင့္ကေလးမွာ ေသြးခ်ိဳ ဆီးခ်ိဳ ျဖစ္ႏိုင္ေခ်သည္ သူမ်ားထက္ ပုိမ်ားပါတယ္ ။ဒါ့အျပင္ ႏိုင္ငံရပ္ျခားတိုင္းျပည္မ်ားမွာေတာ့ ေသြးခ်ိဳ ဆီးခ်ိဳ အမ်ိဳးအစား ၁ ရွိ ၊မရွိ ႀကိဳတင္သိႏိုင္ေအာင္ အင္ဆူလင္ကို ျပန္လည္တိုက္ထုတ္တဲ့ ပဋိပစၥည္းမ်ား ကို စစ္ေဆးလို႕ရပါတယ္ ။

ေသြးခ်ိဳ ဆီးခ်ိဳ အမ်ိိဳးအစား ၂ ရဲ႕ ျဖစ္ပြားႏိုင္ေခ်

-ဒီဆီးခ်ိိဳ ေသြးခ်ိဳ အမ်ိိဳးအစားကေတာ့ မ်ိဳးရိုးထဲမွာ ရွိရင္ ပိုျဖစ္တတ္ပါတယ္ ။ဘာျဖစ္ လို႕လဲဆိုရင္ ကေလးငယ္ေတြဟာ လူႀကီးေတြရဲ႕ မေကာင္းတဲ့ လူေနမႈအေလ့အက်င့္ ေတြကို ေလ့လာသင္ယူျပီး တတ္ေျမာက္သြားလို႕ပါ ။ဥပမာ-ကိုယ္လက္လႈပ္ရွားမႈနည္း ျခင္း ၊အဆီအဆိမ့္မ်ား အစားမ်ားလာျခင္း စတာေတြပဲ ျဖစ္ပါတယ္ ။

-ဒါ့အျပင္ မ်ိဳးရိုးဗီဇကလည္း အခန္းက႑တစ္ခုကေန အက်ိဳးသက္ေရာက္မႈ ရွိပါေသး တယ္ ။

ေခတ္သစ္ဇီ၀က

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *