ကလေးငယ်များနှင့် ပုံမှန်ကြီးထွားဖွံ့ဖြိုးမှု အပိုင်း (၃) အသက် ၂နှစ်မှ ၅နှစ်အရွယ်အထိ

ဒီတစ်ခါမှာ နောက်ဆုံးအပိုင်းအနေနဲ့ အသက် ၂နှစ်ကျော်မှ ၅နှစ်အရွယ်အထိ ကလေးများရဲ့ဖွံ့ဖြိုးမှုအကြောင်းကို တင်ပြချင်ပါတယ်။

“ဒုတိယမ္ပိ ဟက်ပီဘတ်ဒေးအကျော်မှာ”

အသက်၂နှစ်ကျော်လာတဲ့အခါမှာ ကလေးငယ်ဟာ မိမိကိုယ်ကို နဲ့ မိမိပတ်ဝန်းကျင်ကို အတော်အတန်သိရှိလာပါပြီ။ ခန္ဓာကိုယ် ကြံခိုင်မှုအနေနဲ့ မိဘသို့မဟုတ်လှေကားလက်ရမ်းရဲ့အကူအညီနဲ့ လှေကားတစ်ထစ်ကို ခြေနှစ်လှမ်း(ဘယ်၊ညာ)အစုံလိုက် တက်တတ်လာပါပြီ။ ဇွန်းကိုအသုံးပြုပြီး အစာကောင်းစွာစားတတ်လာပါပြီ။ ဒါ့အပြင် စာရွက်ပေါ်မှာ ဒေါင်လိုက်မျဉ်းများ ဆွဲပြပါက မျဉ်းကြောင်းပုံတူလိုက်၍ဆွဲခြင်း၊ စာရွက်များလှန်နိုင်ခြင်းတို့ပြုလုပ်နိုင်ပါပြီ။သိတတ်နားလည်နိုင်စွမ်းအနေနဲ့လည်း သားသား/မီးမီးနာမည်ဘယ်လိုခေါ်လဲ မေးရင် ပြန်ဖြေနိုင်ခြင်း ( ကလေးအများစုဟာ ဖြေနိုင်သော်လည်း လူကြောက်၍မဖြေကြသည်ကိုသတိပြုသင့်) ၊ လွယ်ကူသောစကားစုအနည်းငယ်ပြောဆိုလာနိုင်ခြင်း၊ မိမိဝတ်ထားသောအကျီကို မိမိဖာသာချွတ်နိုင်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်လာပါပြီ။

“အသက်သုံးနှစ်မှာ”

ခန္ဓာကိုယ်လှုပ်ရှားမှုအနေနဲ့ အသက် ၃နှစ်အရွယ်မှာ ကလေးငယ်ဟာ လူကြီးတစ်ယောက်လို လှေကား တက်နိုင်လာပါပြီ။ ဒါ့အပြင် “၃နှစ်ကလေး ၃ဘီးပေးစီး” လို့ရပါပြီ။

“ဝလုံးကလေး ဝိုင်းအောင်ရေး မေဆွဲပြမယ် ကူးရေးကွယ်” ဆိုပြီး မေမေဖေဖေတို့က ‘ဝလုံး’ဆွဲပြရင် ပုံတူကူးဆွဲနေနိုင်ပါပြီ (ဝိုင်းစက်နေအောင်တော့မဆွဲနိုင်သေးကြောင်းသတိပြု)။

သိမှတ်နားလည်နိုင်စွမ်းအနေနဲ့ ကောင်းစွာစကားပြောနိုင်လာပြီဖြစ်ပြီး ကျား၊မ မိမိအသက် တို့ကိုကောင်းစွာပြန်ဖြေနိုင်ပါပြီ။

“အသက်ငါးနှစ်မှာ ကျောင်းပျော်လာ”

မောင်ကျောင်းသားလေး၊ မယ်ကျောင်းသူလေးတွေဖြစ်လာကြတဲ့ ငါးနှစ်သားအရွယ်မှာတော့ ခန္ဓာကိုယ်ဟာ ကောင်းစွာကြံ့ခိုင်မှုရှိနေပါပြီ။ စကားကိုလည်း ပီပီသသ၊ သွက်လက်စွာပြောနိုင်ပြီဖြစ်ပြီး သူငယ်ချင်းတွေထားကာ သူ့ရဲ့မိတ်ဆွေအသိုင်းအဝန်းလေးတစ်ခုကို ဖန်တီးလာနိုင်ပြီဖြစ်ပါတယ်။

ဉာဏ်ရည်စွမ်းဆောင်နိုင်စွမ်းအနေနဲ့ မြန်မာ့ရုပ်မြင်သံကြားမှာ အရင်ကထုတ်လွှင့်ခဲ့ဖူးတဲ့ ချစ်စရာ့အရွယ်ကစားကြမယ် အစီအစဉ်မှ ကစားနည်းအတော်များများကို ကစားနိုင်နေပြီလည်း ဖြစ်ပါတယ်။အသက်ငါးနှစ်အရွယ်ဟာ ကလေးငယ် စတင်ပြီးကျောင်းနေတဲ့အရွယ်ဖြစ်တဲ့အတွက် လိမ္မာပြီးစည်းကမ်းတကျနေတတ်ရန် မိဘများက အထူးဂရုစိုက်ပေးရမယ့်အချိန်လည်းဖြစ်ပါတယ်။ အစကောင်းမှအနှောင်းသေချာမယ်ဆိုတဲ့အတိုင်း ငယ်ရွယ်စဉ်ကတည်းက သင်ကြားပြသမှသာ အပေါင်းအသင်းမှားပြီး စိတ်ဓာတ်ပျက်စီးခြင်းကို အနည်းနဲ့အများကာကွယ်လာနိုင်မှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ မွေးကင်းစမှ ငါးနှစ်အရွယ်အထိ ကလေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်းကို သတိပြုနိုင်တဲ့ ဂရုစိုက်ဖွယ်ရာ အသက်အပိုင်းအခြားမိုင်တိုင်များကို တင်ပြလိုပါတယ်။ ဒါတွေကတော့အသက် ၄လအရွယ်တွင် အမေမျက်နှာ၊ စိတ်ဝင်စားဖွယ်အရောင်၊ ကစားစရာတို့ကို လိုက်ပြီးမကြည့်ရှုခြင်း၊ ပြုံးလာအောင် ချော့၍မြှူ၍မရခြင်း

  • အသက်ခြောက်လအရွယ်ထိ ခေါင်းမခိုင်သေးခြင်း
  • အသက်ကိုးလအရွယ်တွင် အမှီအတွယ်ဖြင့်ပင်မထိုင်နိုင်သေးခြင်း
  • အသက်၂နှစ်အရွယ်အထိ ပါပါ၊ မာမာ၊ မမ၊ မေမေ၊ ဖေဖေ အစရှိသောစကားလုံးများကို သင်ပေးသော်လည်းမပြောနိုင်သေးခြင်း
  • အသက်သုံးနှစ်အရွယ်တွင် ကောင်းစွာစကားမပြောနိုင်ခြင်း

စတဲ့အချက်တို့ရှိနေရင်တော့ နားလည်တတ်ကျွမ်းသော ကလေးအထူးကုဆရာဝန်များနှင့်ပြသသင့်ပါကြောင်း။

မေတ္တာဖြင့်

စိုင်းမြတ်သူ

ကေလးငယ္မ်ားႏွင့္ ပံုမွန္ႀကီးထြားဖြံ႔ၿဖိဳးမႈ အပိုင္း (၃) အသက္ ၂ႏွစ္မွ ၅ႏွစ္အရြယ္အထိ

ဒီတစ္ခါမွာ ေနာက္ဆံုးအပိုင္းအေနနဲ႔ အသက္ ၂ႏွစ္ေက်ာ္မွ ၅ႏွစ္အရြယ္အထိ ကေလးမ်ားရဲ႕ဖြံ႔ၿဖိဳးမႈအေၾကာင္းကို တင္ျပခ်င္ပါတယ္။

“ဒုတိယမၸိ ဟက္ပီဘတ္ေဒးအေက်ာ္မွာ”

အသက္၂ႏွစ္ေက်ာ္လာတဲ့အခါမွာ ကေလးငယ္ဟာ မိမိကိုယ္ကို နဲ႔ မိမိပတ္ဝန္းက်င္ကို အေတာ္အတန္သိ႐ွိလာပါၿပီ။ ခႏၶာကိုယ္ ၾကံခိုင္မႈအေနနဲ႔ မိဘသို႔မဟုတ္ေလွကားလက္ရမ္းရဲ႕အကူအညီနဲ႔ ေလွကားတစ္ထစ္ကို ေျခႏွစ္လွမ္း(ဘယ္၊ညာ)အစံုလိုက္ တက္တတ္လာပါၿပီ။ ဇြန္းကိုအသံုးျပဳၿပီး အစာေကာင္းစြာစားတတ္လာပါၿပီ။ ဒါ့အျပင္ စာရြက္ေပၚမွာ ေဒါင္လိုက္မ်ဥ္းမ်ား ဆြဲျပပါက မ်ဥ္းေၾကာင္းပံုတူလိုက္၍ဆြဲျခင္း၊ စာရြက္မ်ားလွန္ႏိုင္ျခင္းတို႔ျပဳလုပ္ႏိုင္ပါၿပီ။သိတတ္နားလည္ႏိ္ုင္စြမ္းအေနနဲ႔လည္း သားသား/မီးမီးနာမည္ဘယ္လိုေခၚလဲ ေမးရင္ ျပန္ေျဖႏိုင္ျခင္း ( ကေလးအမ်ားစုဟာ ေျဖႏိုင္ေသာ္လည္း လူေၾကာက္၍မေျဖၾကသည္ကိုသတိျပဳသင့္) ၊ လြယ္ကူေသာစကားစုအနည္းငယ္ေျပာဆိုလာႏိုင္ျခင္း၊ မိမိဝတ္ထားေသာအက်ီကို မိမိဖာသာခြၽတ္ႏိုင္ျခင္းတို႔ကိုလည္း ျပဳလုပ္ႏိုင္လာပါၿပီ။

“အသက္သံုးႏွစ္မွာ”

ခႏၶာကိုယ္လႈပ္႐ွားမႈအေနနဲ႔ အသက္ ၃ႏွစ္အရြယ္မွာ ကေလးငယ္ဟာ လူႀကီးတစ္ေယာက္လို ေလွကား တက္ႏိုင္လာပါၿပီ။ ဒါ့အျပင္ “၃ႏွစ္ကေလး ၃ဘီးေပးစီး” လို႔ရပါၿပီ။

“ဝလံုးကေလး ဝိုင္းေအာင္ေရး ေမဆြဲျပမယ္ ကူးေရးကြယ္” ဆိုၿပီး ေမေမေဖေဖတို႔က ‘ဝလံုး’ဆြဲျပရင္ ပံုတူကူးဆြဲေနႏိုင္ပါၿပီ (ဝိုင္းစက္ေနေအာင္ေတာ့မဆြဲႏိုင္ေသးေၾကာင္းသတိျပဳ)။

သိမွတ္နားလည္ႏိုင္စြမ္းအေနနဲ႔ ေကာင္းစြာစကားေျပာႏိုင္လာၿပီျဖစ္ၿပီး က်ား၊မ မိမိအသက္ တို႔ကိုေကာင္းစြာျပန္ေျဖႏိုင္ပါၿပီ။

“အသက္ငါးႏွစ္မွာ ေက်ာင္းေပ်ာ္လာ”

ေမာင္ေက်ာင္းသားေလး၊ မယ္ေက်ာင္းသူေလးေတြျဖစ္လာၾကတဲ့ ငါးႏွစ္သားအရြယ္မွာေတာ့ ခႏၶာကိုယ္ဟာ ေကာင္းစြာၾကံ့ခိုင္မႈ႐ွိေနပါၿပီ။ စကားကိုလည္း ပီပီသသ၊ သြက္လက္စြာေျပာႏိုင္ၿပီျဖစ္ၿပီး သူငယ္ခ်င္းေတြထားကာ သူ႔ရဲ႕မိတ္ေဆြအသိုင္းအဝန္းေလးတစ္ခုကို ဖန္တီးလာႏိုင္ၿပီျဖစ္ပါတယ္။

ဥာဏ္ရည္စြမ္းေဆာင္ႏိုင္စြမ္းအေနနဲ႔ ျမန္မာ့႐ုပ္ျမင္သံၾကားမွာ အရင္ကထုတ္လႊင့္ခဲ့ဖူးတဲ့ ခ်စ္စရာ့အရြယ္ကစားၾကမယ္ အစီအစဥ္မွ ကစားနည္းအေတာ္မ်ားမ်ားကို ကစားႏိုင္ေနၿပီလည္း ျဖစ္ပါတယ္။အသက္ငါးႏွစ္အရြယ္ဟာ ကေလးငယ္ စတင္ၿပီးေက်ာင္းေနတဲ့အရြယ္ျဖစ္တဲ့အတြက္ လိမၼာၿပီးစည္းကမ္းတက်ေနတတ္ရန္ မိဘမ်ားက အထူးဂ႐ုစိုက္ေပးရမယ့္အခ်ိန္လည္းျဖစ္ပါတယ္။ အစေကာင္းမွအေႏွာင္းေသခ်ာမယ္ဆိုတဲ့အတိုင္း ငယ္ရြယ္စဥ္ကတည္းက သင္ၾကားျပသမွသာ အေပါင္းအသင္းမွားၿပီး စိတ္ဓာတ္ပ်က္စီးျခင္းကို အနည္းနဲ႔အမ်ားကာကြယ္လာႏိုင္မွာျဖစ္ပါတယ္။

နိဂံုးခ်ဳပ္အေနနဲ႔ ေမြးကင္းစမွ ငါးႏွစ္အရြယ္အထိ ကေလးငယ္ရဲ႕ ဖြံ႔ၿဖိဳးတိုးတက္မႈေနာက္က်ျခင္းကို သတိျပဳႏိုင္တဲ့ ဂရုစိုက္ဖြယ္ရာ အသက္အပိုင္းအျခားမိုင္တိုင္မ်ားကို တင္ျပလိုပါတယ္။ ဒါေတြကေတာ့အသက္ ၄လအရြယ္တြင္ အေမမ်က္ႏွာ၊ စိတ္ဝင္စားဖြယ္အေရာင္၊ ကစားစရာတို႔ကို လိုက္ၿပီးမၾကည့္႐ႈျခင္း၊ ျပံဳးလာေအာင္ ေခ်ာ့၍ျမႇဴ၍မရျခင္း

  • အသက္ေျခာက္လအရြယ္ထိ ေခါင္းမခိုင္ေသးျခင္း
  • အသက္ကိုးလအရြယ္တြင္ အမွီအတြယ္ျဖင့္ပင္မထိုင္ႏိုင္ေသးျခင္း
  • အသက္၂ႏွစ္အရြယ္အထိ ပါပါ၊ မာမာ၊ မမ၊ ေမေမ၊ ေဖေဖ အစ႐ွိေသာစကားလံုးမ်ားကို သင္ေပးေသာ္လည္းမေျပာႏိုင္ေသးျခင္း
  • အသက္သံုးႏွစ္အရြယ္တြင္ ေကာင္းစြာစကားမေျပာႏိုင္ျခင္း

စတဲ့အခ်က္တို႔႐ွိေနရင္ေတာ့ နားလည္တတ္ကြၽမ္းေသာ ကေလးအထူးကုဆရာဝန္မ်ားႏွင့္ျပသသင့္ပါေၾကာင္း။

ေမတၱာျဖင့္

စိုင္းျမတ္သူ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *