စိတ်ဓာတ်ကျခြင်း
ဘဝဆိုတာ အမြဲပျော်ရွှင် အောင်မြင်ခြင်းတွေပဲ ပြည့်နှက်နေမှာ မဟုတ်ပါဘူး။ ဝမ်းနည်းခြင်းတွေ၊ ကျရှုံးခြင်းတွေ၊ ဆုံးရှုံးရခြင်းတွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒီလိုဘဝရဲ့ ခက်ခဲတဲ့ အခိုက်အတန့်တွေကို ရင်ဆိုင်ရချိန်မှာ ‘စိတ်ဓာတ်ကျခြင်း’ ဆိုတဲ့ အဖြစ်များတဲ့ စိတ်ရောဂါတစ်မျိုး ခံစားရနိုင်ပါတယ်။
ယာယီ စိတ်ပျက် ဝမ်းနည်း အားငယ်မှုတွေ ခံစားရရုံနဲ့ စိတ်ဓာတ်ကျရောဂါလို့ အမည်မတပ်နိုင်ပါဘူး။ အောက်ပါ ရောဂါလက္ခဏာတွေ အနည်းဆုံး ၂ပတ်ခန့် ခံစားရမှ စိတ်ဓာတ်ကျ စိတ်ရောဂါဝေဒနာရှင်လို့ သတ်မှတ်ပြီး ကုသဆွေးနွေးမှု ခံယူသင့်ပါတယ်။
. ပြင်းထန်စွာ ဝမ်းနည်းကြေကွဲမှုများ ခံစားရခြင်း
. မည့်သည့်အရာတွင်မဆို စိတ်ဝင်စားမှု မရှိခြင်း
. အိပ်မပျော်ခြင်း (သို့) အလွန်အကျွံ အိပ်ခြင်း
. အာရုံ စူးစိုက်၍မရခြင်း
. မိမိကိုယ် မိမိ အဖိုးမတန်သူဟု ခံစားရခြင်း
. ခံတွင်းပျက်ခြင်း၊ အစာစားလိုစိတ် မရှိခြင်း
. ကူညီသူမဲ့၊ မျှော်လင့်ချက်မဲ့သူဟု ခံစားရခြင်း
. မိမိကိုယ်မိမိ အဆုံးစီရင်ရန် ကြံစည်ခြင်း
စိတ်ဓာတ်ကျရောဂါ ဝေဒနာ ခံစားရပြီဆိုရင် မိသားစု အသိုင်းအဝိုင်း မိတ်ဆွအေပေါင်းအသင်း ချစ်ခင်သူတွေရဲ့ ယုယနွေးထွေးမှု လိုအပ်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန် ပြုလုပ် ခြင်း၊ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်မျှတသော အစားအစာများစားခြင်း၊ အရက်သေစာ ရှောင်ကြဉ်ခြင်း တို့ကလည်း စိတ်ဓာတ်ကျခြင်းရဲ့ ရောဂါ လက္ခဏာတွေ လျော့ပါးစေနိုင်ပါတယ်။ စိတ်ရောဂါအထူးကု ဆရာဝန်နဲ့ ပြသပြီး လိုအပ်ဆေးဝါးများ၊ ကုထုံးများ ဖြင့်လည်း ကုသဖို့ လိုအပ်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)
စိတ္ဓာတ္က်ျခင္း
ဘဝဆိုတာ အျမဲေပ်ာ္ရႊင္ ေအာင္ျမင္ျခင္းေတြပဲ ျပည့္ႏွက္ေနမွာ မဟုတ္ပါဘူး။ ဝမ္းနည္းျခင္းေတြ၊ က်႐ႈံးျခင္းေတြ၊ ဆံုးရံႈးရျခင္းေတြနဲ႔လည္း ရင္ဆ္ိုင္ရႏုိင္ပါတယ္။ ဒီလိုဘဝရဲ႕ ခက္ခဲတဲ့ အခိုက္အတန္႔ေတြကို ရင္ဆိုင္ရခ်ိန္မွာ ‘စိတ္ဓာတ္က်ျခင္း’ ဆိုတဲ့ အျဖစ္မ်ားတဲ့ စိတ္ေရာဂါတစ္မ်ိဳး ခံစားရႏုိင္ပါတယ္။
ယာယီ စိတ္ပ်က္ ဝမ္းနည္း အားငယ္မႈေတြ ခံစားရရံုနဲ႔ စိတ္ဓာတ္က်ေရာဂါလို႔ အမည္မတပ္ႏိုင္ပါဘူး။ ေအာက္ပါ ေရာဂါလကၡဏာေတြ အနည္းဆံုး ၂ပတ္ခန္႔ ခံစားရမွ စိတ္ဓာတ္က် စိတ္ေရာဂါေဝဒနာ႐ွင္လို႔ သတ္မွတ္ၿပီး ကုသေဆြးေႏြးမႈ ခံယူသင့္ပါတယ္။
. ျပင္းထန္စြာ ဝမ္းနည္းေၾကကြဲမႈမ်ား ခံစားရျခင္း
. မည့္သည့္အရာတြင္မဆို စိတ္ဝင္စားမႈ မရိွျခင္း
. အိပ္မေပ်ာ္ျခင္း (သို႔) အလြန္အကြၽံ အိပ္ျခင္း
. အာရံု စူးစိုက္၍မရျခင္း
. မိမိကိုယ္ မိမိ အဖိုးမတန္သူဟု ခံစားရျခင္း
. ခံတြင္းပ်က္ျခင္း၊ အစာစားလိုစိတ္ မ႐ွိျခင္း
. ကူညီသူမဲ့၊ ေမ်ွာ္လင့္ခ်က္မဲ့သူဟု ခံစားရျခင္း
. မိမိကိုယ္မိမိ အဆံုးစီရင္ရန္ ၾကံစည္ျခင္း
စိတ္ဓာတ္က်ေရာဂါ ေဝဒနာ ခံစားရၿပီဆိုရင္ မိသားစု အသိုင္းအဝိုင္း မိတ္ဆြေအေပါင္းအသင္း ခ်စ္ခင္သူေတြရဲ႕ ယုယေႏြးေထြးမႈ လိုအပ္ပါတယ္။ ေလ့က်င့္ခန္း ပံုမွန္ ျပဳလုပ္ ျခင္း၊ ေကာင္းမြန္စြာ အိပ္စက္အနားယူျခင္း၊ က်န္းမာေရးႏွင့္ ညီညြတ္မ်ွတေသာ အစားအစာမ်ားစားျခင္း၊ အရက္ေသစာ ေ႐ွာင္ၾကဥ္ျခင္း တို႔ကလည္း စိတ္ဓာတ္က်ျခင္းရဲ႕ ေရာဂါ လကၡဏာေတြ ေလ်ာ့ပါးေစႏိုင္ပါတယ္။ စိတ္ေရာဂါအထူးကု ဆရာဝန္နဲ႔ ျပသၿပီး လိုအပ္ေဆးဝါးမ်ား၊ ကုထံုးမ်ား ျဖင့္လည္း ကုသဖို႔ လိုအပ္ပါတယ္။
က်န္းမာလွပေသာ ဘဝတစ္ခု ပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္
ပြင့္ရည္(ေဆး၂)