“သင့်စိတ်ကျရောဂါခံစားနေရပြီလား”
စိတ်ကျရောဂါလို့ ပြောလိုက်တာနဲ့လူတိုင်းရင်နှီးဖူးတဲ့စကားတစ်ခုဖြစ်မယ်လို့ထင်ပါတယ်။အခုလို ပြိုင်ဆိုင်မှုများတဲ့ခေတ်မှာ စစ်တမ်းတွေအရလူ(၃)ယောက်မှာ(၁)ယောက်ကစိတ်ကျရောဂါကို တစ်ချိန်မဟုတ်တစ်ချိန် ခံစားနေရတယ်လို့ဆိုပါတယ်။
ဒါအပြင်လူတိုင်းတော်တော်များများပြောကျပါတယ် ငါ depression ဝင်တယ်ဆိုပြီးပြောကြပါတယ်၊ဒါကြောင့် စိတ်မပျော်တာ စိတ်ညစ်တာလေးတစ်ခုထဲနဲ့ စိတ်ကျရောဂါခံစားနေရပြီလို့ပြောလို့မရပါဘူး မိမိတစ်ကယ်စိတ်ကျရောဂါခံစားနေရပြီလား ဆိုတာ အချက်(၉)ချက်ကိုကြည့်ပြီး စိတ်ကျရောဂါကုဆရာဝန်တွေက ဆုံးဖြတ်ပေးပါတယ်။ ဒါတွေကတော့
(1)စိတ်ကျတယ်လို့ခံစားရတယ်။မပျော်ရွှင်ဘူးလို့ခံစားရတာကို(၂)ပတ်နဲ့အထက်ခံစားရခြင်း။
(2)အရင်တုန်းကမိမိကို ပျော်ရွှင်စေခဲ့တဲ့အရာ၊မိမိဝါသနာပါခဲ့တဲ့အရာကိုမလုပ်ချင်တော့ခြင်း၊လုပ်ဖို့လဲစိတ်မပါတော့ခြင်း။
(3)ခန္ဓာကိုယ် စိတ်ကျလာခြင်း၊ဝိတ်ကျတယ်လို့ပြောရင် အရင်လက ပေါင်ချိန်ထပ် အခုလပေါင်ချိန် 5 % လျော့ခြင်း။
(4)အိပ်မရခြင်း၊အအိပ်အနေနည်းခြင်း ဒါမှမဟုတ် ပုံမှန်ထက်ပိုပြီးအိပ်ခြင်း၊အိပ်ပေမဲ့အိပ်ရေးမဝသလိုအမြဲခံစားနေရခြင်း၊ လန်းဆန်းမူမရှိခြင်း၊
(5)အားအင်မရှိသလိုခံစားရခြင်း။
(6)ပင်ပန်းနွမ်းနယ်သလိုအမြဲခံစားနေရခြင်း။
(7)လှုပ်ရှားသွားလာမှုနှေးကွေးခြင်း(စိတ်သွားတိုင်းကုယ်မပါခြင်း)
(8)အာရုံစူးစိုက်လို့မရခြင်း(တစ်ခုခုဆိုမေ့တတ်လာခြင်း)
(9)ကိုယ့်ကိုကိုယ်တန်ဖိုးမရှိသလိုခံစားရခြင်း၊မျှော်လင့်ချက်မရှိသလိုခံစားရခြင်း ဒါမှတစ်ဆင့်တဖြည်းဖည်းမိမိကိုယ်သေရင် ကောင်းမယ်ဆိုပြီးခံစားရလာခြင်း။ဒီအချက်တွေကိုကြည့်ပြီး စိတ်ရောဂါကုဆရာဝန်တွေက စိတ်ကျရောဂါခံစားရတယ်လို့ သတ်မှတ်ပါတယ်။ဒါကြောင့် စိတ်ကျရောဂါဆိုပြီးသတ်မှတ်ကျပါတယ်။
အချက်(9)ချက်မှာ(5)ချက်နဲ့အထက် ပါဝင်ပြီးဒီအချက်တွေကြောင့် မိမိရှင်နေစဉ်ဘဝကိုရိုက်ခိုက်မှုရှိလာနိုင်တာဖြစ်တဲ့ အတွက် စိတ်ရောဂါကုဆရာဝန်နဲ့ပြသပြီးကုသမှုခံယူဖို့အကြံပေးပါရစေ။
“ကျန်းမာရွှင်လန်းကြပါစေ။”