ပယောဂ ပြုစားတာတဲ့!!
အမျိုးသမီးလေးတစ်ယောက်ရဲ့ ဇာတ်လမ်းပါ။ အပျိုအရွယ်လေး၊ ဗိုက်ကြီး ပူပူလာတယ်၊ အရပ်က ကဲ့ရဲ့ကြတယ်။ နောက်တော့ ဆေးရုံရောက်တယ်။ ခွဲစိတ်လိုက်တဲ့ အလုံးက ဆံပင်တွေရော၊ သွားတွေရော၊ အဆီဖုတွေရော ပါနေတယ်။ ပြုစားခံရတယ်၊ ဘယ်ကလာတယ်၊ ညာကလာတယ် စသည်ဖြင့်ပေါ့လေ။
ပယောဂ ဟုတ်မဟုတ် မဖြေရှင်းလိုပေမယ့် ဆေးပညာအရ ဒီလို အလုံးအကျိတ်ကို ဘယ်လိုခေါ်တယ်၊ ဘာကြောင့်ဖြစ်တယ်ဆိုတာလေးတော့ သိထားသင့်ပါတယ်။ ဒီလို အလုံးအကျိတ်တွေဟာ သားဥအိမ်အတွင်းက ဆဲလ်တွေ ဖောက်ပြန်ပြောင်းလဲလို့ ဖြစ်လာရတဲ့ အလုံးတွေ ဖြစ်ပါတယ် သားဥအိမ်ဆိုတော့ သန္ဓေသား ဖြစ်စေနိုင်တဲ့ ဆဲလ်တွေ ပါတဲ့အတွက် သူတို့ ဖောက်ပြန်ပျက်စီးတဲ့အခါ အလုံးအကျိတ်ထဲမှာ ဆံပင်တွေရော၊ လက်သည်းခြေသည်းတွေရော၊ သွားတွေရော၊ အဆီဥတွေရော မျိုးစုံ ပါလာတာပါ။ ဒါကိုပဲ ပြုစားတယ် ထင်ခံရတာပါ။ ဒီအကျိတ်ကို ထုတ်ပြီးရင် လူကောင်းပကတိပါပဲ။ ရှက်စရာလည်း မလိုသလို ကြောက်စရာလည်း မလိုပါဘူး။ ကင်ဆာလုံး ဖြစ်နိုင်ခြေ ရှိပေမယ့် အလွန်နည်းပါတယ်။
ဒီတော့ ဗိုက်ပူလာရင် ရှက်ကြောက်မနေပဲ
၁။ အမျိုးသမီးရောဂါ ဆရာဝန်နဲ့ ပြသပါ
၂။ အာထရာဆောင်း ခေါ် အသံလှိုင်းဓာတ်မှန် ရိုက်ပါ
၃။ လိုအပ်လို့ ခွဲထုတ်ရမယ်ဆို ခွဲထုတ်လိုက်ပါ။
ပယောဂလည်း မဟုတ်သလို ပြုစားတာလည်း မဟုတ်ပါဘူး။
အမျိုးသမီးတို့ဘဝ လှပပျော်ရွှင်နိုင်ပါစေ။
ပေယာဂ ျပဳစားတာတဲ့!!
အမ်ိဳးသမီးေလးတစ္ေယာက္ရဲ႕ ဇာတ္လမ္းပါ။ အပ်ိဳအ႐ြယ္ေလး၊ ဗိုက္ႀကီး ပူပူလာတယ္၊ အရပ္က ကဲ့ရဲ႕ၾကတယ္။ ေနာက္ေတာ့ ေဆး႐ုံေရာက္တယ္။ ခြဲစိတ္လိုက္တဲ့ အလုံးက ဆံပင္ေတြေရာ၊ သြားေတြေရာ၊ အဆီဖုေတြေရာ ပါေနတယ္။ ျပဳစားခံရတယ္၊ ဘယ္ကလာတယ္၊ ညာကလာတယ္ စသည္ျဖင့္ေပါ့ေလ။
ပေယာဂ ဟုတ္မဟုတ္ မေျဖရွင္းလိုေပမယ့္ ေဆးပညာအရ ဒီလို အလုံးအက်ိတ္ကို ဘယ္လိုေခၚတယ္၊ ဘာေၾကာင့္ျဖစ္တယ္ဆိုတာေလးေတာ့ သိထားသင့္ပါတယ္။ ဒီလို အလုံးအက်ိတ္ေတြဟာ သားဥအိမ္အတြင္းက ဆဲလ္ေတြ ေဖာက္ျပန္ေျပာင္းလဲလို႔ ျဖစ္လာရတဲ့ အလုံးေတြ ျဖစ္ပါတယ္ သားဥအိမ္ဆိုေတာ့ သေႏၶသား ျဖစ္ေစႏိုင္တဲ့ ဆဲလ္ေတြ ပါတဲ့အတြက္ သူတို႔ ေဖာက္ျပန္ပ်က္စီးတဲ့အခါ အလုံးအက်ိတ္ထဲမွာ ဆံပင္ေတြေရာ၊ လက္သည္းေျခသည္းေတြေရာ၊ သြားေတြေရာ၊ အဆီဥေတြေရာ မ်ိဳးစုံ ပါလာတာပါ။ ဒါကိုပဲ ျပဳစားတယ္ ထင္ခံရတာပါ။ ဒီအက်ိတ္ကို ထုတ္ၿပီးရင္ လူေကာင္းပကတိပါပဲ။ ရွက္စရာလည္း မလိုသလို ေၾကာက္စရာလည္း မလိုပါဘူး။ ကင္ဆာလုံး ျဖစ္ႏိုင္ေျခ ရွိေပမယ့္ အလြန္နည္းပါတယ္။
ဒီေတာ့ ဗိုက္ပူလာရင္ ရွက္ေၾကာက္မေနပဲ
၁။ အမ်ိဳးသမီးေရာဂါ ဆရာဝန္နဲ႔ ျပသပါ
၂။ အာထရာေဆာင္း ေခၚ အသံလႈိင္းဓာတ္မွန္ ႐ိုက္ပါ
၃။ လိုအပ္လို႔ ခြဲထုတ္ရမယ္ဆို ခြဲထုတ္လိုက္ပါ။
ပေယာဂလည္း မဟုတ္သလို ျပဳစားတာလည္း မဟုတ္ပါဘူး။
အမ်ိဳးသမီးတို႔ဘဝ လွပေပ်ာ္႐ႊင္ႏိုင္ပါေစ။