ကလေးငယ်တွေ သွားဆေးခန်းကို မကြောက်စေဖို့
ဒီနိုင်ငံက ကလေးငယ်အများစုဟာ တစ်ခြားနိုင်ငံတွေက ကလေးငယ်တွေထက် သွားဆေးခန်းကို ပိုကြောက်လေ့ရှိကြပါတယ်။ အဲ့ဒီ ကြောက်တဲ့အစွဲဟာ အသက်ကြီးတဲ့အထိ ပါသွားတဲ့အခါ သွားဆရာဝန်တွေ ကုသပေးရခက်တဲ့ လူနာအမျိုးအစားတွေ ဖြစ်သွားတတ်ကြပါတယ်။
ဒီနိုင်ငံက ကလေးတွေ ဘာကြောင့် သွားဆေးခန်းကို အဲ့လောက်ကြောက်ကြသလဲ။
မိဘအများစုက ကလေးတွေငယ်ရွယ်စဉ်မှာ လိမ္မာအောင် ခြောက်လှန့်ဖို့ သုံးတဲ့စကားတွေထဲမှာ သွားဆရာဝန်တွေဟာ ဗီလိန်အကြီးစားတွေပါ။ ငိုနေတာကို အငိုတိတ်အောင် သွားဆရာဝန်ကို သွားလာနှုတ်ခိုင်းရမလား ဆေးလာထိုးခိုင်းရမလား လို့ခြောက်လှန့်တော့ ကလေးက အငိုတိတ်သွားပေမယ့် စိတ်ထဲမှာ သွားဆရာဝန်တွေဟာ သူတို့ကို နာကျင်အောင်လုပ်မယ့် မကောင်းဆိုးဝါးကြီးတွေအလား ထင်မှားသွားကြပါတယ်။ အဲ့ဒီလို brain wash လုပ်ခံလိုက်ရတဲ့ ကလေးအများစုဟာ သွားဆေးခန်းကို သွားရမှာ အရမ်းကြောက်တတ်သွားကြပါတယ်။
နောက်တစ်ခုက ကလေးတွေကိုဆို သွားဆေးခန်းကို သိပ်ပြီးသွားပြလေ့မရှိတာပါ။ ကလေးတွေဟာ မရင်းနှီးတဲ့အရာ မရင်းနှီးတဲ့ ပတ်ဝန်းကျင်ကိုဆို စူးစမ်းချင်တတ်ကြပေမယ့် သွားဆရာဝန်တွေကို ဗီလိန်နေရာမှာထားပြီး ခြောက်လှန့်ထားကြတော့ သွားဆေးခန်းဟာ မရင်းနှီးပေမယ့် ကြောက်စရာကောင်းတဲ့ နေရာတစ်ခုအဖြစ် စိတ်ထဲစွဲနေတတ်ကြပါတယ်။
ဆိုတော့ မိမိတို့ရင်သွေးလေးတွေရဲ့ သွားကျန်းမာရေးကို သေချာဂရုစိုက်ချင်ရင် ကျန်းမာရေးကိစ္စနဲ့ပတ်သက်တဲ့အရာတွေနဲ့ မခြောက်လှန့်မိဖို့ သတိထားပေးပါ။ ဆရာဝန်တွေ သွားဆရာဝန်တွေကို သူတို့ရဲ့ နုနယ်တဲ့စိတ်ထဲမှာ မကောင်းဆိုးဝါးတွေအဖြစ်မြင်သွားရင် behavior management သုံးပြီး ကုသပေးပေမယ့်လည်း ကိုင်တွယ်ရခက်ခဲတတ်ပါတယ်။ ကလေးငယ်စဉ်ကတည်းက သွားကျန်းမာရေးကို သေချာဂရုစိုက်ပေးပြီး သွားဆေးခန်းကို ခြောက်လတစ်ကြိမ် သို့ တစ်နှစ်တစ်ကြိမ် မှန်မှန်ပြလို့ သွားဆေးခန်းနဲ့ သွားဆရာဝန်နဲ့ ရင်းနှီးနေအောင် လုပ်ပေးထားပါ။ ဒါမှသာ တကယ်တမ်း သွားပိုးဖယ်တဲ့စက်ပစ္စည်းတွေသုံးပြီး ကုရမယ့် အနေအထားတွေ၊ သွားနှုတ်ရမယ့် အနေအထားတွေမှာ အေးအေးဆေးဆေးလွယ်လွယ်ကူကူ ကုသပေးနိုင်မှာ ဖြစ်ပြီး ကလေးရဲ့စိတ်လုံခြုံမှုတွေ သွားကျန်းမာရေးတွေဟာ ကောင်းမွန်နေမှာပါ။
မေတ္တာဖြင့်
သုဈာန်
ကေလးငယ္ေတြ သြားေဆးခန္းကို မေၾကာက္ေစဖို႔
ဒီႏိုင္ငံက ကေလးငယ္အမ်ားစုဟာ တစ္ျခားႏိုင္ငံေတြက ကေလးငယ္ေတြထက္ သြားေဆးခန္းကို ပိုေၾကာက္ေလ့ရွိၾကပါတယ္။ အဲ့ဒီ ေၾကာက္တဲ့အစြဲဟာ အသက္ႀကီးတဲ့အထိ ပါသြားတဲ့အခါ သြားဆရာဝန္ေတြ ကုသေပးရခက္တဲ့ လူနာအမ်ိဳးအစားေတြ ျဖစ္သြားတတ္ၾကပါတယ္။
ဒီႏိုင္ငံက ကေလးေတြ ဘာေၾကာင့္ သြားေဆးခန္းကို အဲ့ေလာက္ေၾကာက္ၾကသလဲ။
မိဘအမ်ားစုက ကေလးေတြငယ္႐ြယ္စဥ္မွာ လိမၼာေအာင္ ေျခာက္လွန႔္ဖို႔ သုံးတဲ့စကားေတြထဲမွာ သြားဆရာဝန္ေတြဟာ ဗီလိန္အႀကီးစားေတြပါ။ ငိုေနတာကို အငိုတိတ္ေအာင္ သြားဆရာဝန္ကို သြားလာႏႈတ္ခိုင္းရမလား ေဆးလာထိုးခိုင္းရမလား လို႔ေျခာက္လွန႔္ေတာ့ ကေလးက အငိုတိတ္သြားေပမယ့္ စိတ္ထဲမွာ သြားဆရာဝန္ေတြဟာ သူတို႔ကို နာက်င္ေအာင္လုပ္မယ့္ မေကာင္းဆိုးဝါးႀကီးေတြအလား ထင္မွားသြားၾကပါတယ္။ အဲ့ဒီလို brain wash လုပ္ခံလိုက္ရတဲ့ ကေလးအမ်ားစုဟာ သြားေဆးခန္းကို သြားရမွာ အရမ္းေၾကာက္တတ္သြားၾကပါတယ္။
ေနာက္တစ္ခုက ကေလးေတြကိုဆို သြားေဆးခန္းကို သိပ္ၿပီးသြားျပေလ့မရွိတာပါ။ ကေလးေတြဟာ မရင္းႏွီးတဲ့အရာ မရင္းႏွီးတဲ့ ပတ္ဝန္းက်င္ကိုဆို စူးစမ္းခ်င္တတ္ၾကေပမယ့္ သြားဆရာဝန္ေတြကို ဗီလိန္ေနရာမွာထားၿပီး ေျခာက္လွန႔္ထားၾကေတာ့ သြားေဆးခန္းဟာ မရင္းႏွီးေပမယ့္ ေၾကာက္စရာေကာင္းတဲ့ ေနရာတစ္ခုအျဖစ္ စိတ္ထဲစြဲေနတတ္ၾကပါတယ္။
ဆိုေတာ့ မိမိတို႔ရင္ေသြးေလးေတြရဲ႕ သြားက်န္းမာေရးကို ေသခ်ာဂ႐ုစိုက္ခ်င္ရင္ က်န္းမာေရးကိစၥနဲ႔ပတ္သက္တဲ့အရာေတြနဲ႔ မေျခာက္လွန႔္မိဖို႔ သတိထားေပးပါ။ ဆရာဝန္ေတြ သြားဆရာဝန္ေတြကို သူတို႔ရဲ႕ ႏုနယ္တဲ့စိတ္ထဲမွာ မေကာင္းဆိုးဝါးေတြအျဖစ္ျမင္သြားရင္ behavior management သုံးၿပီး ကုသေပးေပမယ့္လည္း ကိုင္တြယ္ရခက္ခဲတတ္ပါတယ္။ ကေလးငယ္စဥ္ကတည္းက သြားက်န္းမာေရးကို ေသခ်ာဂ႐ုစိုက္ေပးၿပီး သြားေဆးခန္းကို ေျခာက္လတစ္ႀကိမ္ သို႔ တစ္ႏွစ္တစ္ႀကိမ္ မွန္မွန္ျပလို႔ သြားေဆးခန္းနဲ႔ သြားဆရာဝန္နဲ႔ ရင္းႏွီးေနေအာင္ လုပ္ေပးထားပါ။ ဒါမွသာ တကယ္တမ္း သြားပိုးဖယ္တဲ့စက္ပစၥည္းေတြသုံးၿပီး ကုရမယ့္ အေနအထားေတြ၊ သြားႏႈတ္ရမယ့္ အေနအထားေတြမွာ ေအးေအးေဆးေဆးလြယ္လြယ္ကူကူ ကုသေပးႏိုင္မွာ ျဖစ္ၿပီး ကေလးရဲ႕စိတ္လုံၿခဳံမႈေတြ သြားက်န္းမာေရးေတြဟာ ေကာင္းမြန္ေနမွာပါ။
ေမတၱာျဖင့္
သုဈာန္