” ရိုးရိုးမွေးမလား ခွဲမွေးမလား “

အိမ်ထောင်ရှင်အမျိုးသမီးတို့အတွက် သားသမီးယူတော့မယ်ဆိုရင် ဘယ်လိုမွေးကြမလဲဆိုတာကိုစဉ်းစားပူပန်ရတာဟာလည်းအလုပ်တစ်ခုပါပဲ။ အချို့က ရိုးရိုးမွေးဖို့အကြံပေးကြသလို အချို့ကလည်း နာကျင်မှုသက်သာဖို့ ခွဲမွေးစေချင်ကြတဲ့ကြားမှာ ဘာလုပ်ရမှန်းမသိ ဗျာများနေတတ်ပါတယ်။ ဒါကြောင့် ရိုးရိုးမွေးနဲ့ ခွဲမွေးခြင်းတို့ရဲ့ အားသာချက် အားနည်းချက်တွေကိုတင်ပြလိုက်ပါတယ်။

ရိုးရိုးမွေးခြင်းရဲ့အားသာချက်များ

  • ၁။ ရိုးရိုးမွေးတဲ့အခါ ကိုယ့်ရဲ့ကလေးငယ်ကို မိဘက အားစိုက်မွေးထားတဲ့အတွက် ပိုမိုသံယောဇဉ်ရှိပြီး နောက်ထပ်ကလေးမွေးမယ်ဆိုရင်လည်း အတွေ့အကြုံရှိထားတဲ့အတွက် စိုးရိမ်စိတ်နည်းစေတယ်လို့ဆိုပါတယ်။
  • ၂။ ရိုးရိုးမွေးတဲ့အခါ အနာကျက်ပိုမြန်တဲ့အတွက် မိခင်ရဲ့တစ်နေ့တာ လုပ်ဖွယ်ဆောင်တာတွေကို မြန်မြန်ဆန်ဆန်ပြန်လည် လှုပ်ရှားလုပ်ကိုင်လာနိုင်ပါတယ်။
  • ၃။ ရိုးရိုးမွေးပြီး ကြီးပြင်းလာတဲ့ကလေးငယ်တွေဟာ ခွဲမွေးတဲ့ကလေးတွေထက် ကျန်းမာရေးချို့ယွင်းမှုကြောင့် ဆေးကုရခြင်း ပိုမိုနည်းတယ်လို့ဆိုပါတယ်။

ရိုးရိုးမွေးခြင်းရဲ့ဆိုးကျိုးလေးတွေ

  • ၁။ ရိုးရိုးမွေးတဲ့အခါ ဘယ်အချိန်မှာမှ ကလေးငယ်ရယ်ထွက်လာပါမယ်ကို သေချာမသိနိုင်ပါဘူး။ ဒါကြောင့်မွေးချိန်ကြာမှာကိုစိတ်ပူရတတ်ပါတယ်။
  • ၂။ ရိုးရိုးမွေးမယ်လို့ဆုံးဖြတ်ထားပေမယ့် အခန့်မသင့်လို့မွေးဖွားရခက်ခဲမယ်၊ မွေးချိန်ကြာမယ်ဆိုရင် ခွဲမွေးရနိုင်တာကိုလည်း နားလည်သိရှိထားရမှာဖြစ်ပါတယ်။

ခွဲမွေးခြင်းရဲ့အကျိုးကျေးဇူးတွေ

  • ၁။ ခွဲမွေးခြင်းရဲ့အကောင်းဆုံးအားသာချက်ကတော့ မီးတွင်းရဲ့နာကျင်မှုဒဏ်တွေကင်းဝေးခြင်းပါပဲ။ လွယ်လင့်တကူခွဲစိတ် မွေးဖွားနိုင်တဲ့ကိုယ်ဝန်သာဆိုရင်တော့ မိနစ်အနည်းငယ်အတွင်း အောင်မြင်စွာ မနာမကျင်မွေးဖွားနိုင်မှာပဲဖြစ်ပါတယ်။
  • ၂။ ရိုးရိုးမွေးစဉ်ဖြစ်ပွားနိုင်တဲ့ပူပန်ရမှုတွေ၊ ကလေးငယ် ညှပ်ဆွဲရမလား လေစုပ်ရမလား စတဲ့ပူပင်မှုတွေဟာလည်း ခွဲမွေးတဲ့အခါမှာစဉ်းစားစရာမလိုတဲ့အချက်တွေပါပဲ။

ခွဲမွေးခြင်းရဲ့ဆိုးကျိုးလေးတွေ

  • ၁။ ခွဲစိတ်ခန်းဝင်ထားရခြင်းဖြစ်တဲ့အတွက် ရိုးရိုးမွေးခြင်းလောက်အနာကျက်မမြန်ပါဘူး။ ဒါ့ကြောင့် ဆေးရုံမှာရိုးရိုးမွေးခြင်းထက်ပိုပြီး ကြာကြာနေရပါလိမ့်မယ်။
  • ၂။ ခွဲမွေးထားတဲ့မိခင်တွေဟာ အနည်းနဲ့အများဆိုသလို ရိုးရိုးမွေးတဲ့မိခင်တွေလောက်မိခင်နို့ရည်ထွက်ခြင်းမရှိတာ၊ နှောင့်နှေးတာတွေရှိတတ်ပါတယ်။

ဒါကြောင့် ဘယ်ပုံဘယ်နည်းနဲ့မွေးပါလို့မတိုက်တွန်းလိုဘဲ မိမိတို့အတွက်အဆင်ပြေမယ့် အားသာချက်အားနည်းချက်မျှတမယ်ထင်တဲ့နည်းလမ်းကိုရွေးချယ်ကြပါလို့တိုက်တွန်းပါတယ်။

မေတ္တာဖြင့်
စိုင်းမြတ်သူ

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *