စကားပြော နောက်ကျသော ကလေး

သင့်ကလေးဟာ အရွယ်တူ တခြားကလေးတွေနဲ့ ယှဉ်ရင် စကားမပြောသေးတာ ဖြစ်နေပါသလား ။

သင့်ကလေးကို စကားပြောတတ်ဖို့ ကိုယ်က စကားလုံးတွေ သင်ပေးသော်လည်း လိုက်မပြောတတ်လို့ စိတ်ညစ်ဖူးပါသလား ။

သင့်ကလေးဟာ စကားပြောနောက်ကျတတ်တဲ့ ကလေးဖြစ်နိုင်ပါတယ် ။ ပုံမှန်အားဖြင့်ဆိုရင် ကလေးတွေဟာ သူတို့အသက် ၉လလောက်မှာ စပြီးစကားစပြောပါတယ် ။“မေမေ ၊ဖေဖေ” စသဖြင့် စာလုံးတူ ၂ခုပါတာကို စတင်ပြောတတ်နေပါပြီ ။တဖြည်းဖြည်းနဲ့ စကားလုံးတွေ သင်ယူရင်း အသက် ၂နှစ်လောက်ဆို ကောင်းကောင်း ပြောတတ်နေပါပြီ ။

ဘယ်လိုအချိန်မှာ သင့်ကလေးကို စကားပြောနောက်ကျတယ်လို့ ဆိုမလဲ။

တခြား ဖွံ့ဖြိုးမှုများမှာ တခြားကလေးတွေနဲ့ တူတယ် ။စကားပြောတာတစ်ခုပဲ နောက်ကျတယ်ဆိုရင် စကားပြောနောက်ကျတတ်တဲ့ကလေး ဖြစ်ဖို့များပါတယ် ။အထူးသဖြင့် အောက်ပါအချက်တွေရှိရင် ပြောနိုင်ပါတယ် ။

-ကလေး အသက် ၁၈-၂၀ လရောက်တဲ့အထိ စကားလုံးက ၂၄လုံးအောက်ပဲ ပြော တတ်သေးရင်

-ကလေး အသက် ၂၁-၂၄ လရောက်တဲ့အထိ စကားလုံးက ၄၀လုံးအောက်ပဲ ပြော တတ်သေးရင်

-ကလေး အသက် ၂၄-၃၀ လရောက်တဲ့အထိ စကားလုံးက ၁၀၀လုံးအောက်ပဲ ပြော တတ်သေးရင်

စကားပြောနောက်ကျတယ်လို့ ဆိုနိုင်ပါတယ် ။ဒါပေမယ့် ကျန်တဲ့ဖွံ့ဖြိုးမှုများကတခြား ရွယ်တူကလေးတွေနဲ့တူရင် အရမ်းစိုးရိမ်စရာမလိုပါဘူး ။

img

ဘယ်ကလေးကတော့ဖြင့် စကားပြောနောက်ကျတဲ့ ကလေးဖြစ်မယ်ဆိုတာ ကြိုတင်ခန့်မှန်းဖို့ ခက်ပါတယ် ။ဒါပေမယ့် စကားပြောနောက်ကျနိုင်ခြေများတဲ့ကလေးတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ် ။

-လသားကလေး ဘဝမှာကတည်းက ဘူးကောင်းကောင်းမမှုတ်တတ်ရင် ၊ ငြိမ်ဆိတ်လွန်းရင်

-နားထဲ ပိုးဝင်သွားရင်

-ဗျည်းသံ ကောင်းကောင်း မထွက်တတ်တဲ့ကလေးတွေ

-ရှေ့က ရွတ်ပြသွားတဲ့ စကားလုံးများကို ကောင်းကောင်း ပြန်မရွတ်ပြတတ်ရင်

-ကြိယာစကားလုံးများ အသုံးနည်းပြီး နာမ်စကားလုံးတွေချည်း(ဖေဖေ ၊မေမေ စသဖြင့်) သာ အသုံးများရင်

-မျိုးရိုးထဲမှာလည်း အလားတူ စကားပြောနောက်ကျတတ်တဲ့သူရှိရင်

-တခြားကလေးတွေနဲ့ ဆော့ကစားဖို့ရာ အဆင်မပြေခြင်း

-တခြားသူတွေနဲ့ ဆက်ဆံရာမှာ ကိုယ်လက်အမူအရာနဲ့ ဆက်သွယ်မှု အားနည်းခြင်း

-တခြား ကလေးတွေနဲ့စာရင် ပြောစကားတွေကို နားလည်နိုင်စွမ်း အားနည်းခြင်းဘယ်အချိန် ဆရာဝန်နဲ့ ပြသတိုင်ပင်မလဲ

-စကားပြောခြင်းအပြင် တခြား ဖွံ့ဖြိုးမှုများပါ(ဇက်ခိုင်ခြင်း ၊ခြေလက် လှုပ်ရှားခြင်း စသည် ဖြင့်) နောက်ကျသည်ဟု ထင်က မိမိတို့ မိသားစုဆရာဝန်နဲ့ ပြသတိုင်ပင်ပါ ။

ရေးသားသူ-ခေတ်သစ် ဇီဝက

စကားေျပာ ေနာက္က်ေသာ ကေလး

သင့္ကေလးဟာ အရြယ္တူ တျခားကေလးေတြနဲ႕ ယွဥ္ရင္ စကားမေျပာေသးတာ ျဖစ္ေနပါသလား ။

သင့္ကေလးကို စကားေျပာတတ္ဖို႕ ကိုယ္က စကားလုံးေတြ သင္ေပးေသာ္လည္း လိုက္မေျပာတတ္လို႕ စိ္တ္ညစ္ဖူးပါသလား ။

သင့္ကေလးဟာ စကားေျပာေနာက္က်တတ္တဲ့ ကေလးျဖစ္ႏို္င္ပါတယ္ ။ ပုံမွန္အားျဖင့္ဆိုရင္ ကေလးေတြဟာ သူတို႕အသက္ ၉လေလာက္မွာ စျပီးစကားစေျပာပါတယ္ ။“ေမေမ ၊ေဖေဖ” စသျဖင့္ စာလုုံးတူ ၂ခုပါတာကို စတင္ေျပာတတ္ေနပါျပီ ။တျဖည္းျဖည္းနဲ႕ စကားလုံးေတြ သင္ယူရင္း အသက္ ၂ႏွစ္ေလာက္ဆို ေကာင္းေကာင္း ေျပာတတ္ေနပါျပီ ။

ဘယ္လိုအခ်ိန္မွာ သင့္ကေလးကို စကားေျပာေနာက္က်တယ္လို႕ ဆိုမလဲ။

တျခား ဖြံ႕ျဖိဳးမႈမ်ားမွာ တျခားကေလးေတြနဲ႕ တူတယ္ ။စကားေျပာတာတစ္ခုပဲ ေနာက္က်တယ္ဆိုရင္ စကားေျပာေနာက္က်တတ္တဲ့ကေလး ျဖစ္ဖို႕မ်ားပါတယ္ ။အထူးသျဖင့္ ေအာက္ပါအခ်က္ေတြရွိရင္ ေျပာႏိုင္ပါတယ္ ။

-ကေလး အသက္ ၁၈-၂၀ လေရာက္တဲ့အထိ စကားလုံးက ၂၄လုံးေအာက္ပဲ ေျပာ တတ္ေသးရင္

-ကေလး အသက္ ၂၁-၂၄ လေရာက္တဲ့အထိ စကားလုံးက ၄၀လုံးေအာက္ပဲ ေျပာ တတ္ေသးရင္

-ကေလး အသက္ ၂၄-၃၀ လေရာက္တဲ့အထိ စကားလုံးက ၁၀၀လုံးေအာက္ပဲ ေျပာ တတ္ေသးရင္

စကားေျပာေနာက္က်တယ္လို႕ ဆိုႏိုင္ပါတယ္ ။ဒါေပမယ့္ က်န္တဲ့ဖြံ႕ျဖိဳးမႈမ်ားကတျခား ရြယ္တူကေလးေတြနဲ႕တူရင္ အရမ္းစိုးရိမ္စရာမလိုပါဘူး ။

img

ဘယ္ကေလးကေတာ့ျဖင့္ စကားေျပာေနာက္က်တဲ့ ကေလးျဖစ္မယ္ဆိုတာ ႀကိဳတင္ခန္႕မွန္းဖို႕ ခက္ပါတယ္ ။ဒါေပမယ့္ စကားေျပာေနာက္က်ႏိုင္ေျခမ်ားတဲ့ကေလးေတြကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္ ။

-လသားကေလး ဘ၀မွာကတည္းက ဘူးေကာင္းေကာင္းမမႈတ္တတ္ရင္ ၊ ျငိမ္ဆိတ္လြန္းရင္

-နားထဲ ပိုး၀င္သြားရင္

-ဗ်ည္းသံ ေကာင္းေကာင္း မထြက္တတ္တဲ့ကေလးေတြ

-ေရွ႕က ရြတ္ျပသြားတဲ့ စကားလုံးမ်ားကို ေကာင္းေကာင္း ျပန္မရြတ္ျပတတ္ရင္

-ႀကိယာစကားလုံးမ်ား အသုံးနည္းျပီး နာမ္စကားလုံးေတြခ်ည္း(ေဖေဖ ၊ေမေမ စသျဖင့္) သာ အသုံးမ်ားရင္

-မ်ိဳးရိုးထဲမွာလည္း အလားတူ စကားေျပာေနာက္က်တတ္တဲ့သူရွိရင္

-တျခားကေလးေတြနဲ႕ ေဆာ့ကစားဖို႕ရာ အဆင္မေျပျခင္း

-တျခားသူေတြနဲ႕ ဆက္ဆံရာမွာ ကိုယ္လက္အမူအရာနဲ႕ ဆက္သြယ္မႈ အားနည္းျခင္း

-တျခား ကေလးေတြနဲ႕စာရင္ ေျပာစကားေတြကို နားလည္ႏိုင္စြမ္း အားနည္းျခင္းဘယ္အခ်ိ္န္ ဆရာ၀န္နဲ႕ ျပသတိုင္ပင္မလဲ

-စကားေျပာျခင္းအျပင္ တျခား ဖြံ႕ျဖိဳးမႈမ်ားပါ(ဇက္ခိုင္ျခင္း ၊ေျခလက္ လႈပ္ရွားျခင္း စသည္ ျဖင့္) ေနာက္က်သည္ဟု ထင္က မိမိတို႕ မိသားစုဆရာ၀န္နဲ႕ ျပသတိုင္ပင္ပါ ။

ေရးသားသူ-ေခတ္သစ္ ဇီ၀က

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *