သွားပိုးချတာ ပိုးတွေကျလာသတဲ့
ဒီနေ့ခေတ်ထိ လမ်းဆုံ လမ်းခွ မြို့ထဲတွေမှာ သွားပိုးချသည် ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ လမ်းဘေးကဆိုင်တွေ….
ကလေးတွေကို သွားတိုက်ခိုင်းလို့ သွားမတိုက်ရင် ပိုးကောင်တွေက သွားတွေကို ကိုက်လိမ့်မယ်ဆိုတဲ့ အပြောတွေ….
တကယ်ရော ပါးစပ်ထဲက ပိုးတွေက သွားတွေကို ကိုက်နိုင်ပါသလားး
ပထမဆုံး ပြောချင်တာက ပါးစပ်ထဲမှာ ရှိနေတာ ဘတ်တီးရီးယားလို့ခေါ်တဲ့ပိုးတွေပါ။ ဒီ ဘတ်တီးရီးယားပိုးပေါင်းက သန်းပေါင်းများစွာရှိပါတယ်။ ဒီဘတ်တီးရီးယားကို မြင်ရဖို့ဆိုတာ အဆပေါင်း သိန်း သန်းမက ချဲ့ကြည့်လို့ရတဲ့ မှန်ဘီလူးနဲ့မှတွေ့ရတာပါ။ ဒါတောင်ဒီတိုင်းတွေ့ရတာမဟုတ်ဘူး။ သူတို့အတွက် ထုတ်ထားတဲ့ ဆိုးဆေးတွေ ဆိုးပြီးမှ တွေ့ရတာမျိုးပါ။
အာ့လို မမြင်ရတဲ့ အကောင်တွေကို ပလုတ်ကျင်းပြီး ချလို့ရတယ်ဆိုတာ ဖြစ်နိုင် မဖြစ်နိုင်တာဆိုတာ စာဖတ်သူတွေ စဉ်းစားတွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ပလုတ်ကျင်းပြီးကျလာတယ်ဆိုတယ် ဈေးရောင်းတဲ့သူက ဘယ်ချိန် ထည့်လိုက်မှန်းမသိတဲ့ သစ်ပင်က ပိုးတွေပါ။ ဒါကြောင့် သွားပိုးချပေးသည်ဆိုတဲ့ စကားတွေကို မယုံစေချင်ပါဘူး။
သွားပိုးဆိုတာကြီးက ဘာလဲဆိုတာ သိပြီးရင် သွားပိုး ဘယ်လိုစားတယ်ဆိုတာ ပြောပြချင်ပါတယ်။
ကိုယ်စားလိုက်သမျှ အကြွင်းအကျန်တွေဟာ တံတွေးတွေနဲ့ရောပြီး သွားချေးအဖြစ် သွားတွေမှာကပ်ကျန်ခဲ့ပါတယ် ( တစ်ချို့မှာ သာမန်မျက်စိနဲ့ မြင်ရပီး တစ်ချို့ သွားချေတွေဆို ဆိုးဆေးနဲ့မှ မြင်ရတာမျိုး ရှိပါတယ်)
အာ့လို သွားချေး တွေမှာ ခုနက ပါးစပ်ထဲမှာရှိနေတဲ့ ဘတ်တီးရီးယားပိုးတွေက လာကပ်ကြပါတယ် ( သူတို့လည်း သက်ရှိဆိုတော့ အစာစားဖို့လိုတာပေါ့လေ)
အာ့လို ကပ်နေတဲ့ ဘတ်တီးရီးယားတွေက အစားတွေကနေ အကြွင်းအကျန်အနေနဲ့ အက်ဆစ်တွေ စွန့်ထုတ်ပါတယ်။ အဲ့ အက်စစ်က မှ ပါးစပ်ထဲက သွားတွေရဲ့ ကြွေလွှာ ဆင်စွယ်နှစ်လွှာတွေကို တဖြည်းဖြည်းစားပြီး သွားပိုးပေါက်တွေ အခေါင်းပေါက်တွေဖြစ်လာတာပါ။ ဒါကြောင့်မို့လို့ ညအိပ်ရာဝင်ခါနီးရင် သွားတိုက်ဖို့လိုတယ်ဆိုတာ သွားချေးတွေကို တတ်နိုင်သလောက်နည်းအောင်ပါ။ အဲ့ဒါမှ အက်ဆစ်ထွက်မယ့် ပမာဏနည်းသွားပြီး သွားပိုးပေါက်ဖြစ်တာကို ကာကွယ်ပေးနိုင်မှာပါ။
ဒါကြောင့် အနှစ်ချုပ်အနေနဲ့ ပါးစပ်ထဲက ပိုးတွေကို ကျလာအောင် ပလုတ်ကျင်းရုံနဲ့ မရပါဘူး မြင်လည်းမမြင်ရပါဘူး
သွားပိုးပေါက် မဖြစ်အောင် ကာကွယ်ဖို့က မနက်အိပ်ရာထနဲ့ ညအိပ်ရာမဝင်ခင် သွားတိုက်ပေးဖို့လိုပါတယ်။
သွားပုံမှန်တိုက်ပြီး ပိုးပေါက်ကင်းသော သွားလေးတွေ ပိုင်ဆိုင်နိုင်ပါစေ။
သွားပုံမှန် တိုက်ရဲ့သားနဲ့ သွားပိုးပေါက်ဖြစ်နေတုန်းပဲဆိုတဲ့ သူတွေအတွက် နောက်တစ်ခါ စနစ်မှန် သွားတိုက်နည်းအကြောင်း အသေးစိတ် တင်ပေးပါ့မယ်
ဒေါက်တာအေး (သွားဆေး)

သြားပိုးခ်တာ ပိုးေတြက်လာသတဲ့
ဒီေန႔ေခတ္ထိ လမ္းဆံု လမ္းခြ ၿမိဳ႕ထဲေတြမွာ သြားပိုးခ်သည္ ဆိုတဲ့ ဆိုင္းဘုတ္ေတြနဲ႔ လမ္းေဘးကဆိုင္ေတြ….
ကေလးေတြကို သြားတိုက္ခိုင္းလို႔ သြားမတိုက္ရင္ ပိုးေကာင္ေတြက သြားေတြကို ကိုက္လိမ့္မယ္ဆိုတဲ့ အေျပာေတြ….
တကယ္ေရာ ပါးစပ္ထဲက ပိုးေတြက သြားေတြကို ကိုက္ႏိုင္ပါသလားး
ပထမဆံုး ေျပာခ်င္တာက ပါးစပ္ထဲမွာ ရွိေနတာ ဘတ္တီးရီးယားလို႔ေခၚတဲ့ပိုးေတြပါ။ ဒီ ဘတ္တီးရီးယားပိုးေပါင္းက သန္းေပါင္းမ်ားစြာရွိပါတယ္။ ဒီဘတ္တီးရီးယားကို ျမင္ရဖို႔ဆိုတာ အဆေပါင္း သိန္း သန္းမက ခ်ဲ႕ၾကည့္လို႔ရတဲ့ မွန္ဘီလူးနဲ႔မွေတြ႕ရတာပါ။ ဒါေတာင္ဒီတိုင္းေတြ႕ရတာမဟုတ္ဘူး။ သူတို႔အတြက္ ထုတ္ထားတဲ့ ဆိုးေဆးေတြ ဆိုးၿပီးမွ ေတြ႕ရတာမ်ိဳးပါ။
အာ့လို မျမင္ရတဲ့ အေကာင္ေတြကို ပလုတ္က်င္းၿပီး ခ်လို႔ရတယ္ဆိုတာ ျဖစ္ႏိုင္ မျဖစ္ႏိုင္တာဆိုတာ စာဖတ္သူေတြ စဥ္းစားေတြးၾကည့္ရံုနဲ႔ သိႏိုင္ပါတယ္။ ပလုတ္က်င္းၿပီးက်လာတယ္ဆိုတယ္ ေစ်းေရာင္းတဲ့သူက ဘယ္ခ်ိန္ ထည့္လိုက္မွန္းမသိတဲ့ သစ္ပင္က ပိုးေတြပါ။ ဒါေၾကာင့္ သြားပိုးခ်ေပးသည္ဆိုတဲ့ စကားေတြကို မယံုေစခ်င္ပါဘူး။
သြားပိုးဆိုတာႀကီးက ဘာလဲဆိုတာ သိၿပီးရင္ သြားပိုး ဘယ္လိုစားတယ္ဆိုတာ ေျပာျပခ်င္ပါတယ္။
ကိုယ္စားလိုက္သမွ် အႂကြင္းအက်န္ေတြဟာ တံေတြးေတြနဲ႔ေရာၿပီး သြားေခ်းအျဖစ္ သြားေတြမွာကပ္က်န္ခဲ့ပါတယ္ ( တစ္ခ်ိဳ႕မွာ သာမန္မ်က္စိနဲ႔ ျမင္ရပီး တစ္ခ်ိဳ႕ သြားေခ်ေတြဆို ဆိုးေဆးနဲ႔မွ ျမင္ရတာမ်ိဳး ရွိပါတယ္)
အာ့လို သြားေခ်း ေတြမွာ ခုနက ပါးစပ္ထဲမွာရွိေနတဲ့ ဘတ္တီးရီးယားပိုးေတြက လာကပ္ၾကပါတယ္ ( သူတို႔လည္း သက္ရွိဆိုေတာ့ အစာစားဖို႔လိုတာေပါ့ေလ)
အာ့လို ကပ္ေနတဲ့ ဘတ္တီးရီးယားေတြက အစားေတြကေန အႂကြင္းအက်န္အေနနဲ႔ အက္ဆစ္ေတြ စြန္႔ထုတ္ပါတယ္။ အဲ့ အက္စစ္က မွ ပါးစပ္ထဲက သြားေတြရဲ႕ ေႂကြလႊာ ဆင္စြယ္ႏွစ္လႊာေတြကို တျဖည္းျဖည္းစားၿပီး သြားပိုးေပါက္ေတြ အေခါင္းေပါက္ေတြျဖစ္လာတာပါ။ ဒါေၾကာင့္မို႔လို႔ ညအိပ္ရာဝင္ခါနီးရင္ သြားတိုက္ဖို႔လိုတယ္ဆိုတာ သြားေခ်းေတြကို တတ္ႏိုင္သေလာက္နည္းေအာင္ပါ။ အဲ့ဒါမွ အက္ဆစ္ထြက္မယ့္ ပမာဏနည္းသြားၿပီး သြားပိုးေပါက္ျဖစ္တာကို ကာကြယ္ေပးႏိုင္မွာပါ။
ဒါေၾကာင့္ အႏွစ္ခ်ဳပ္အေနနဲ႔ ပါးစပ္ထဲက ပိုးေတြကို က်လာေအာင္ ပလုတ္က်င္းရံုနဲ႔ မရပါဘူး ျမင္လည္းမျမင္ရပါဘူး
သြားပိုးေပါက္ မျဖစ္ေအာင္ ကာကြယ္ဖို႔က မနက္အိပ္ရာထနဲ႔ ညအိပ္ရာမဝင္ခင္ သြားတိုက္ေပးဖို႔လိုပါတယ္။
သြားပံုမွန္တိုက္ၿပီး ပိုးေပါက္ကင္းေသာ သြားေလးေတြ ပိုင္ဆိုင္ႏိုင္ပါေစ။
သြားပံုမွန္ တိုက္ရဲ႕သားနဲ႔ သြားပိုးေပါက္ျဖစ္ေနတုန္းပဲဆိုတဲ့ သူေတြအတြက္ ေနာက္တစ္ခါ စနစ္မွန္ သြားတိုက္နည္းအေၾကာင္း အေသးစိတ္ တင္ေပးပါ့မယ္
ေဒါက္တာေအး (သြားေဆး)