” Detox water “
ဒီခေါင်းစဉ်လေးကိုစိတ်ဝင်စားနေတာတော်တော်ကြာပါပြီ အဲ့ဒါကြောင့် detox water နဲ့ပတ်သက်ပြီးစာတွေတော်တော်များများရှာဖတ်ခဲ့တယ်
detox water ဆိုတာကတော့ လွယ်လွယ်ရှင်းပြရရင်
လူ့ခန္ဓာကိုယ်မှာ တစ်နေ့နဲ့တစ်နေ့ လူတွေက စားချင်တာတွေစားကြတယ် သုံးချင်တဲ့ပစ္စည်းတွေကိုသုံးစွဲကြတယ် မိတ်ကပ် နှုတ်ခမ်းနီကစလို့ စီးကရက် အရက်အထိ အစုံပေါ့နော် တစ်နည်းအားဖြင့် ခန္ဓာကိုယ်ကိုဒုက္ခပေးမယ့်အဆိပ်အတောက်တွေပါပဲ
အဲ့ဒီအဆိပ်အတောက်တွေကို ခန္ဓာကိုယ်မှာရှိတဲ့အသည်း ကျောက်ကပ်တို့က ချေဖျက်ပြီး စွန့်ထုတ်ပေးပါတယ်
Detox water မှာ antioxidants တွေအများကြီးပါပါတယ် အဲ့ဒီ antioxidants တွေက အဆိပ်အတောက်တွေ ချေဖျက်စွန့်ထုတ်ရာမှာ အကူအညီပေးပါတယ်
Detox water မှာ ပါဝင်ပစ္စည်းတိတိကျကျမရှိပါဘူး
မိမိလိုအပ်ချက်နဲ့ သောက်နိုင်တဲ့ အသီးအရွက်ပေါ်မူတည်ပြီးလုပ်ရုံပါပဲ
Detox water မှာပါဝင်တဲ့ molecules လေးတွေက သေးငယ်တဲ့အတွက် အူကလွယ်လွယ် စုပ်ယူနိုင်တယ် အဲ့ဒီအတွက် ရလဒ်က ချက်ချင်းသိသာပါတယ်
အသားအရေလှလာမယ် ဆီးဝမ်းမှန်လာမယ် နေရတာ ပေါ့ပါးလန်းဆန်း လာပါလိမ့်မယ်
Detox water အမျိုးအစားပေါင်း ၅၀ ကျော်ကမှ အကောင်းဆုံးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်
1)Weight ကျချင်သူများ
(a)သခွားသီး, သံပုရာသီး, ပင်စိမ်း, ဂျင်း
(b)ပင်စိမ်းမကြိုက်သူများကတော့ ဂျင်း, လိမ္မော်သီး, သခွားသီး, သံပရိုသီး နဲ့သံပုရာသီး တို့ကို သင့်တင့်လျောက်ပတ်သလိုထည့်ပြီး သောက်သုံးနိုင်ပါတယ်
2)အသားအရည်လှပချင်သူများအတွက်
ကတော့ ပန်းသီး, စတော်ဘယ်ရီ, ပင်စိမ်း, သစ်ကြပိုးခေါက်နဲ့ သံပုရာသီးတို့ကို သင့်တင့်လျောက်ပတ်သလိုထည့်ပြီး သောက်သုံးနိုင်ပါတယ်
3)ပုံမှန်လန်းဆန်းတက်ကြွချင်သူများအတွက်ကတော့
နံနတ်သီး, လိမ္မော်သီး, ဂျင်း ဒါမှမဟုတ် သံပရိုသီး, ဖရဲသီးနဲ့, ပင်စိမ်းတို့ကို သင့်တင့်လျောက်ပတ်သလိုထည့်ပြီး သောက်သုံးနိုင်ပါတယ်
4)လေပွတတ်သူတွေအတွက်ကတော့ သခွားသီးနဲ့လိမ္မော်သီးတို့ကို သင့်တင့်လျောက်ပတ်သလိုထည့်ပြီး သောက်သုံးနိုင်ပါတယ်
ရိုးရိုးရေသောက်လိုက် Detox water သောက်လိုက်နဲ့ တစ်နေကုန်သောက်ရမှာပါ ရေကုန်သွားရင် အဲ့ဒီပုလင်းထဲကိုပဲ ရေအသစ်ပြန်ပြန်ဖြည့်ပြီးသောက်ရုံပါပဲ။
ရေခဲတုံးထည့်ပြီးသော်လည်းကောင်း ရေခဲသေတ္တာထဲ ထည့်ပြီးသော်လည်းကောင်း ထားပြီး သောက်နိုင်ပါတယ်။
အသီးအရွက်တွေကို နှစ်ရက်တစ်ခါ အသစ်လဲပေးပြီး ညဘက်ဆိုရင် ရေခဲသေတ္တာထဲထည့်ပြီး သိမ်းပေးရမှာပါ။
အချိန်ဘယ်လောက်သောက်ရမလဲဆိုရင်တော့ သတ်မှတ်ချက်မရှိပါဘူး။
ဖြည့်စွက်အဟာရလို့သဘောထားပြီးသောက်ရမှာပါ 🙂
အကျိုးကျေးဇူးတွေက တစ်ယောက်နဲ့တစ်ယောက်မတူတဲ့အတွက် ကိုယ့်အတွက်အကျိုးရှိတယ် သိသာတယ်ဆိုရင် ဆက်သောက်နေရုံပါပဲ။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
ရွှန်းလဲ့ (ဆေး ၂ )