All Articlesသွားကျန်းမာရေး

Dental Plaque

1 Mins read

သွားချေးယိုးဒယားကခိုင်းကြရအောင်လား

ဒီတစ်ပတ်သွားချေးနဲ့ပတ်သက်ပြီးမေးလာကြသူတွေကတော့ အလုံကပန်ဆုဝေ၊ ပန်းဘဲတန်း က ရာဇာထွန်းလင်း၊ သွားဖက်ဆိုင်ရာတက္ကသိုလ်တတိယနှစ်ကျောင်းသူ မဒီခင်နှင်းနှင်းနဲ့ မုံရွာမြို့ က အေးမြမြလွင်တို့ပဲဖြစ်ပါတယ်။ သူတို့ရဲ့မေးခွန်းလေးတွေကိုပေါင်းစုဖြေဆိုပေးရင်းက၊ သွား ချေးနဲ့ပတ်သက်တဲ့ သိကောင်းစရာလေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်။

သူတစ်ပါးကို ပါးရိုက်တော့လိုက်မယ်လို့ခနဲ့တဲ့အခါမှာပဲဖြစ်ဖြစ်၊ မျက်နှာကိုလက်သီးနဲ့ထိုး လိုက်မယ်လို့ ကျီဆယ်လိုက်ရင်ပဲဖြစ်ဖြစ်၊ သွားထဲမှာရှိနေတဲ့သွားချေးကို [ သွားချေးယိုးဒယားက သွား စေရမယ်] လို့တင်စားပြောဆိုတတ်ကြပါတယ်တဲ့။ (ဘယ်လိုလုပ်သွားချေးက ယိုးဒယားအ က ကတတ်ပါ့မလဲနော်)။ တစ်ခုတော့ရှိပါတယ်။ သွားတိုက်တဲ့အခါမှာ သွားကြားထဲကသွားချေး တွေဟာ သွားပွတ်တန်ထိုးရာကို ယိမ်းထိုးလိုက်ပါလှုပ်ရှားရင်းနဲ့ ကနွဲ့ကယ၊ ယိုးဒယားအက က နေသ လိုမျိုးတင်စားမယ်ဆိုရင်တော့ ဖြစ်နိုင်လောက်ချေရှိပါတယ်။ ဒါ့ကြောင့်သွားချေးယိုးဒယား အက ကစေချင်တယ်ဆိုရင် (ပါးရိုက်ရမှာမဟုတ်ဖဲ)။ သွားမှန်မှန်တိုက်ပေးရလိမ့်မယ်လို့ဆိုလိုက် ချင်ပါတယ်။

သွားချေးဘာလို့ဖြစ်ပေါ်လာရတာပါလဲ။
သွားချေးဆိုတာ သွားမျက်နှာပြင်နဲ့သွားကြားတွေထဲမှာ သဘာဝအလျောက် ပေါ်ပေါက်လာ တဲ့ အဖြူရောင်ဖျော့ဖျော့ ဒါမှမဟုတ် ဝါကျင့်ကျင့် ဇီဝအလွှာပါးလေး ( Dental Plaque ) ကို ခေါ် ဆိုတာဖြစ်ပါတယ်။ သွားချေးကို ပုံမှန်မဖယ်ထုတ်ဖဲ(သွားမှန်မှန်မတိုက်ပဲ)ထားခဲ့ရင် သွားပိုးစား ရောဂါနဲ့သွားဖုံးရောဂါတွေဖြစ်လာမှာသေချာနေပါတယ်။ သွားချေးလွှာထဲမှာ ဘက်တီးရီးယားပိုး အမြောက်အများ (စတက်တိုကောကပ်စ်နဲ့ အန်းအေရုပ်ဘ်အမျိုးအစားတွေ) ပါရှိနေပါတယ်။ ဒီ ဘက်တီးရီးယားပိုးတွေက၊ အောက်စီဂျင်မရှိပဲ အသက်ရှုမှုဖြစ်ပေါ်နေတဲ့အခါမှာ အက်ဆစ်ဓါတ် တွေ ထွက်ပေါ်လာပြီး၊ သွားမျက်နှာပြင်ရဲ့ သွား အလွှာလေးကို ဖျက်ဆီးပစ်လိုက်တဲ့အတွက်၊ သွားမှာအပေါက်တွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကို သွားပိုး စားတယ်လို့ခေါ်ဆိုနေကြပါတယ်။ သွားချေးလွာတွေ အထပ်ထပ်စုပုံလာတဲ့အခါမှာ (တံတွေးကမထိုးဖေါက်နိုင်တော့ပဲ) သွားနဲ့ သွား ဖုံး ထိစပ်တဲ့နေရာတွေမှာနဲ့ ၊ သွားကြားတွေထဲမှာ အဝါရင့်ရောင်သွားချေးဂျိုးတွေတွယ် ကပ်နေ ရာယူလာတာကို သွားကျောက်တည်တယ်လို့ခေါ်ဆိုလာကြပြန်ပါတယ်။ သွားချေးလွှာရဲ့ သက် တမ်းရင့်လာတာနဲ့အမျှ ဘက်တီးရီးယားတွေရဲ့ ဖျက်ဆီးနိုင်စွမ်းအားကလည်း ပိုလာပါတယ်။ ဒါ့ ကြောင့် သက်တမ်း ၁၂ နာရီသာရှိတဲ့ သွားချေးလွှာထက်စာရင် ရက်ပေါင်းများစွာ သက်တမ်းရှိ နေပြီးဖြစ်တဲ့ သွားချေးတွေက ပိုမိုဒုက္ခပေးနိုင်တယ်လို့ဆိုကြပါတယ်။ သွားချေးထဲမှာ ဘက်တီးရီး ယားတွေက စွန့်ထုတ်ပစ်ထားတဲ့အက်ဆစ်တွေ၊ အေမီးန်းဓါတ်တွေ၊ မာကက်ပ်တန်ဆိုတဲ့ ဓါတ် တွေပါဝင်နေလို့ အာပုတ်ဆော်နံစော်နေရတာဖြစ်ပါတယ်။ လူတိုင်းမှာသွားချေးရှိနိုင်ပေမယ့် လူ တိုင်းသွားရောဂါမရရှိနိုင်ပါဘူး။ ဆေးလိပ်သောက်သူတွေ၊ ခံတွင်းသန့်ရှင်းမှုနည်းသူတွေ၊ ကိုယ်ခံ စွမ်းအား လျော့ကျနေတဲ့သူတွေနဲ့ ဆီးချိုရောဂါသည်တွေမှာ၊ သွားချေးကြောင့်သွားရောဂါ တွေပို မိုဖြစ်စေတယ်လို့သိထားကြပါတယ်။ လူသားတွေ သွားမတိုက်တတ်ခင်တုံးက အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ သွားတွေကျွတ်ထွက်ကုန်လေ့ရှိကြတယ်ဆိုတာကို မှတ်တမ်းတွေမှာတွေ့ခဲ့ဖူးပါတယ် ကွယ်။

သွာချေးကိုမကော်ပဲ (သွားမတိုက်ပဲ)ထားရင်ဘာတွေဖြစ်လာနိုင်ပါသလဲ။
အရင်ဆုံး… ခံတွင်းအာပုပ်နံ့ထွက်လာပါလိမ့်မယ်။ ခုနကပြောသလိုပဲ သက်တမ်းရင့်သွားချေး တွေကြောင့် သွားပိုးစားရောဂါ(Caries) ဖြစ်လာစေနိုင်ပါတယ်။ သွားဖုံးနဲ့သွားကြားထဲမှာ ပြည်ဝပ် ကလေးတွေ တည်လာနိုင်ပါတယ်။ ကိုယ်တိုင်ကော်ထုတ်လို့မရတော့တဲ့ သွားချေးဂျိူးကျောက် (Tar tar)တွေတည်လာပြီးသွားဆရာဝန်ဆီမှာ ကျောက်ခြစ်ရတာမျိုးတွေ ပြုလုပ်ရပါတော့မယ်။ ဒီ ကျောက်တွေကြောင့်သွားဖုံးတွေ ရောင်ယမ်းလာနိုင်သလို၊ သွားကြားထိုးရင် သွေးထွက်လာနိုင်ပါ သေးတယ်။ သွာဖုံးနာတာနဲ့ အစာစားရခက်တာတွေကို ခံစားရပါလိမ့်မယ်။ သွားဖုံးရောင်တာက တဆင့် သွားမြစ်ဝန်းတွေပါရောင်ရမ်းတဲ့ (Periodonditis) ရောဂါရရှိလာပြီး သွားတွေကျွတ်ထွက် ကုန်ရတဲ့အထိဖြစ်သွားရနိုင်ပါတယ်။

သွားကြားထိုးတံနဲ့ သွားချေးကော်သင့်ပါသလား။
သွားကြားထိုးတံက သွားကြားထဲမှာ ကျန်ရစ်ခဲ့တဲ့စားြွကင်းစားကျန် (အစာဟောင်း) ကိုပဲကော် ထုတ်ပေးနိုင်ပါတယ်။ သွားမျက်နှာပြင်ပေါ်မှာရှိနေတဲ့ သွားချေးဇီဝလွှာကို ပြောင်စင်သွားအောင် ကော်ထုတ်မပေးနိုင်ပါဘူး။ မသန့်ရှင်းတဲ့ သွားကြားထိုးတံတွေကြောင့် သွားဖုံးကိုထိုးမိပြီး ဒဏ်ဖြစ် စေနိုင်ပါသေးတယ်။

သွားချေးသန့်စင်နည်းတွေကို သိချင်ပါတယ်။
အကောင်းဆုံးကတော့ အစာစာပြီးတိုင်း အာလုပ်ကျင်းပေးရုံသာမက သွားတိုက်ပေးနိုင်ရင် အ ကောင်းဆုံးပါပဲ။ ခဏခဏ အစာစားနေတတ်တဲ့ လူသားတွေရဲ့အကျင့်ကြောင့် အစာစားပြီးတိုင်း သွားတိုက်ရမယ်ဆိုတာဟာ လက်တွေ့မှာမဖြစ်နိုင်ပါဘူး။ ဒါကြောင့်အနည်းဆုံးတစ်နေ့ကို ၂ ကြိမ် တော့ သွားတိုက်ပေးသင့်တယ်လို့ ပြောဆိုလာကြပါတယ်။ ဖလိုရိုက်ပါဝင်တဲ့သွားတိုက်ဆေးနဲ့ သွားတိုက်သင့်ပါတယ်။ သွားမျက်နှာပြင်တစ်ခုလုံး (ရှေ့မျက်နှာစာပိုင်း၊ အာခံတွင်းပိုင်း၊ အစာဝါး တဲ့ မျက်နှာပြင်ပိုင်း၊ သွားကြားပိုင်း) အားလုံးကိုပွတ်တိုက်ပစ်ရမှာဖြစ်ပါတယ်။ အနည်းဆုံးနှစ်မိ နစ်လောက် အချိန်ယူပြီး ပွတ်တိုက်ပေးရပါ့မယ်။ နည်းစနစ်မှန်ကန်တဲ့ သွားတိုက်နည်းကို သင် ယူထားဖို့လိုပါအပ်တယ်။ နောက်ထပ် သွားချေးသန့်စင်နည်းတစ်ခုကတော့ သွားပွတ်ကြိုး (Dental Floss) ကိုအသုံးပြုတာပဲဖြစ်ပါတယ်။ သွားပွတ်ကြိုးဆိုတာက နိုင်လွန် ဒါမှမဟုတ် ပလတ်စတစ်ကြိုးခွေထုံး ကလေးကိုခေါ်တာပါ။ ပိုးသန့်စင်ပြီးသား ဗူးလေးတွေထဲမှာထည့်ထားတဲ့ ၁၀ မီတာ၊ ၅၀ မီတာအ ရှည် ကြိုးခွေတွေကိုဝယ်ယူလို့ရနိုင်ပါတယ်။ Floss ကြိုးကို ဘယ်ညာ လက်ချောင်းနှစ်ဘက်မှာ ရစ် ပတ်လိုက်ပြီး သွားမျက်နှာပြင်တလျောက်ပွတ်တိုက်ပေးရပါတယ်။ သွားကြားထဲကို ကြိုးသွင်းထည့် ပြီးသွားရင်၊ သွားအရင်းက နေအဖျားအထိဆွဲပေးရပါတယ်။ ကြိုး ဆွဲနည်းကိုကျွမ်းကျင်သွားရင်.. သွားတွေကိုတစ်နေ့တစ်ခါတော့ Floss သုံးပြီးပွတ်ပေးသင့်ပါ တယ်။ ဒီနည်းက သွားကြားထိုးတံ ထက်စာရင် သွားချေးတွေကိုပိုမိုပြောင်စင်အောင် ဖယ်ထုတ် ပေးနိုင်ပါတယ်။ လက်ကိုင်ပါတဲ့လွှ သွားလိုလို၊ စောင်းကြိုးတပ်ထားသလိုပြု လုပ်ထားတဲ့ သွား ပွတ်ကြိုးမျိုး(Floss Wand)တွေကိုလည်း သုံးလို့ရပါတယ်။

သွားချေးလျော့နည်းအောင် ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ။
ခံတွင်းသန့်ရှင်းရေးဟာအရေးကြီးဆုံးပါပဲ။ ပုံမှန်သွားတိုက်တာ၊ အာလုပ်ကျင်းတာ၊ သွားပွတ်တံနဲ့ သွားပွတ်ကြိုးသုံးတာ၊ အားလုံးပါဝင်ပါတယ်။ သွားတွေခိုင်မာလာအောင် ဗီတာမင် ဘီ၊ စီ၊ ဒီ မဂ္ဂ နီဆီယမ်၊ ဇင့် စတဲ့ဓါတ်တွေပါဝင်တဲ့ အစားအစာတွေကို စားပေးရပါ့မယ်။ နို့နဲ့ဒိန်ခဲတွေ စားပေး ခြင်းဖြင့် အက်ဆစ်ဓါတ်တွေကို ဓါတ်ပျက်စေနိုင်ပါတယ်။ အမျှင်ပါတဲ့ အစာတွေကလည်း တံ တွေးထွက်တာကို အားပေးတဲ့အတွက် သွားချေးဖြစ်တာကိုနှောင့်နှေးစေပါတယ်။ သကြားမပါတဲ့ ပီကေဝါးနေခြင်းဟာ သွားချေးဖြစ်မှုကို လျော့နည်းစေပါတယ်။ သကြားများများစားရင် (အချို ရည်တွေများများသောက်ရင်) ခံတွင်းထဲမှာ အချဉ်ပေါက်လာပြီး အက်ဆစ်ဓါတ်ပွားလာစေတတ် ပါတယ်။ ကောက်ညှင်း၊ အာလူး၊ အမဲသား စတာတွေဟာ သွားထဲမှာညပ်နေတတ်တဲ့အတွက် သွားချေးဖြစ်တာကို အားပေးပါတယ်။ ဆေးလိပ်သောက်တာကို ရှောင်ကြဉ်ရပါ့မယ်။ ခြောက်လ တစ်ခါ သွားဆရာဝန်နဲ့ပြသပြီး သွားချေးဂျိုးတွေခြစ်ထုတ်တာ၊ သွားပေါလစ်တင်တာ၊ သွားစစ် ဆေးတာတွေကို လုပ်ဆောင်သင့်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ခံတွင်းထဲက သွားချေးကို မှန်မှန် ယိုး ဒယားကခိုင်းခြင်းအားဖြင့် သွားရောဂါဖြစ်ပွားမှုကို ကာကွယ်ထားနိုင်ပါကြောင်း ဆွေးနွေးတင်ပြ လိုက်ရပါတယ်။

ဒေါက်တာမြင့်ဦး (ဂျီပီ)

သြားေခ်းယိုးဒယားကခိုင္းၾကရေအာင္လား

ဒီတစ္ပတ္သြားေခ်းနဲ႕ပတ္သက္ၿပီးေမးလာၾကသူေတြကေတာ့ အလံုကပန္ဆုေဝ၊ ပန္းဘဲတန္း က ရာဇာထြန္းလင္း၊ သြားဖက္ဆိုင္ရာတကၠသိုလ္တတိယႏွစ္ေက်ာင္းသူ မဒီခင္ႏွင္းႏွင္းနဲ႕ မံုရြာၿမိဳ႕ က ေအးျမျမလြင္တို႕ပဲျဖစ္ပါတယ္။ သူတို႕ရဲ႕ေမးခြန္းေလးေတြကိုေပါင္းစုေျဖဆိုေပးရင္းက၊ သြား ေခ်းနဲ႕ပတ္သက္တဲ့ သိေကာင္းစရာေလးေတြကိုတင္ဆက္ေပးလိုက္ပါတယ္။

သူတစ္ပါးကို ပါးရိုက္ေတာ့လိုက္မယ္လို႕ခနဲ႕တဲ့အခါမွာပဲျဖစ္ျဖစ္၊ မ်က္ႏွာကိုလက္သီးနဲ႕ထိုး လိုက္မယ္လို႕ က်ီဆယ္လိုက္ရင္ပဲျဖစ္ျဖစ္၊ သြားထဲမွာရွိေနတဲ့သြားေခ်းကို [ သြားေခ်းယိုးဒယားက သြား ေစရမယ္] လို႕တင္စားေျပာဆိုတတ္ၾကပါတယ္တဲ့။ (ဘယ္လိုလုပ္သြားေခ်းက ယိုးဒယားအ က ကတတ္ပါ့မလဲေနာ္)။ တစ္ခုေတာ့ရွိပါတယ္။ သြားတိုက္တဲ့အခါမွာ သြားၾကားထဲကသြားေခ်း ေတြဟာ သြားပြတ္တန္ထိုးရာကို ယိမ္းထိုးလိုက္ပါလႈပ္ရွားရင္းနဲ႕ ကႏြဲ႕ကယ၊ ယိုးဒယားအက က ေနသ လိုမ်ိဳးတင္စားမယ္ဆိုရင္ေတာ့ ျဖစ္ႏိုင္ေလာက္ေခ်ရွိပါတယ္။ ဒါ့ေၾကာင့္သြားေခ်းယိုးဒယား အက ကေစခ်င္တယ္ဆိုရင္ (ပါးရိုက္ရမွာမဟုတ္ဖဲ)။ သြားမွန္မွန္တိုက္ေပးရလိမ့္မယ္လို႕ဆိုလိုက္ ခ်င္ပါတယ္။

သြားေခ်းဘာလို႕ျဖစ္ေပၚလာရတာပါလဲ။
သြားေခ်းဆိုတာ သြားမ်က္ႏွာျပင္နဲ႕သြားၾကားေတြထဲမွာ သဘာဝအေလ်ာက္ ေပၚေပါက္လာ တဲ့ အျဖဴေရာင္ေဖ်ာ႔ေဖ်ာ့ ဒါမွမဟုတ္ ဝါက်င့္က်င့္ ဇီဝအလႊာပါးေလး ( Dental Plaque ) ကို ေခၚ ဆိုတာျဖစ္ပါတယ္။ သြားေခ်းကို ပံုမွန္မဖယ္ထုတ္ဖဲ(သြားမွန္မွန္မတိုက္ပဲ)ထားခဲ့ရင္ သြားပိုးစား ေရာဂါနဲ႕သြားဖံုးေရာဂါေတြျဖစ္လာမွာေသခ်ာေနပါတယ္။ သြားေခ်းလႊာထဲမွာ ဘက္တီးရီးယားပိုး အေျမာက္အမ်ား (စတက္တိုေကာကပ္စ္နဲ႕ အန္းေအရုပ္ဘ္အမ်ိဳးအစားေတြ) ပါရွိေနပါတယ္။ ဒီ ဘက္တီးရီးယားပိုးေတြက၊ ေအာက္စီဂ်င္မရွိပဲ အသက္ရႈမႈျဖစ္ေပၚေနတဲ့အခါမွာ အက္ဆစ္ဓါတ္ ေတြ ထြက္ေပၚလာၿပီး၊ သြားမ်က္ႏွာျပင္ရဲ႕ သြား အလႊာေလးကို ဖ်က္ဆီးပစ္လိုက္တဲ့အတြက္၊ သြားမွာအေပါက္ေတြ ျဖစ္လာေစႏိုင္ပါတယ္။ ဒါကို သြားပိုး စားတယ္လို႕ေခၚဆိုေနၾကပါတယ္။ သြားေခ်းလြာေတြ အထပ္ထပ္စုပံုလာတဲ့အခါမွာ (တံေတြးကမထိုးေဖါက္ႏိုင္ေတာ့ပဲ) သြားနဲ႕ သြား ဖံုး ထိစပ္တဲ့ေနရာေတြမွာနဲ႕ ၊ သြားၾကားေတြထဲမွာ အဝါရင့္ေရာင္သြားေခ်းဂ်ိဳးေတြတြယ္ ကပ္ေန ရာယူလာတာကို သြားေက်ာက္တည္တယ္လို႕ေခၚဆိုလာၾကျပန္ပါတယ္။ သြားေခ်းလႊာရဲ႕ သက္ တမ္းရင့္လာတာနဲ႔အမွ် ဘက္တီးရီးယားေတြရဲ႕ ဖ်က္ဆီးႏိုင္စြမ္းအားကလည္း ပိုလာပါတယ္။ ဒါ့ ေၾကာင့္ သက္တမ္း ၁၂ နာရီသာရွိတဲ့ သြားေခ်းလႊာထက္စာရင္ ရက္ေပါင္းမ်ားစြာ သက္တမ္းရွိ ေနၿပီးျဖစ္တဲ့ သြားေခ်းေတြက ပိုမိုဒုကၡေပးႏိုင္တယ္လို႕ဆိုၾကပါတယ္။ သြားေခ်းထဲမွာ ဘက္တီးရီး ယားေတြက စြန္႔ထုတ္ပစ္ထားတဲ့အက္ဆစ္ေတြ၊ ေအမီးန္းဓါတ္ေတြ၊ မာကက္ပ္တန္ဆိုတဲ့ ဓါတ္ ေတြပါဝင္ေနလို႕ အာပုတ္ေဆာ္နံေစာ္ေနရတာျဖစ္ပါတယ္။ လူတိုင္းမွာသြားေခ်းရွိႏိုင္ေပမယ့္ လူ တိုင္းသြားေရာဂါမရရွိႏိုင္ပါဘူး။ ေဆးလိပ္ေသာက္သူေတြ၊ ခံတြင္းသန္႔ရွင္းမႈနည္းသူေတြ၊ ကိုယ္ခံ စြမ္းအား ေလ်ာ႔က်ေနတဲ့သူေတြနဲ႕ ဆီးခ်ိဳေရာဂါသည္ေတြမွာ၊ သြားေခ်းေၾကာင့္သြားေရာဂါ ေတြပို မိုျဖစ္ေစတယ္လို႕သိထားၾကပါတယ္။ လူသားေတြ သြားမတိုက္တတ္ခင္တံုးက အသက္ငယ္ငယ္ ရြယ္ရြယ္နဲ႕ သြားေတြကြ်တ္ထြက္ကုန္ေလ့ရွိၾကတယ္ဆိုတာကို မွတ္တမ္းေတြမွာေတြ႕ခဲ့ဖူးပါတယ္ ကြယ္။

သြာေခ်းကိုမေကာ္ပဲ (သြားမတိုက္ပဲ)ထားရင္ဘာေတြျဖစ္လာႏိုင္ပါသလဲ။
အရင္ဆံုး… ခံတြင္းအာပုပ္နံ႕ထြက္လာပါလိမ့္မယ္။ ခုနကေျပာသလိုပဲ သက္တမ္းရင့္သြားေခ်း ေတြေၾကာင့္ သြားပိုးစားေရာဂါ(Caries) ျဖစ္လာေစႏိုင္ပါတယ္။ သြားဖံုးနဲ႕သြားၾကားထဲမွာ ျပည္ဝပ္ ကေလးေတြ တည္လာႏိုင္ပါတယ္။ ကိုယ္တိုင္ေကာ္ထုတ္လို႕မရေတာ့တဲ့ သြားေခ်းဂ်ိဴးေက်ာက္ (Tar tar)ေတြတည္လာၿပီးသြားဆရာဝန္ဆီမွာ ေက်ာက္ျခစ္ရတာမ်ိဳးေတြ ျပဳလုပ္ရပါေတာ့မယ္။ ဒီ ေက်ာက္ေတြေၾကာင့္သြားဖံုးေတြ ေရာင္ယမ္းလာႏိုင္သလို၊ သြားၾကားထိုးရင္ ေသြးထြက္လာႏိုင္ပါ ေသးတယ္။ သြာဖံုးနာတာနဲ႕ အစာစားရခက္တာေတြကို ခံစားရပါလိမ့္မယ္။ သြားဖံုးေရာင္တာက တဆင့္ သြားျမစ္ဝန္းေတြပါေရာင္ရမ္းတဲ့ (Periodonditis) ေရာဂါရရွိလာၿပီး သြားေတြကြ်တ္ထြက္ ကုန္ရတဲ့အထိျဖစ္သြားရႏိုင္ပါတယ္။

သြားၾကားထိုးတံနဲ႕ သြားေခ်းေကာ္သင့္ပါသလား။
သြားၾကားထိုးတံက သြားၾကားထဲမွာ က်န္ရစ္ခဲ့တဲ့စားျြကင္းစားက်န္ (အစာေဟာင္း) ကိုပဲေကာ္ ထုတ္ေပးႏိုင္ပါတယ္။ သြားမ်က္ႏွာျပင္ေပၚမွာရွိေနတဲ႕ သြားေခ်းဇီဝလႊာကို ေျပာင္စင္သြားေအာင္ ေကာ္ထုတ္မေပးႏိုင္ပါဘူး။ မသန္႔ရွင္းတဲ့ သြားၾကားထိုးတံေတြေၾကာင့္ သြားဖံုးကိုထိုးမိၿပီး ဒဏ္ျဖစ္ ေစႏိုင္ပါေသးတယ္။

သြားေခ်းသန္႔စင္နည္းေတြကို သိခ်င္ပါတယ္။
အေကာင္းဆံုးကေတာ့ အစာစာၿပီးတိုင္း အာလုပ္က်င္းေပးရံုသာမက သြားတိုက္ေပးႏိုင္ရင္ အ ေကာင္းဆံုးပါပဲ။ ခဏခဏ အစာစားေနတတ္တဲ့ လူသားေတြရဲ႕အက်င့္ေၾကာင့္ အစာစားၿပီးတိုင္း သြားတိုက္ရမယ္ဆိုတာဟာ လက္ေတြ႔မွာမျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္အနည္းဆံုးတစ္ေန႔ကို ၂ ႀကိမ္ ေတာ့ သြားတိုက္ေပးသင့္တယ္လို႔ ေျပာဆိုလာၾကပါတယ္။ ဖလိုရိုက္ပါဝင္တဲ့သြားတိုက္ေဆးနဲ႕ သြားတိုက္သင့္ပါတယ္။ သြားမ်က္ႏွာျပင္တစ္ခုလံုး (ေရွ႕မ်က္ႏွာစာပိုင္း၊ အာခံတြင္းပိုင္း၊ အစာဝါး တဲ့ မ်က္ႏွာျပင္ပိုင္း၊ သြားၾကားပိုင္း) အားလံုးကိုပြတ္တိုက္ပစ္ရမွာျဖစ္ပါတယ္။ အနည္းဆံုးႏွစ္မိ နစ္ေလာက္ အခ်ိန္ယူၿပီး ပြတ္တိုက္ေပးရပါ့မယ္။ နည္းစနစ္မွန္ကန္တဲ့ သြားတိုက္နည္းကို သင္ ယူထားဖို႔လိုပါအပ္တယ္။ ေနာက္ထပ္ သြားေခ်းသန္႔စင္နည္းတစ္ခုကေတာ့ သြားပြတ္ႀကိဳး (Dental Floss) ကိုအသံုးျပဳတာပဲျဖစ္ပါတယ္။ သြားပြတ္ႀကိဳးဆိုတာက ႏိုင္လြန္ ဒါမွမဟုတ္ ပလတ္စတစ္ႀကိဳးေခြထံုး ကေလးကိုေခၚတာပါ။ ပိုးသန္႔စင္ၿပီးသား ဗူးေလးေတြထဲမွာထည့္ထားတဲ့ ၁၀ မီတာ၊ ၅၀ မီတာအ ရွည္ ႀကိဳးေခြေတြကိုဝယ္ယူလို႔ရႏိုင္ပါတယ္။ Floss ႀကိဳးကို ဘယ္ညာ လက္ေခ်ာင္းႏွစ္ဘက္မွာ ရစ္ ပတ္လိုက္ၿပီး သြားမ်က္ႏွာျပင္တေလ်ာက္ပြတ္တိုက္ေပးရပါတယ္။ သြားၾကားထဲကို ႀကိဳးသြင္းထည့္ ၿပီးသြားရင္၊ သြားအရင္းက ေနအဖ်ားအထိဆြဲေပးရပါတယ္။ ႀကိဳး ဆြဲနည္းကိုကြ်မ္းက်င္သြားရင္.. သြားေတြကိုတစ္ေန႕တစ္ခါေတာ့ Floss သံုးၿပီးပြတ္ေပးသင့္ပါ တယ္။ ဒီနည္းက သြားၾကားထိုးတံ ထက္စာရင္ သြားေခ်းေတြကိုပိုမိုေျပာင္စင္ေအာင္ ဖယ္ထုတ္ ေပးႏိုင္ပါတယ္။ လက္ကိုင္ပါတဲ့လႊ သြားလိုလို၊ ေစာင္းႀကိဳးတပ္ထားသလိုျပဳ လုပ္ထားတဲ့ သြား ပြတ္ႀကိဳးမ်ိဳး(Floss Wand)ေတြကိုလည္း သံုးလို႕ရပါတယ္။

