” ရာသီစက်ဝန်းကို ထိန်းချုပ်ခြင်း “
ပျိုမေတို့ဆီ လစဉ်အချိန်မှန်အလည်လာလေ့ရှိတဲ့ ရာသီဓမ္မတာ စက်ဝန်းကို ရက်နောက်ဆုတ်အောင် (သို့်) မလာအောင် နေ့စဉ်တားသန္ဓေတားဆေးနဲ့ ရက်ရွှေ့ကြတယ်ဆိုတာ ကြားဖူးကြပါလိမ့်မယ်။
ဘယ်လိုလူမျိုးတွေမှာအသုံးပြုလေ့ရှိလဲဆိုရင်
- သွေးအာနည်းရောဂါ၊သားအိမ်ပြင်ပတွင် သားအိမ်တစ်သျှူး ပြန့်ပွားခြင်းရောဂါ စတဲ့ရာသီသွေးဆင်းခြင်းကြောင့် ပိုဆိုးနိုင်တဲ့ အခြေအနေများ
- စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ဝေဒနာအခြေအနေတွေကြောင့် လစဉ်သုံးပစ္စည်းတွေသုံးရာမှာ အခက်အခဲရှိသူများ
- ရာသီမလာမီ တစ်ပတ် ဆယ်ရက်အတွင်း ခံစားရတဲ့ စိတ်အတက်အကျမြန်ခြင်း၊ရင်သားများနာကျင်ခြင်း၊မအီမသာဖြစ်ခြင်း စတာတွေကို ပုံမှန်ထက်ဆိုးရွားစွာခံစားရသူများ
- ရာသီသွေးအလွန်အမင်းအဆင်းများသူများ
- ရာသီစက်ဝန်းကြောင့် အဆင်မပြေဖြစ်နိုင်သည့်ပွဲလမ်းသဘင် သွားစရာရှိသူများ(ဥပမာ – သင်္ကြန်၊ အားကစားပွဲ၊အရေးကြီးသောစာမေးပွဲများ၊ခရီးထွက်ခြင်း စသဖြင့်)
စတဲ့အခြေအနေတွေမှာ သုံးတတ်ကြပါတယ်။
ဒီလိုရာသီစက်ဝန်းရွှေ့ခြင်းကို အမျိုးသမီးတိုင်းလုပ်လို့ရလားလို့မေးရင် ဆရာဝန်နဲ့သေချာတိုက်ပင်ပြီးမှ ဆောင်ရွက်တာအကောင်းဆုံးပါလို့ အကြံပြုပါရစေ။
ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ ရေရှည်ရာသီစက်ဝန်းတားမယ့် ပျိုမေတို့အနေနဲ့ အစပိုင်းလတွေမှာ ရာသီသွေးအနည်းငယ်ဆင်း ခြင်း ရှိနိုင်ပါတယ်။ဒါဟာ နောက်ပိုင်းလတွေမှာတော့ တစတစ နည်းသွားနိုင်ပါတယ်။
သင်္ကြန်လည်းနီးလာပြီဆိုတော့ သင်္ကြန်တွင်း လွပ်လွပ်လပ်လပ်ပျော်ချင်တဲ့ ပျိုမေတို့အတွက် ဗဟုသုတအဖြစ်မျှဝေပေးလိုက်ရပါတယ်။
မေ (ဆေး ၂)