စိတ်ကစဉ့်ကလျားဖြစ်ခြင်းနှင့် Vitamin D ချို့တဲ့ခြင်း
ပညာရှင်များ၏ လေ့လာဆန်းသက်မှုအရ ကမ္ဘာနှင့်တဝှမ်းမှာ လူဦးရေ ၁ ဘီလီယံခန့်ဟာ Vitamin D ချို့တဲ့မှုကို ခံစားနေရတယ်လို့ဆိုပါတယ်။ အထူးသဖြင့် အီကွေတာနှင့် ဝေးသော ၊ အေးခဲသော ဒေသတွင် နေထိုင်ကြသူများ၊ အဝလွန်သူများ၊ အသဲရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါ၊ ကျောက်ကပ်ရောဂါ ရှိသူများ၊ အီကွေတာနှင့် နီးသော်လည်း အသားအလွန်မည်းသူများ မှာ Vitamin D ချို့တဲ့မှု ဖြစ်ပေါ်တတ်ပါတယ်။ vitamin D ဟာ ခရမ်းလွန်ရောင်ခြည် နှင့် အရေပြားနဲ့ ထိတွေ့ခြင်းအားဖြင့် အဓိက ထုတ်လုပ်တာဖြစ်ပြးီ အသားမည်းသူများမှာတော့ melanin ဆိုတဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့ ဓာတ်ပစ္စည်းပိုမိုများပြားမှုကြောင့် vitamin D ချို့တဲ့မှု များတာကို တွေ့ရပါတယ်။ စိတ်ရောဂါကျွမ်းကျင်သူများအနေနဲ့ သူတို့ အတွေ့အကြုံအရ Vitamin D ချို့တဲ့ခြင်းဟာ စိတ်ရောဂါအများအပြားနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။ စိတ်ကျရောဂါ (depression)၊ အစွန်းနှစ်ဖက် စိတ်အတက်အကျ ရောဂါ (bipolar disorder)၊ စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) စတဲ့ စိတ်ရောဂါ ခံစားနေရတဲ့သူတွေကို လေ့လာကြည့်တဲ့အခါမှာ ၆၅% ခန့်ဟာ vitamin D ချို့တဲ့ တာကို တွေ့ရပါတယ်။ အချို့လူများဟာ သာမန်အားဖြင့် ပုံမှန်စိတ်အခြေအနေ ရှိနေတတ်ပြီး ရောဂါလက္ခဏာဆိုးဝါးလာချိန်မှာ စစ်ဆေးကြည့်လိုက်တဲ့ အခါ vitamin D ကျဆင်းနေတာကို တွေ့ရပြီး ပြန်လည်ဖြည့်တင်းလိုက်တဲ့အခါ စိတ်အခြေအနေ ပုံမှန် ဖြစ်သွားတာကို တွေ့ရပါတယ်။ ဒါ့ပြင် Shizophrenia လို့ခေါ်တဲ့ စိတ်ကစဉ့်ကလျားဖြစ်တဲ့ ရောဂါရှိသူတွေရဲ့ နောက်ကြောင်းရာဇဝင်ကို လိုက်ကြည့်တဲ့ အခါမှာ သူတို့ဟာ လသားအရွယ်လောက်မှာ ကတည်းက သာမန်ကလေးတွေထက်ပိုပြီး နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းတဲ့ သူတွေဖြစ်ကြောင်းတွေ့ရပါတယ်။ ဒီရောဂါရှိသူအများစုဟာ ခရမ်းလွန်ရောင်ခြည် ထုတ်လွှတ်မှုနည်းတဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလ တွေမှာ မွေးဖွားသူများဖြစ်ခြင်း၊ ကုန်းမြင့်ဒေသများတွင် နေထိုင်သူများဖြစ်ခြင်း၊ အသားရည်နည်းမှောင်သူများဖြစ်ခြင်း စတဲ့ အကြောင်းတရားတွေနဲ့ ဆက်စပ်လျှက်ရှိပြီး Vitamin D ချို့တဲ့ ခဲ့သူများလို့ ခန့်မှန်းရပါတယ်။ ဒါ့ပြင် Vitamin D ဟာ အရိုး၊ နှလုံး၊ ဦးနှောက်စတဲ့ အင်္ဂါရပ်တွေရဲ့ လုပ်ဆောင်ချက်တွေကို အဓိက အားပေးတဲ့ ဟော်မုန်းတစ်မျိုးလဲ ဖြစ်ပါတယ်။ အချို့သော အရေပြားဆိုင်ရာကျွမ်းကျင်သူများက SPF မြင့်မားသော Sun cream များလိမ်းခြင်းကလဲ vitamin D ချို့တဲ့မှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။
ByDr.Steven