ပန်ဒါလေးလား ထင်မှတ်မှားမိတယ်။
မျက်ကွင်းညိုနေတတ်တဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကို ကျွန်မတို့ ” ပန်ဒါ” လို့ ချစ်စနိုးခေါ်ပြီးစလေ့ရှိပါတယ်။ ဒီ ” ပန်ဒါ” မျက်ကွင်းလေးတွေက ဘာလို့ လူအချို့မှာမှဖြစ်တတ်ကြပါသလဲ?
၁) အသက်အရွယ်
အသက်ကြီးလာတဲ့အခါ မျက်လုံးအောက်က အရေပြားတင်းရင်းမှု၊ အဆီဓာတ်မရှိတော့ပါဘူး။ဒါကြောင့် သွေးကြောလေးတွေပေါ်လာပြီး မျက်ကွင်းညိုလာတတ်ပါတယ်။
၂) အိပ်ရေးမဝခြင်း
ပုံမှန် အိပ်ချိန်လောက်မအိပ်ရဘဲ အိပ်ရေးပျက်တဲ့အခါ မျက်ကွင်းညိုလာတတ်ပါတယ်။အိပ်ရေးမဝတဲ့အခါ မျက်လုံးအောက်မှာ ဖောင်းလာပြီး မျက်လုံးအစ်တာမျိုးတွေဖြစ်လာတတ်ပါတယ်။
၃) ဖုန်း ၊ တီဗီအကြည့်များခြင်း
အလင်းရောင်စူးတဲ့ တီဗီ၊ ဖုန်းတို့ ကြည့်တာများလာရင်မျက်လုံးနားက သွေးကြောတွေ ဖောင်းတာ ယောင်တာဖြစ်စေလို့ မျက်ကွင်းညိုတတ်ပါတယ်။
၄) ရေဓာတ်ခမ်းခြေက်ခြင်း
ရေလုံလောက်စွာမသောက်တာဟာလည်း မျက်ကွင်းညိုခြင်းအကြောင်းရင်းတစ်ခုပါပဲ။ တစ်နေ့ကို ရေ တလီတာ အနည်းဆုံးသောက်ဖို့မမေ့ကြပါနဲ့နော်။
၅)နေရောင်ထိတွေ့မှုများခြင်း
နေရောင် ထိတွေ့တဲ့အခါ မျက်နှာ အပါအဝင် ပါးလွှာတဲ့ မျက်လုံးတစ်ဝှိက်အရေပြားလေးတွေက နေလောင်ပြီး Melanin ဆိုတဲ့ အမဲရောင်ခြယ်ပစ္စည်းထုတ်တဲ့အခါ မျက်ကွင်းညို လာပါတယ်။
၆) မျိုးရိုးလိုက်ခြင်း
မိသားစု မျိုးရိုးအရ မျက်ကွင်းညိုမယ်ဆိုရင် မိမိမှာလည်း မျက်ကွင်းညိုနိုင်ပါတယ်။မျက်ကွင်းမညိုရလေအောင်
– ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းတာမို့မျက်ကွင်းမညိုခြင်ရင် အိပ်ရေးဝဝအိပ်ပါ။အသီးအနှံများများစားပေးပါ။ရေများများသောက်ပါ။အပြင်ထွက်ရင် နေကာမျက်မှန်တပ်ပါ။မျက်ကွင်းညိုခြင်းသက်သာခြင်ရင်တော့
– ရေခဲကပ်ပေးပါ။ ( အဝတ်သန့်လေးထဲ ရေခဲထည့်ပြီး မျက်လုံးအောက်ကို ကပ်ပေးပါ)
– ခေါင်းအုံး အနည်းငယ်မြှင့် အုန်းပါ။
– ဆေးနဲ့ကုသခြင်တယ်ဆိုရင်တော့ Chemical Peeling( ဓာတုပစ္စည်းနဲ့ အရေပြား သန့်စင်ပေးခြင်း)လေဆာနဲ့ မျက်ကွင်းညိုသက်သာအောင်ကုသခြင်းလုပ်နိုင်ပါတယ်။
မယ်တင်( ဆေး ၁)
၁) အသက်အရွယ်
၂) အိပ်ရေးမဝခြင်း
၎) ရေဓာတ်ခမ်းခြေက်ခြင်း
မယ်တင်( ဆေး ၁)