ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးတွေသောက်မိရင်

လူနာတွေဟာ တစ်ခါတစ်ရံ နေမကောင်းဖြစ်ခြင်းကို ဆရာဝန်ထံ သွားရောက်ပြသဖို့ တွန့်ဆုတ်တတ်ကြပါတယ်။ ကောင်းနိုးရာရာဆေးများ ဝယ်သောက်ခြင်း၊ စပ်ဆေးသောက်ခြင်း၊ ပတ်ဝန်းကျင်မှ ညွှန်းသောဆေးဝါးများ သောက်သုံးခြင်းတို့ကို ပြုလုပ်တတ်ကြပါတယ်။ ထိုကဲ့သို့ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဆေးဝါးသောက်သုံးခြင်းရဲ့ ဆိုးကျိုးလေးတွေကို ပြောပြချင်ပါတယ်။

၁။ ပဋိဇီ၀ ပိုးသတ်ဆေးများ (Antibiotics) ယဉ်ပါးလာခြင်း

ပိုးသတ်ဆေးများသည် ကိုယ်ခန္ဓာကို ဒုက္ခပေးသော၊ ကောင်းကျိုးမပြုသော ဘက်တီးရီးယားပိုးများကို တိုက်ထုတ်ရန် ရည်ရွယ်တီထွင်ထားခြင်း ဖြစ်ပါတယ်။ မလိုအပ်ဘဲ ပိုးသတ်ဆေးများသောက်ခြင်း၊ အချိန်ကာလအပိုင်းအခြားနားမလည်ဘဲ ပိုးသတ်ဆေးသောက်ခြင်း၊ ဆေးပမာဏလျော့နည်းခြင်း (သို့) များလွန်းခြင်း စတဲ့အကြောင်းတွေကြောင့် ပိုးသတ်ဆေး ယဉ်ပါးခြင်း၊ ဆေးမတိုးခြင်းတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်ညွှန်ကြားချက်မရှိဘဲ မိမိသဘောဖြင့် ပိုးသတ်ဆေးသောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

၂။ ရောဂါကို အမြစ်ပြတ်မကုသနိုင်ခြင်း

အဆုတ်တီဘီ (TB) ရောဂါကြောင့်ဖြစ်တဲ့ ချောင်းဆိုးခြင်းတွေဟာ Anti-TB ဆေးများ မမီှိဝဲဘဲ မပျောက်ကင်းနိုင်ပါဘူး။ ရက်ရှည်ချောင်းဆိုးနေခြင်းကို ဆရာဝန်နှင့် မတိုင်ပင်ဘဲ ကောင်းနိုးရာရာ ချောင်းဆိုးပျောက်ဆေးများသာ သောက်သုံးမနေသင့်ပါဘူး။ အဆုတ်TB ရောဂါကြောင့် ချောင်းဆိုးခြင်း၊ ကိုယ်ခန္ဓာ နှုံးချိခြင်း၊ မအီမသာဖြစ်ခြင်းတွေကို ချောင်းဆိုးပျောက်ဆေးများ၊ အဖျားကျဆေးများက ခဏတာသာ သက်သာသွားစေနိုင်တာပါ။ ရောဂါအခံကို ကုသမှသာ ဖြစ်ပေါ်နေသော ဝေဒနာပျောက်ကင်းနိုင်ပါတယ်။ ဒါကြောင့် လတ်တလောဖြစ်ပေါ်နေသော ဝေဒနာသက်သာရန် မိမိဘာသာ ဆေးများသောက်ခြင်းကို ရှောင်ကြဉ်ပြီး ရောဂါအခံရှာနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

၃။ Expired ရက်လွန်ဆေးများ သောက်သုံးမိခြင်း

ရက်လွန် (Expired) ဖြစ်သောဆေးများကို သောက်သုံးမိလျှင် အာနိသင်လျှော့နည်းနိုင်တဲ့အတွက် သက်သာသင့်သလောက် သက်သာမှာမဟုတ်ပါဘူး။ ထို့အပြင် သတ်မှတ်ရက်ထက် ကျော်လွန်နေတဲ့ အချို့ဆေးဝါးတွေဟာ Chemical reaction ဓာတုဓာတ်ပြုခြင်းများ ဖြစ်နိုင်ပြီး အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် မိမိသောက်သုံးမယ့်ဆေးရဲ့ Expired date ကို အမြဲစစ်သင့်ပါတယ်။

၄။ ဆေးဓာတ်ပြုခြင်းများဖြစ်ပေါ်ခြင်း

အချို့ဆေးဝါးတွေဟာ ပူးတွဲသောက်သုံးဖို့ မသင့်တော်ပါဘူး။ ပူးတွဲမသောက်သုံးသင့်တဲ့ ဆေးတွေကို သောက်သုံးမိပါက ဆေးအာနိသင် လျော့နည်းခြင်း (သို့ ) ဆေးအာနိသင် တိုးလာခြင်း၊ ရင်တုန်ခြင်း၊ မူးဝေခြင်း၊ ကိုယ်ခန္ဓာကို အန္တရာယ်ပြုခြင်းတွေအထိ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် မိမိသဘောဖြင့် ဆေးများရောစပ်သောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

၅။ Dosage ဆေးပမာဏ မှားယွင်းခြင်း

သောက်သုံးရမည့် ဆေးပမာဏ လျော့နည်းလျှင် ရောဂါဝေဒနာ သက်သာမှာမဟုတ်ပါဘူး။ ထို့အတူ ဆေးပမာဏလွန်ကဲစွာ သောက်မိလျှင်လည်း Overdose ဆေးအဆိပ်သင့်ခြင်း ဖြစ်နိုင်ကာ အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါသေးတယ်။ ဒါကြောင့် မိမိသောက်သုံးသင့်သည့် ဆေးပမာဏနှင့် အကြိမ်အရေအတွက်ကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ သောက်သုံးသင့်ပါတယ်။

ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်

ပွင့်ရည်(ဆေး၂)

ဆရာဝန္​ၫႊန္​ၾကားခ်က္​မပါဘဲ ​ေဆး​ေတြ​ေသာက္​မိရင္​

လူနာ​ေတြဟာ တစ္​ခါတစ္​ရံ ​ေနမ​ေကာင္​းျဖစ္​ျခင္​းကို ဆရာဝန္​ထံ သြား​ေရာက္​ျပသဖို႔ တြန္​႔ဆုတ္​တတ္​ၾကပါတယ္​။ ​ေကာင္​းႏိုးရာရာ​ေဆးမ်ား ဝယ္​​ေသာက္​ျခင္​း၊ စပ္​​ေဆး​ေသာက္​ျခင္​း၊ ပတ္​ဝန္​းက်င္​မွ ၫႊန္​း​ေသာ​ေဆးဝါးမ်ား ​ေသာက္​သံုးျခင္​းတို႔ကို ျပဳလုပ္​တတ္​ၾကပါတယ္​။ ထိုကဲ့သို႔ ