မတ်မတ်ကယ်လျှောက်ပါတော့ ဖေဖေမေမေတစ်မော့မော့

ကလေးငယ်တစ်ယောက်မှာ သူ့ဘဝရဲ့ ပထမဆုံး ၂နှစ်မှာ ကြီးထွားဖွံ့ဖြိုးမှုအများအပြားကို သင်ယူတတ်မြောက်ရပါတယ်။ ဒီအထဲမှာ လမ်းလျှောက်ခြင်းလည်းပါဝင်ပါတယ်။ ယေဘူယျအားဖြင့် ကလေးငယ်တစ်ဦးဟာ အသက် ၁၁လ မှ ၁၅လအတွင်း လမ်းစမ်းပြီး လျှောက်စပြုပါပြီ။ အကယ်၍ ၁၈လကျော်သည်အထိ လမ်းမလျှောက်သေးရင်တော့ စတင်ပြီးစိုးရိမ်ရပါပြီ။ ဒါပေမယ့် အခြားသောဖွံ့ဖြိုးမှုများ၊ ခန္ဓာကိုယ်ကြံခိုင်မှုများ ပုံမှန်ရှိတယ်ဆိုရင်တော့ စောင့်ကြည့်နိုင်ပါသေးတယ်။ ဒါဆိုရင် စိတ်ပူရတဲ့ လမ်းလျှောက်နှေးခြင်းနဲ့ အခြားအကြောင်းအရာတွေက ဘာတွေများလဲ ကြည့်ကြရအောင်။

img

၁.. စီပီ သူငယ်နာရောဂါ

မွေးချိန်မှာသွေးပေါင်၊ ရေပေါင်သောကြောင့်သော်လည်းကောင်း မွေးဖွားပြီးမှ ဦးနှောက်အမြှေးရောင်ခြင်း၊ အသားဝါတက်ခြင်းကြောင့်သော်လည်းကောင်း သူငယ်နာဖြစ်တဲ့ကလေးတွေဟာ ဖွံ့ဖြိုးမှုနောက်ကျသလို လမ်းလျှောက်လည်းနောက်ကျတတ်ပါတယ်။

၂. နာတာရှည် ကလေးငယ်

တစ်နှစ်အောက်ကလေးငယ်အရွယ်မှာ နာတာရှည်ရောဂါကြောင့် အိပ်ယာပေါ်မှာလဲလျောင်းလျက်အချိန်ကုန်ရတဲ့ကလေးများဟာ လမ်းလျှောက်ခြင်း၊ မတ်မတ်ရပ်ခြင်းနည်းပါးတဲ့အတွက် သာမန်ကလေးများထက် လမ်းလျှောက်ချိန်နောက်ကျတတ်ပါတယ်။

၃. မွေးရာပါကြွက်သားအားနည်းသောရောဂါများ

အချို့ကလေးတွေမှာ မျိုးရိုးဗီဇကြောင့် မွေးရာပါကြွက်သားအားနည်းခြင်း (ဥပမာ Duchenne Muscular Dystrophy) ရောဂါပါလာတတ်ပါတယ်။ ဒီအခါမှာ ကလေးငယ်ရဲ့ခြေထောက်ခြေထောက်တွေဟာ မတ်မတ်ရပ်ဖို့ အားပြုဖို့အတွက် အားအင်မလုံလောက်တဲ့အတွက်လမ်းမလျှောက်နိုင်တော့ပါဘူး။

အကြမ်းဖျင်းအားဖြင့် ယောကျ်ားကလေးတွေဟာ မိန်းကလေးတွေထက် လမ်းလျှောက်နောက်ကျတတ်ပါတယ်။ အထူးသဖြင့် ဖင်တရွတ်ဆွဲသွားတတ်တဲ့ကလေးတွေဟာ သဘာဝအလျောက်ကို လမ်းလျှောက်နောက်ကျတတ်ပါတယ်။ ဒါ့ကြောင့်အခြားသော ချို့ယွင်းချက်များမရှိဘဲ လမ်းလျှောက်တာတစ်ခုပဲနောက်ကျတာဆိုရင်တော့ တက်လက်စောင့်ကြည့်စေချင်ကြောင်းတင်ပြရင်း။

မေတ္တာဖြင့်

စိုင်းမြတ်သူ

မတ္မတ္ကယ္ေလ်ွာက္ပါေတာ့ ေဖေဖေမေမတစ္ေမာ့ေမာ့

ကေလးငယ္တစ္ေယာက္မွာ သူ႔ဘဝရဲ႕ ပထမဆံုး ၂ႏွစ္မွာ ႀကီးထြားဖြံ႔ၿဖိဳးမႈအမ်ားအျပားကို သင္ယူတတ္ေျမာက္ရပါတယ္။ ဒီအထဲမွာ လမ္းေလ်ွာက္ျခင္းလည္းပါဝင္ပါတယ္။ ေယဘူယ်အားျဖင့္ ကေလးငယ္တစ္ဦးဟာ အသက္ ၁၁လ မွ ၁၅လအတြင္း လမ္းစမ္းၿပီး ေလ်ွာက္စျပဳပါၿပီ။ အကယ္၍ ၁၈လေက်ာ္သည္အထိ လမ္းမေလ်ွာက္ေသးရင္ေတာ့ စတင္ၿပီးစိုးရိမ္ရပါၿပီ။ ဒါေပမယ့္ အျခားေသာဖြံ႔ၿဖိဳးမႈမ်ား၊ ခႏၶာကုိယ္ၾကံခိုင္မႈမ်ား ပံုမွန္႐ွိတယ္ဆိုရင္ေတာ့ ေစာင့္ၾကည့္ႏိုင္ပါေသးတယ္။ ဒါဆိုရင္ စိတ္ပူရတဲ့ လမ္းေလ်ွာက္ေႏွးျခင္းနဲ႔ အျခားအေၾကာင္းအရာေတြက ဘာေတြမ်ားလဲ ၾကည့္ၾကရေအာင္။

img

၁.. စီပီ သူငယ္နာေရာဂါ

ေမြးခ်ိန္မွာေသြးေပါင္၊ ေရေပါင္ေသာေၾကာင့္ေသာ္လည္းေကာင္း ေမြးဖြားၿပီးမွ ဦးေႏွာက္အေျမႇးေရာင္ျခင္း၊ အသားဝါတက္ျခင္းေၾကာင့္ေသာ္လည္းေကာင္း သူငယ္နာျဖစ္တဲ့ကေလးေတြဟာ ဖြံ႔ၿဖိဳးမႈေနာက္က်သလို လမ္းေလ်ွာက္လည္းေနာက္က်တတ္ပါတယ္။

၂. နာတာ႐ွည္ ကေလးငယ္

တစ္ႏွစ္ေအာက္ကေလးငယ္အရြယ္မွာ နာတာ႐ွည္ေရာဂါေၾကာင့္ အိပ္ယာေပၚမွာလဲေလ်ာင္းလ်က္အခ်ိန္ကုန္ရတဲ့ကေလးမ်ားဟာ လမ္းေလ်ွာက္ျခင္း၊ မတ္မတ္ရပ္ျခင္းနည္းပါးတဲ့အတြက္ သာမန္ကေလးမ်ားထက္ လမ္းေလ်ွာက္ခ်ိန္ေနာက္က်တတ္ပါတယ္။

၃. ေမြးရာပါႂကြက္သားအားနည္းေသာေရာဂါမ်ား

အခ်ိဳ႕ကေလးေတြမွာ မ်ိဳး႐ိုးဗီဇေၾကာင့္ ေမြးရာပါႂကြက္သားအားနည္းျခင္း (ဥပမာ Duchenne Muscular Dystrophy) ေရာဂါပါလာတတ္ပါတယ္။ ဒီအခါမွာ ကေလးငယ္ရဲ႕ေျခေထာက္ေျခေထာက္ေတြဟာ မတ္မတ္ရပ္ဖို႔ အားျပဳဖို႔အတြက္ အားအင္မလံုေလာက္တဲ့အတြက္လမ္းမေလ်ွာက္ႏိုင္ေတာ့ပါဘူး။

အၾကမ္းဖ်င္းအားျဖင့္ ေယာက်္ားကေလးေတြဟာ မိန္းကေလးေတြထက္ လမ္းေလ်ွာက္ေနာက္က်တတ္ပါတယ္။ အထူးသျဖင့္ ဖင္တရြတ္ဆြဲသြားတတ္တဲ့ကေလးေတြဟာ သဘာဝအေလ်ာက္ကို လမ္းေလ်ွာက္ေနာက္က်တတ္ပါတယ္။ ဒါ့ေၾကာင့္အျခားေသာ ခ်ိဳ႕ယြင္းခ်က္မ်ားမ႐ွိဘဲ လမ္းေလ်ွာက္တာတစ္ခုပဲေနာက္က်တာဆိုရင္ေတာ့ တက္လက္ေစာင့္ၾကည့္ေစခ်င္ေၾကာင္းတင္ျပရင္း။

ေမတၱာျဖင့္

စိုင္းျမတ္သူ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *