ကလေးငယ်များနှင့် ပုံမှန်ကြီးထွားဖွံ့ဖြိုးမှု ( အပိုင်း ၁ – မွေးကင်းစမှ ခြောက်လအထိ)
ကလေးငယ်ကြီးထွားဖွံ့ဖြိုးမှုဟုဆိုလိုက်လျှင် လူအများက ကလေးငယ်၏ကိုယ်အလေးချိန် မည်မျှပိုလာသည်၊ အရပ်မည်မျှရှည်လာသည်ကိုသာ တွေးမိကြပေမည်။ ထိုသည်မှာကြီးထွားမှုဖြစ်သည်။ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှု မတူညီ ဟူသည့်အချက်ကို သိရှိထားသင့်ပေသည်။
ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှု ဘာတွေကွာသလဲ ?
ကြီးထွားမှုဆိုသည်မှာ ခန္ဓာကိုယ်ရှိဆဲလ် (cells) ကလာပ်စည်းများ ပွားများလာပြီး ရုပ်ပိုင်းဆိုင်ရာကြီးထွားလာခြင်းကို ဆိုလိုသည်။
ဖွံ့ဖြိုးမှုဆိုသည်မှာ အာရုံကြောစံနစ်ရင့်သန်လာခြင်းကြောင့် ခန္ဓာကိုယ်လုပ်ဆောင်ချက်များ ပိုမိုများပြားဖွံ့ဖြိုးတိုးတက်လာခြင်းကို ဆိုလိုသည်။
ကြီးထွားမှုနှေးကွေးပါက မြင်သာထင်သာဖြစ်သောကြောင့် မိဘများက ပို၍သတိထားတတ်ကြသော်လည်း ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေပါက အလွန်နောက်ကျမှသိရတတ်သောကြောင့် မလိုလားအပ်သောဆိုးကျိုးများ ဖြစ်စေတတ်ပါသည်။
ကြီးထွားမှု
မွေးကင်းစကလေးငယ်တစ်ယောက်သည် ပုံမှန်အားဖြင့် ကိုယ်အလေးချိန် ၅ပေါင်ခွဲမှ ၉ပေါင်အတွင်းရှိတတ်ပါသည်။ မွေးစမှ တစ်ပတ်၊ ဆယ်ရက်အတွင်း ကလေးငယ်၏ ကိုယ်အလေးချိန် ကျသွားတတ်ပြီး နောက်ပိုင်းမှ ပြန်လည်တက်လာမည်ဖြစ်ပါသည်။
အကြမ်းဖျင်းအားဖြင့် ကလေးငယ်အသက် သုံးလပြည့်တွင် မွေးစကထက် ကိုယ်အလေးချိန် နှစ်ဆတက်လာသင့်ပြီး အသက်ခြောက်လတွင် နှစ်ဆခွဲခန့်၊ အသက်တစ်နှစ်ပြည့်တွင် သုံးဆခန့် ပိုများလာသင့်ပါသည်။
ဖွံ့ဖြိုးတိုးတက်မှု မိုင်တိုင်များ
မွေးကင်းစမှ အသက်သုံးလအတွင်း စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအားဖြင့် ကလေးငယ်သည်
- အမေ့မျက်နှာကို လိုက်လံကြည့်ရှုနေခြင်း
- စိတ်ဝင်စားဖွယ် အသံတစ်ခုခုကြားလျှင် အမူအယာတစ်မျိုးပြောင်းသွားခြင်း
- ပစ္စည်းကလေးတွေကို လက်ထဲတွင်ဖမ်းဆုပ်ထားတတ်ခြင်း
- မြှူလိုက်လျှင် ပြန်လည်ပြုံးပြတတ်ခြင်း တို့ရှိနေသင့်ပါသည်။
အာရုံကြောစံနစ်ကြံ့ခိုင်မှုဖွံ့ဖြိုးတိုးတက်လာခြင်းအနေဖြင့်လည်း အသက်သုံးလပြည့်ပြီးနောက်ပိုင်းတွင် ကလေးငယ်၏ ဦးခေါင်းကို ကိုင်ထားစရာမလိုဘဲ မတ်မတ်ထူနေနိုင်ခြင်းဖြင့် သိနိုင်ပါသည်။
မိခင်အနေဖြင့်လည်း
- ကလေးငယ်နှင့်အတူရှိနေသည့်အခါ ချစ်ခင်ယုယမှုကိုပြခြင်း
- ကလေးငယ်အား စကားပြောပေးခြင်း
- ကလူ၏သို့ မြှူ၏သို့ဖြင့် မိသားစုဝင်များနှင့် ပတ်ဝန်းကျင်အား စိတ်ဝင်စားလာအောင်ပြုလုပ်ပေးခြင်း တို့ဖြင့် ပံ့ပိုးရပါမည်။
အသက်လေးလမှ ခြောက်လအတွင်း
- မှောက်ခုံမှပက်လက်၊ ပက်လက်မှမှောက်ခုံ အနေအထားပြောင်းတတ်လာခြင်း
- သဘောကျသည့်ပစ္စည်းများကို လှမ်းယူခြင်း
- အကူအညီဖြင့်ထိုင်နိုင်လာခြင်း
- အသံလာရာဘက်သို့ အသေအချာလိုက်ကြည့်ခြင်း
- ပါးစပ်အတွင်းသို့ အရာဝတ္ထုများထည့်တတ်လာခြင်း
- စကားလုံးမပီသသည့်အသံများ စတင်ပြောလာခြင်း
စသည့်တိုးတက်မှုများကိုတွေ့ရှိရမည်ဖြစ်ပါသည်။
မိခင်အနေဖြင့်လည်း
- ကလေးအား ထိုင်နိုင်ရန်ကူညီပေးခြင်း
- ကလေးအားစကားပြောပေးပြီး (ဘဘ၊ မမ အစရှိသော) လွယ်ကူသောအသံများ ပြောလာနိုင်အောင်ကူညီပေးခြင်း စသည်တို့ဖြင့် ပံ့ပိုးပေးရပါမည်။
ဖွံ့ဖြိုးမှုနောက်ကျနှေးကွေးခြင်းရဲ့လက္ခဏာတွေအနေနဲ့ကတော့
အကယ်၍ ကလေးငယ်သည် အသက်ခြောက်လအရွယ်အထိ
- လက်လှမ်းမီရာပစ္စည်းများကိုယူရန် ကြိုးစားခြင်းမရှိလျှင်
- မိခင်ကို ချစ်ခင်တွယ်တာမှုမပြလျှင်
- မြှူသောအသံကို တုန့်ပြန်မှုမပြုလျှင်
- မှောက်ခုံ၊ ပက်လက် အနေအထားပြောင်းတတ်မှုမရှိလျှင်
- ရယ်ခြင်းပြုံးခြင်းမရှိလျှင်
- ခန္ဓာကိုယ်တောင့်တင်းလွန်းလျှင်၊ ပျော့ခွေနေလွန်းလျှင်တော့ ဖွံ့ဖြိုးမှုနှေးကွေးခြင်းရှိနေနိုင်တဲ့အတွက် ကလေးဆရာဝန်နှင့် ပြသသင့်ပါသည်ဟု အကြံပြုရင်း
ဆက်ပါဦးမည်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ကေလးငယ္မ်ားႏွင့္ ပံုမွန္ႀကီးထြားဖြံ႔ၿဖိဳးမႈ ( အပိုင္း ၁ – ေမြးကင္းစမွ ေျခာက္လအထိ)
ကေလးငယ္ႀကီးထြားဖြံ႔ၿဖိဳးမႈဟုဆိုလိုက္လ်ွင္ လူအမ်ားက ကေလးငယ္၏ကိုယ္အေလးခ်ိန္ မည္မ်ွပိုလာသည္၊ အရပ္မည္မ်ွ႐ွည္လာသည္ကိုသာ ေတြးမိၾကေပမည္။ ထိုသည္မွာႀကီးထြားမႈျဖစ္သည္။ ႀကီးထြားမႈႏွင့္ ဖြံ႔ၿဖိဳးမႈ မတူညီ ဟူသည့္အခ်က္ကို သိ႐ွိထားသင့္ေပသည္။
ႀကီးထြားမႈႏွင့္ ဖြံ႔ၿဖိဳးမႈ ဘာေတြကြာသလဲ ?
ႀကီးထြားမႈဆိုသည္မွာ ခႏၶာကိုယ္႐ွိဆဲလ္ (cells) ကလာပ္စည္းမ်ား ပြားမ်ားလာၿပီး ႐ုပ္ပိုင္းဆိုင္ရာႀကီးထြားလာျခင္းကို ဆိုလိုသည္။
ဖြံ႔ၿဖိဳးမႈဆိုသည္မွာ အာရံုေၾကာစံနစ္ရင့္သန္လာျခင္းေၾကာင့္ ခႏၶာကိုယ္လုပ္ေဆာင္ခ်က္မ်ား ပိုမိုမ်ားျပားဖြံ႔ၿဖိဳးတိုးတက္လာျခင္းကို ဆိုလိုသည္။
ႀကီးထြားမႈေႏွးေကြးပါက ျမင္သာထင္သာျဖစ္ေသာေၾကာင့္ မိဘမ်ားက ပို၍သတိထားတတ္ၾကေသာ္လည္း ဖြံ႔ၿဖိဳးတိုးတက္မႈ ေႏွာင့္ေႏွးေနပါက အလြန္ေနာက္က်မွသိရတတ္ေသာေၾကာင့္ မလိုလားအပ္ေသာဆိုးက်ိဳးမ်ား ျဖစ္ေစတတ္ပါသည္။
ႀကီးထြားမႈ
ေမြးကင္းစကေလးငယ္တစ္ေယာက္သည္ ပံုမွန္အားျဖင့္ ကိုယ္အေလးခ်ိန္ ၅ေပါင္ခြဲမွ ၉ေပါင္အတြင္း႐ွိတတ္ပါသည္။ ေမြးစမွ တစ္ပတ္၊ ဆယ္ရက္အတြင္း ကေလးငယ္၏ ကိုယ္အေလးခ်ိန္ က်သြားတတ္ၿပီး ေနာက္ပိုင္းမွ ျပန္လည္တက္လာမည္ျဖစ္ပါသည္။
အၾကမ္းဖ်င္းအားျဖင့္ ကေလးငယ္အသက္ သံုးလျပည့္တြင္ ေမြးစကထက္ ကိုယ္အေလးခ်ိန္ ႏွစ္ဆတက္လာသင့္ၿပီး အသက္ေျခာက္လတြင္ ႏွစ္ဆခြဲခန္႔၊ အသက္တစ္ႏွစ္ျပည့္တြင္ သံုးဆခန္႔ ပိုမ်ားလာသင့္ပါသည္။
ဖြံ႔ၿဖိဳးတိုးတက္မႈ မိုင္တိုင္မ်ား
ေမြးကင္းစမွ အသက္သံုးလအတြင္း စိတ္ပိုင္းဆိုင္ရာဖြံ႔ၿဖိဳးမႈအားျဖင့္ ကေလးငယ္သည္
- အေမ့မ်က္ႏွာကို လိုက္လံၾကည့္႐ႈေနျခင္း
- စိတ္ဝင္စားဖြယ္ အသံတစ္ခုခုၾကားလွ်င္ အမူအယာတစ္မ်ိဳးေျပာင္းသြားျခင္း
- ပစၥည္းကေလးေတြကို လက္ထဲတြင္ဖမ္းဆုပ္ထားတတ္ျခင္း
- ျမႇဴလိုက္လ်ွင္ ျပန္လည္ျပံဳးျပတတ္ျခင္း တို႔႐ွိေနသင့္ပါသည္။
အာရံုေၾကာစံနစ္ၾကံ့ခိုင္မႈဖြံ႔ၿဖိဳးတိုးတက္လာျခင္းအေနျဖင့္လည္း အသက္သံုးလျပည့္ၿပီးေနာက္ပိုင္းတြင္ ကေလးငယ္၏ ဦးေခါင္းကို ကိုင္ထားစရာမလိုဘဲ မတ္မတ္ထူေနႏိုင္ျခင္းျဖင့္ သိႏိုင္ပါသည္။
မိခင္အေနျဖင့္လည္း
- ကေလးငယ္ႏွင့္အတူ႐ွိေနသည့္အခါ ခ်စ္ခင္ယုယမႈကိုျပျခင္း
- ကေလးငယ္အား စကားေျပာေပးျခင္း
- ကလူ၏သို႔ ျမႇဴ၏သို႔ျဖင့္ မိသားစုဝင္မ်ားႏွင့္ ပတ္ဝန္းက်င္အား စိတ္ဝင္စားလာေအာင္ျပဳလုပ္ေပးျခင္း တို႔ျဖင့္ ပ့ံပိုးရပါမည္။
အသက္ေလးလမွ ေျခာက္လအတြင္း
- ေမွာက္ခံုမွပက္လက္၊ ပက္လက္မွေမွာက္ခံု အေနအထားေျပာင္းတတ္လာျခင္း
- သေဘာက်သည့္ပစၥည္းမ်ားကို လွမ္းယူျခင္း
- အကူအညီျဖင့္ထိုင္ႏိုင္လာျခင္း
- အသံလာရာဘက္သို႔ အေသအခ်ာလိုက္ၾကည့္ျခင္း
- ပါးစပ္အတြင္းသို႔ အရာဝတၳဳမ်ားထည့္တတ္လာျခင္း
- စကားလံုးမပီသသည့္အသံမ်ား စတင္ေျပာလာျခင္း
စသည့္တိုးတက္မႈမ်ားကိုေတြ႔႐ွိရမည္ျဖစ္ပါသည္။
မိခင္အေနျဖင့္လည္း
- ကေလးအား ထိုင္ႏိုင္ရန္ကူညီေပးျခင္း
- ကေလးအားစကားေျပာေပးၿပီး (ဘဘ၊ မမ အစ႐ွိေသာ) လြယ္ကူေသာအသံမ်ား ေျပာလာႏိုင္ေအာင္ကူညီေပးျခင္း စသည္တို႔ျဖင့္ ပံ့ပိုးေပးရပါမည္။
ဖြံ႔ၿဖိဳးမႈေနာက္က်ေႏွးေကြးျခင္းရဲ႕လကၡဏာေတြအေနနဲ႔ကေတာ့
အကယ္၍ ကေလးငယ္သည္ အသက္ေျခာက္လအရြယ္အထိ
- လက္လွမ္းမီရာပစၥည္းမ်ားကိုယူရန္ ႀကိဳးစားျခင္းမ႐ွိလ်ွင္
- မိခင္ကို ခ်စ္ခင္တြယ္တာမႈမျပလ်ွင္
- ျမႇဴေသာအသံကို တုန္႔ျပန္မႈမျပဳလ်ွင္
- ေမွာက္ခံု၊ ပက္လက္ အေနအထားေျပာင္းတတ္မႈမ႐ွိလ်ွင္
- ရယ္ျခင္းျပံဳးျခင္းမ႐ွိလ်ွင္
- ခႏၶာကိုယ္ေတာင့္တင္းလြန္းလ်ွင္၊ ေပ်ာ့ေခြေနလြန္းလ်ွင္ေတာ့ ဖြံ႔ၿဖိဳးမႈေႏွးေကြးျခင္း႐ွိေနႏိုင္တဲ့အတြက္ ကေလးဆရာဝန္ႏွင့္ ျပသသင့္ပါသည္ဟု အၾကံျပဳရင္း
ဆက္ပါဦးမည္။
ေမတၱာျဖင့္
စိုင္းျမတ္သူ