သြားေခ်းေလ်ာ့နည္းေအာင္ ဘယ္လိုလုပ္ေဆာင္သင့္ပါသလဲ။
ခံတြင္းသန္႔ရွင္းေရးဟာအေရးႀကီးဆံုးပါပဲ။ ပံုမွန္သြားတိုက္တာ၊ အာလုပ္က်င္းတာ၊ သြားပြတ္တံနဲ႔ သြားပြတ္ႀကိဳးသံုးတာ၊ အားလံုးပါဝင္ပါတယ္။ သြားေတြခိုင္မာလာေအာင္ ဗီတာမင္ ဘီ၊ စီ၊ ဒီ မဂၢ နီဆီယမ္၊ ဇင့္ စတဲ့ဓါတ္ေတြပါဝင္တဲ့ အစားအစာေတြကို စားေပးရပါ့မယ္။ ႏို႕နဲ႕ဒိန္ခဲေတြ စားေပး ျခင္းျဖင့္ အက္ဆစ္ဓါတ္ေတြကို ဓါတ္ပ်က္ေစႏိုင္ပါတယ္။ အမွ်င္ပါတဲ့ အစာေတြကလည္း တံ ေတြးထြက္တာကို အားေပးတဲ့အတြက္ သြားေခ်းျဖစ္တာကိုေႏွာင့္ေႏွးေစပါတယ္။ သၾကားမပါတဲ့ ပီေကဝါးေနျခင္းဟာ သြားေခ်းျဖစ္မႈကို ေလ်ာ့နည္းေစပါတယ္။ သၾကားမ်ားမ်ားစားရင္ (အခ်ိဳ ရည္ေတြမ်ားမ်ားေသာက္ရင္) ခံတြင္းထဲမွာ အခ်ဥ္ေပါက္လာၿပီး အက္ဆစ္ဓါတ္ပြားလာေစတတ္ ပါတယ္။ ေကာက္ညွင္း၊ အာလူး၊ အမဲသား စတာေတြဟာ သြားထဲမွာညပ္ေနတတ္တဲ့အတြက္ သြားေခ်းျဖစ္တာကို အားေပးပါတယ္။ ေဆးလိပ္ေသာက္တာကို ေရွာင္ၾကဥ္ရပါ့မယ္။ ေျခာက္လ တစ္ခါ သြားဆရာဝန္နဲ႕ျပသၿပီး သြားေခ်းဂ်ိဳးေတြျခစ္ထုတ္တာ၊ သြားေပါလစ္တင္တာ၊ သြားစစ္ ေဆးတာေတြကို လုပ္ေဆာင္သင့္ပါတယ္။ နိဂံုးခ်ဳပ္အေနနဲ႕ ခံတြင္းထဲက သြားေခ်းကို မွန္မွန္ ယိုး ဒယားကခိုင္းျခင္းအားျဖင့္ သြားေရာဂါျဖစ္ပြားမႈကို ကာကြယ္ထားႏိုင္ပါေၾကာင္း ေဆြးေႏြးတင္ျပ လိုက္ရပါတယ္။

ေဒါက္တာျမင့္ဦး (ဂ်ီပီ)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *