နွေရာသီမှာဂရုစိုက်စရာ ကလေးများရေဓာတ်ခန်းခြောက်တတ်တာ

လေးတန်းကျောင်းသားလေး မောင်စံလင်းတစ်ယောက် အိမ်ကခိုင်းစရာရှိသဖြင့် တစ်ဖက်ရွာရှိ အဘွားတို့အိမ်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။ ပူလိုက်တဲ့နေ။ ရှည်လိုက်တဲ့ရွာအဝင်လျှောက်လမ်း။ အိမ်ကခိုင်းသောကြောင့်သာ မောင်စံလင်းထွက်လာရသည်။ ညကဗီဒီယိုကြည့်နေသဖြင့်အိပ်ရေးပျက်ထားသောကြောင့် လန်းဆန်းမှုမရှိ။ အမေက ကိတ်မုန့်ဝယ်ကျွေးမည်ပြောသောကြောင့်သာထွက်လာရသည် မဟုတ်လို့ကတော့ ရိုက်လွှတ်တောင်မသွား။ မသွားရေးချမသွား။

အစားမက်၍သာထွက်လာရသည်၊ မြန်မြန်သွား မြန်မြန်ပြန်ချင်ဇောနှင့် ဦးထုပ်တောင်ဆောင်းမလာမိ။ တွေးရင်းတွေးရင်း ဒေါသထွက်လာသည်။ နေကပိုပူလာသည်။ ချွေးကပိုထွက်လာပြီ။ ဒေါသပိုပိုထွက်လာသည်။ မောင်စံလင်းလမ်းလျှောက်နေသည့်ခြေလှမ်းတွေကို သွက်လိုက်သည်။ သို့သော် ပို၍မြန်မလာသည့်အပြင် နုံးချိသောဝေဒနာတစ်ခုကိုခံစားလိုက်ရသည်။ သိပ်မကြာခင် မျက်စိများပြာလာပြီး သူလမ်းဆက်မလျှောက်နိုင်တော့။ နီးရာသစ်ပင်အောက်သို့ဝင်ကာ ထိုင်ချလိုက်ရသည်။ သူသတိလစ်ချင်ချင်ဖြစ်လာသည်။ နောက်ဆုံးမှတ်မိလိုက်သည်ကတော့ လူတစ်ယောက်လာပြီး သူ့ကိုပွေ့ချီသွားသည်။

သူသတိရတော့ ကုတင်တစ်ခုပေါ်မှာဖြစ်သည်။ အနီးအနားတွင်တော့မေမေ။ အမေ့ဘေးတွင် ကျန်းမာရေးမှူးဆရာဦးထွန်းညို။

“ဆရာ သားလေးသတိရလာပြီဆရာ။ စံလင်းရေ အမေ့ကိုကြည့်စမ်း”

အမေ့ကိုသူပြုံးပြလိုက်သည်။ အခုတော့သူနေရတာသက်သာနေသည်။ မနက်မိုးလင်းအိပ်ယာထတုန်းကအတိုင်း နေရတာသက်သာနေသည်။ ဆရာဦးထွန်းညိုအနားသို့ရောက်လာပြီး မောင်စံလင်းခေါင်းကိုပွတ်သပ်လိုက်သည်။ ပြီးနောက်အမေ့ဘက်သို့လှည့်ပြီး

“ကဲ အစားမက်တဲ့သားနဲ့ အလုပ်ခိုင်းတဲ့အမေ အခုတော့ အကြွေးတောင်းတဲ့ဆီမရောက်ဘဲ ဆေးခန်းရောက်လာရပြီ။ နောက်ဆိုရင် နွေရာသီမှာ ကလေးတွေကိုပိုဂရုစိုက်ပါဗျာ။”

“ဟုတ်ကဲ့ပါဆရာ။ ကျွန်မလည်းအလုပ်များနေတာနဲ့ သတိလက်လွတ်ခိုင်းလိုက်မိတာပါ။ နောက်ဆိုသတိထားပါ့မယ်။”

“မောင်စံလင်းလေးက ရေဓာတ်ခန်းခြောက်ပြီး မေ့လဲသွားတာပဲအစ်မ။ ကလေးတွေက လူကြီးတွေလို ခံနိုင်ရည်မရှိဘူး။ ဒီကြားထဲ ကလေးက ညကအိပ်ရေးလဲပျက်တယ်။ ရေလဲကောင်းကောင်းမသောက်ထား၊ နေပူထဲသွားတာဦးထုပ်လဲမဆောင်းတော့ မူးလဲသွားတော့တာပေါ့။”

“ဟုတ်ကဲ့ဆရာ။ နောက်ဆို ကလေးရေဓာတ်နည်းနေမှန်း ဘယ်လိုသိရမလဲဆရာ။”

“ကလေးငယ်တွေ ရေဓာတ်ခန်းခြောက်တဲ့အခါ ပထမဆုံး ရေငတ်တယ်ဆိုတဲ့အသိကိုခံစားရမယ်၊ နှုတ်ခမ်းတွေခြောက်လာမယ်၊ နုံးလာမယ်၊ အကယ်၍ ရေမသောက်ရဘဲ ဆက်တိုက်လှုပ်ရှားနေရဦးမယ်ဆိုရင် သွေးပေါင်ချိန်ကျပြီး မျက်စိတွေပြာ၊ ခြေတွေလက်တွေမသယ်နိုင်တော့ဘဲ သတိလစ်သွားတဲ့အထိဖြစ်သွားနိုင်တယ်။”

“မောင်စံလင်းဖြစ်သလိုပေါ့နော်ဆရာ”

“ဟုတ်တယ်အစ်မ။ အခုအချိန်မီ ကျွန်တော့ဆီရောက်လာလို့သာ မောင်စံလင်းသက်သာလာတာ။ ဒီ့ထက်အချိန်ကြာသွားရင် ဆေးရုံကိုတန်းပြီးပို့ရတော့မှာ။”

“ဆရာ ဒါဆို ကလေးရေဓာတ်ခန်းခြောက်နေတယ်ဆိုရင် ကျွန်မတို့ဘာလုပ်ပေးလို့ရမလဲရှင်။”

” အရင်ဆုံး ကလေးကို အရိပ်ရတဲ့နေရာတစ်ခုမှာနေရာပေးပြီး အဝတ်အစားထူနေရင်အပါးလေးလဲပေးထားပါအစ်မ။ ကလေးကရေသောက်နိုင်တယ်ဆိုရင် ရေတိုက်ပါ၊ ဓာတ်ဆားတိုက်ပါ။ အသီးဖျော်ရည်၊ အချိုရည်တိုက်လို့ရပါတယ်။ နည်းနည်းသက်သာလာရင်တော့ ရေချိုးပေးလို့ရပါတယ်။
အဲ.. သတိထားရမှာတစ်ခုက ကော်ဖီ၊လက်ဖက်ရည်တွေမတိုက်သင့်ဘူး။ ဒါတွေဟာ ကဖင်းဓာတ်ပါတဲ့အတွက် ဆီးပိုသွားစေပြီး ကလေးအခြေအနေကိုပိုဆိုးစေတယ်။ နောက်ပြီးအားဖြည့်အချိုရည်၊ ပါဝါအချိုရည်တွေကိုလည်းရှောင်ရမယ်အစ်မ။ ဒါဆိုရင်တော့ သာမန် ရေဓာတ်ခန်းခြောက်မှုကို သက်သာစေတာပေါ့။ အဲ သတိလစ်ချင်လာတယ်၊ ကလေးတအားကိုမှိန်းလာတယ်ဆိုရင်တော့ နီးစပ်ရာဆေးပေးခန်းကိုသာပြပေတော့အစ်မရေ။”

“ဟုတ်ကဲ့ဆရာ။ ကျွန်မမှတ်ထားပါမယ်။”

“ကဲအခုမောင်စံလင်းလေးကို ခဏအနားပေး။ ပြီးရင် နေ့လည်ကျပြန်ခေါ်သွားပေတော့။ ကျွန်တော်ပြောတဲ့အချက်တွေကိုလည်း ရွာထဲမှာပြန်ပြီး ပြောပြထားပေးပါဥိးအစ်မရေ။”

မေတ္တာဖြင့်
စိုင်းမြတ်သူ

ေႏြရာသီမွာဂ႐ုစိုက္စရာ ကေလးမ်ားေရဓာတ္ခန္းေျခာက္တတ္တာ

ေလးတန္းေက်ာင္းသားေလး ေမာင္စံလင္းတစ္ေယာက္ အိမ္ကခိုင္းစရာ႐ွိသျဖင့္ တစ္ဖက္ရြာ႐ွိ အဘြားတို႔အိမ္သို႔ လမ္းေလ်ွာက္ထြက္လာခဲ့သည္။ ပူလိုက္တဲ့ေန။ ႐ွည္လိုက္တဲ့ရြာအဝင္ေလ်ွာက္လမ္း။ အိမ္ကခိုင္းေသာေၾကာင့္သာ ေမာင္စံလင္းထြက္လာရသည္။ ညကဗီဒီယိုၾကည့္ေနသျဖင့္အိပ္ေရးပ်က္ထားေသာေၾကာင့္ လန္းဆန္းမႈမ႐ွိ။ အေမက ကိတ္မုန္႔ဝယ္ေကြၽးမည္ေျပာေသာေၾကာင့္သာထြက္လာရသည္ မဟုတ္လို႔ကေတာ့ ႐ိုက္လႊတ္ေတာင္မသြား။ မသြားေရးခ်မသြား။

အစားမက္၍သာထြက္လာရသည္၊ ျမန္ျမန္သြား ျမန္ျမန္ျပန္ခ်င္ေဇာႏွင့္ ဦးထုပ္ေတာင္ေဆာင္းမလာမိ။ ေတြးရင္းေတြးရင္း ေဒါသထြက္လာသည္။ ေနကပိုပူလာသည္။ ေခြၽးကပိုထြက္လာၿပီ။ ေဒါသပိုပိုထြက္လာသည္။ ေမာင္စံလင္းလမ္းေလ်ွာက္ေနသည့္ေျခလွမ္းေတြကို သြက္လို္က္သည္။ သို႔ေသာ္ ပို၍ျမန္မလာသည့္အျပင္ ႏံုးခ်ိေသာေဝဒနာတစ္ခုကိုခံစားလိုက္ရသည္။ သိပ္မၾကာခင္ မ်က္စိမ်ားျပာလာၿပီး သူလမ္းဆက္မေလ်ွာက္ႏိုင္ေတာ့။ နီးရာသစ္ပင္ေအာက္သို့ဝင္ကာ ထိုင္ခ်လိုက္ရသည္။ သူသတိလစ္ခ်င္ခ်င္ျဖစ္လာသည္။ ေနာက္ဆံုးမွတ္မိလိုက္သည္ကေတာ့ လူတစ္ေယာက္လာၿပီး သူ႔ကိုေပြ႔ခ်ီသြားသည္။

သူသတိရေတာ့ ကုတင္တစ္ခုေပၚမွာျဖစ္သည္။ အနီးအနားတြင္ေတာ့ေမေမ။ အေမ့ေဘးတြင္ က်န္းမာေရးမွဴးဆရာဦးထြန္းညိဳ။

“ဆရာ သားေလးသတိရလာၿပီဆရာ။ စံလင္းေရ အေမ့ကိုၾကည့္စမ္း”

အေမ့ကိုသူျပံဳးျပလိုက္သည္။ အခုေတာ့သူေနရတာသက္သာေနသည္။ မနက္မိုးလင္းအိပ္ယာထတုန္းကအတိုင္း ေနရတာသက္သာေနသည္။ ဆရာဦးထြန္းညိဳအနားသို႔ေရာက္လာၿပီး ေမာင္စံလင္းေခါင္းကိုပြတ္သပ္လိုက္သည္။ ၿပီးေနာက္အေမ့ဘက္သို႔လွည့္ၿပီး

“ကဲ အစားမက္တဲ့သားနဲ႔ အလုပ္ခိုင္းတဲ့အေမ အခုေတာ့ အေႂကြးေတာင္းတဲ့ဆီမေရာက္ဘဲ ေဆးခန္းေရာက္လာရၿပီ။ ေနာက္ဆိုရင္ ေႏြရာသီမွာ ကေလးေတြကိုပိုဂ႐ုစိုက္ပါဗ်ာ။”

“ဟုတ္ကဲ့ပါဆရာ။ ကြၽန္မလည္းအလုပ္မ်ားေနတာနဲ႔ သတိလက္လြတ္ခိုင္းလိုက္မိတာပါ။ ေနာက္ဆိုသတိထားပါ့မယ္။”

“ေမာင္စံလင္းေလးက ေရဓာတ္ခန္းေျခာက္ၿပီး ေမ့လဲသြားတာပဲအစ္မ။ ကေလးေတြက လူႀကီးေတြလို ခံႏိုင္ရည္မ႐ွိဘူး။ ဒီၾကားထဲ ကေလးက ညကအိပ္ေရးလဲပ်က္တယ္။ ေရလဲေကာင္းေကာင္းမေသာက္ထား၊ ေနပူထဲသြားတာဦးထုပ္လဲမေဆာင္းေတာ့ မူးလဲသြားေတာ့တာေပါ့။”

“ဟုတ္ကဲ့ဆရာ။ ေနာက္ဆို ကေလးေရဓာတ္နည္းေနမွန္း ဘယ္လိုသိရမလဲဆရာ။”

“ကေလးငယ္ေတြ ေရဓာတ္ခန္းေျခာက္တဲ့အခါ ပထမဆံုး ေရငတ္တယ္ဆိုတဲ့အသိကိုခံစားရမယ္၊ ႏႈတ္ခမ္းေတြေျခာက္လာမယ္၊ ႏံုးလာမယ္၊ အကယ္၍ ေရမေသာက္ရဘဲ ဆက္တိုက္လႈပ္႐ွားေနရဦးမယ္ဆိုရင္ ေသြးေပါင္ခ်ိန္က်ၿပီး မ်က္စိေတြျပာ၊ ေျခေတြလက္ေတြမသယ္ႏိုင္ေတာ့ဘဲ သတိလစ္သြားတဲ့အထိျဖစ္သြားႏိုင္တယ္။”

“ေမာင္စံလင္းျဖစ္သလိုေပါ့ေနာ္ဆရာ”

“ဟုတ္တယ္အစ္မ။ အခုအခ်ိန္မီ ကြၽန္ေတာ့ဆီေရာက္လာလို႔သာ ေမာင္စံလင္းသက္သာလာတာ။ ဒီ့ထက္အခ်ိန္ၾကာသြားရင္ ေဆးရံုကိုတန္းၿပီးပို႔ရေတာ့မွာ။”

“ဆရာ ဒါဆို ကေလးေရဓာတ္ခန္းေျခာက္ေနတယ္ဆိုရင္ ကြၽန္မတို႔ဘာလုပ္ေပးလို႔ရမလဲ႐ွင္။”

” အရင္ဆံုး ကေလးကို အရိပ္ရတဲ့ေနရာတစ္ခုမွာေနရာေပးၿပီး အဝတ္အစားထူေနရင္အပါးေလးလဲေပးထားပါအစ္မ။ ကေလးကေရေသာက္ႏိုင္တယ္ဆိုရင္ ေရတိုက္ပါ၊ ဓာတ္ဆားတိုက္ပါ။ အသီးေဖ်ာ္ရည္၊ အခ်ိဳရည္တိုက္လို႔ရပါတယ္။ နည္းနည္းသက္သာလာရင္ေတာ့ ေရခ်ိဳးေပးလို႔ရပါတယ္။
အဲ.. သတိထားရမွာတစ္ခုက ေကာ္ဖီ၊လက္ဖက္ရည္ေတြမတိုက္သင့္ဘူး။ ဒါေတြဟာ ကဖင္းဓာတ္ပါတဲ့အတြက္ ဆီးပိုသြားေစၿပီး ကေလးအေျခအေနကိုပိုဆိုးေစတယ္။ ေနာက္ၿပီးအားျဖည့္အခ်ိဳရည္၊ ပါဝါအခ်ိဳရည္ေတြကိုလည္းေ႐ွာင္ရမယ္အစ္မ။ ဒါဆိုရင္ေတာ့ သာမန္ ေရဓာတ္ခန္းေျခာက္မႈကို သက္သာေစတာေပါ့။ အဲ သတိလစ္ခ်င္လာတယ္၊ ကေလးတအားကိုမွိန္းလာတယ္ဆိုရင္ေတာ့ နီးစပ္ရာေဆးေပးခန္းကိုသာျပေပေတာ့အစ္မေရ။”

“ဟုတ္ကဲ့ဆရာ။ ကြၽန္မမွတ္ထားပါမယ္။”

“ကဲအခုေမာင္စံလင္းေလးကို ခဏအနားေပး။ ၿပီးရင္ ေန႔လည္က်ျပန္ေခၚသြားေပေတာ့။ ကြၽန္ေတာ္ေျပာတဲ့အခ်က္ေတြကိုလည္း ရြာထဲမွာျပန္ၿပီး ေျပာျပထားေပးပါဥိးအစ္မေရ။”

ေမတၱာျဖင့္
စိုင္းျမတ္သူ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *