ပါးစပ်ထဲမှာကျောက်တွေပိုင်တဲ့ ကျောက်သူဌေး
လူနာတွေ သွားဆေးခန်းလာတဲ့အခါ များသောအားဖြင့် သွားတွေမှာ ကျောက်တွေတွေ့ရလေ့ရှိပါတယ် ( အရပ်အခေါ် ချိုးတတ်တယ်လို့ခေါ်ကြတယ်) ဆရာဝန်က စေတနာနဲ့ ကျောက်ခြစ်ပေးမလို့ လုပ်ရင်တောင် တီကောင်ဆားတွန့်သလို တွန့်ပြီး မခြစ်ချင်ဘူးဆိုပြီး အတင်းငြင်းကြပါတယ်။ သူတို့စိတ်ထဲမှာ သွားကျောက်တွေက သွားကိုပိုခိုင်အောင် အင်္ဂတေမံပေးထားသလိုထင်နေတတ်ကြလို့ပါ။ တစ်ချို့ကလည်း ကျောက်တွေမရှိရင် အာ့နေရာမှာ ဟနေတယ်ထင်ကြလို့ မခြစ်ချင်ကြပါဘူး။ ဒီကျောက်တွေပါးစပ်ထဲ သူ့ဘာသာနေတာ လူကို ဒုက္ခမပေးနိုင်ဘူးလို့ ထင်ရပါတယ်။ အမှန်က သူ့လောက်ဒုက္ခပေးမှာ သူပဲရှိပါတယ်။
တကယ်တော့ သွားကျောက် စဖြစ်လာတာ သွားချေးဆိုတဲ့ အရာတွေရယ် တံတွေးထဲကဓာတ်တစ်ချို့နဲ့ပေါင်းပြီး အချိန်အတိုင်းအတာတစ်ခုကြာလာတဲ့အခါသွားကျောက်စဖြစ်လာပါတယ်။ အရင်ကလည်း ပြောဖူးပါတယ် သွားချေးဆိုတာ သွားကို ပုံမှန်နဲ့စနစ်တကျတိုက်သူမှာတောင် ကျန်နေတတ်တာမို့ လူတိုင်း ကျောက်ကတော့အနည်းနဲ့အများ ရှိကြပါတယ်။ ဒီကျောက်တွေရှိတဲ့နေရာမှာ ကြာလာရင် ပထမ အဆင့်အနေနဲ့ အာ့နေရာလေးတွေမှာ နီရဲပြီး ဖောင်းနေတာလေးတွေရှိပါမယ်။ နောက်ပိုင်းသွားတိုက်တဲ့အခါ သွားဖုံးကနေ သွေးထွက်ပြီးနာလာမယ်။ အာ့အချိန်မှာမှ ကျောက်ကိုမခြစ်ရင် သွားဖုံးသားလေးတွေ နိမ့်ကျလာတာမို့ သွားက ရှည်ထွက်လာတယ်ထင်ရပါမယ်။ ဒါကို ရေစီးကမ်းပြိုလိုက်တယ် ခေါ်ပါတယ်။ ကြာလာရင် သွားတွေက သူ့ဘာသာ နဲ့လာပြီး ကျွတ်ထွက်လာပါတယ်။ ပါးစပ်လည်းနံလာပါတယ်။
နောက်တစ်ခုက သွားကျောက်က သူ့ဘာသာ အပိုင်းလေးတွေ ကွာကျသွားတတ်ပါတယ်။ အာ့လိုကွာကျရင်တော့ ဘယ်တော့မှ အသစ်ထပ်မဖြစ်တော့မယ့် သွားကို ကာကွယ်ပေးနေတဲ့ကြွေလွှာလေးတွေပါ ပဲ့ပြီးပါသွားပါတယ်။
ဒီလိုဒုက္ခပေးတတ်တဲ့ သွားကျောက်ကို အနည်းဆုံး ၆ လ တစ်ခါ (သို့မဟုတ်) ၈ လ တစ်ခါ ကျောက်ခြစ်သင့်ပါတယ်။ အာ့လိုခြစ်ပေးတဲ့အခါ အရင်ကသွားကျောက်နေရာယူထားတဲ့ နေရာလေးတွေမှာ သွားဖုံးသားလေးတွေက နေရာပြန်ယူလိုက်တာမို့ သွားကျဲတာမျိုး ဟနေတာမျိုးတွေဖြစ်မလာပါဘူး ( အာ့လိုနေသားတကျမဖြစ်တာလေးတွေဟာ သွားခြစ်ပြီး ၃ ရက်လောက်နေရင် သက်သာသွားတတ်ပါတယ်)
နေရင်လည်း ဒုက္ခပေး ကွာကျရင်လည်း ဒုက္ခပေးတတ်တဲ့ သွားကျောက်လေးတွေခြစ်ရင်း ခံတွင်းကျန်းမာရေးကို ဂရုစိုက်ကြပါစို့ ????
အသက်ကြီးပေမယ့် မပျက်စီးအောင် ထိန်းနိုင်ပါတယ်။
ဒေါက်တာအေး (သွားဆေး)
ပါးစပ္ထဲမွာေက်ာက္ေတြပိုင္တဲ့ ေက်ာက္သူေဌး
လူနာေတြ သြားေဆးခန္းလာတဲ့အခါ မ်ားေသာအားျဖင့္ သြားေတြမွာ ေက်ာက္ေတြေတြ႕ရေလ့ရွိပါတယ္ ( အရပ္အေခၚ ခ်ိဳးတတ္တယ္လို႔ေခၚၾကတယ္) ဆရာဝန္က ေစတနာနဲ႔ ေက်ာက္ျခစ္ေပးမလို႔ လုပ္ရင္ေတာင္ တီေကာင္ဆားတြန္႔သလို တြန္႔ၿပီး မျခစ္ခ်င္ဘူးဆိုၿပီး အတင္းျငင္းၾကပါတယ္။ သူတို႔စိတ္ထဲမွာ သြားေက်ာက္ေတြက သြားကိုပိုခိုင္ေအာင္ အဂၤေတမံေပးထားသလိုထင္ေနတတ္ၾကလို႔ပါ။ တစ္ခ်ိဳ႕ကလည္း ေက်ာက္ေတြမရွိရင္ အာ့ေနရာမွာ ဟေနတယ္ထင္ၾကလို႔ မျခစ္ခ်င္ၾကပါဘူး။ ဒီေက်ာက္ေတြပါးစပ္ထဲ သူ႔ဘာသာေနတာ လူကို ဒုကၡမေပးႏိုင္ဘူးလို႔ ထင္ရပါတယ္။ အမွန္က သူ႔ေလာက္ဒုကၡေပးမွာ သူပဲရွိပါတယ္။
တကယ္ေတာ့ သြားေက်ာက္ စျဖစ္လာတာ သြားေခ်းဆိုတဲ့ အရာေတြရယ္ တံေတြးထဲကဓာတ္တစ္ခ်ိဳ႕နဲ႔ေပါင္းၿပီး အခ်ိန္အတိုင္းအတာတစ္ခုၾကာလာတဲ့အခါသြားေက်ာက္စျဖစ္လာပါတယ္။ အရင္ကလည္း ေျပာဖူးပါတယ္ သြားေခ်းဆိုတာ သြားကို ပံုမွန္နဲ႔စနစ္တက်တိုက္သူမွာေတာင္ က်န္ေနတတ္တာမို႔ လူတိုင္း ေက်ာက္ကေတာ့အနည္းနဲ႔အမ်ား ရွိၾကပါတယ္။ ဒီေက်ာက္ေတြရွိတဲ့ေနရာမွာ ၾကာလာရင္ ပထမ အဆင့္အေနနဲ႔ အာ့ေနရာေလးေတြမွာ နီရဲၿပီး ေဖာင္းေနတာေလးေတြရွိပါမယ္။ ေနာက္ပိုင္းသြားတိုက္တဲ့အခါ သြားဖံုးကေန ေသြးထြက္ၿပီးနာလာမယ္။ အာ့အခ်ိန္မွာမွ ေက်ာက္ကိုမျခစ္ရင္ သြားဖံုးသားေလးေတြ နိမ့္က်လာတာမို႔ သြားက ရွည္ထြက္လာတယ္ထင္ရပါမယ္။ ဒါကို ေရစီးကမ္းၿပိဳလိုက္တယ္ ေခၚပါတယ္။ ၾကာလာရင္ သြားေတြက သူ႔ဘာသာ နဲ႔လာျပီး ကၽြတ္ထြက္လာပါတယ္။ ပါးစပ္လည္းနံလာပါတယ္။
ေနာက္တစ္ခုက သြားေက်ာက္က သူ႔ဘာသာ အပိုင္းေလးေတြ ကြာက်သြားတတ္ပါတယ္။ အာ့လိုကြာက်ရင္ေတာ့ ဘယ္ေတာ့မွ အသစ္ထပ္မျဖစ္ေတာ့မယ့္ သြားကို ကာကြယ္ေပးေနတဲ့ေႂကြလႊာေလးေတြပါ ပဲ့ၿပီးပါသြားပါတယ္။
ဒီလိုဒုကၡေပးတတ္တဲ့ သြားေက်ာက္ကို အနည္းဆံုး ၆ လ တစ္ခါ (သို႔မဟုတ္) ၈ လ တစ္ခါ ေက်ာက္ျခစ္သင့္ပါတယ္။ အာ့လိုျခစ္ေပးတဲ့အခါ အရင္ကသြားေက်ာက္ေနရာယူထားတဲ့ ေနရာေလးေတြမွာ သြားဖံုးသားေလးေတြက ေနရာျပန္ယူလိုက္တာမို႔ သြားက်ဲတာမ်ိဳး ဟေနတာမ်ိဳးေတြျဖစ္မလာပါဘူး ( အာ့လိုေနသားတက်မျဖစ္တာေလးေတြဟာ သြားျခစ္ၿပီး ၃ ရက္ေလာက္ေနရင္ သက္သာသြားတတ္ပါတယ္)
ေနရင္လည္း ဒုကၡေပး ကြာက်ရင္လည္း ဒုကၡေပးတတ္တဲ့ သြားေက်ာက္ေလးေတြျခစ္ရင္း ခံတြင္းက်န္းမာေရးကို ဂ႐ုစိုက္ၾကပါစို႔ ????
အသက္ႀကီးေပမယ့္ မပ်က္စီးေအာင္ ထိန္းႏိုင္ပါတယ္။
ေဒါက္တာေအး (သြားေဆး)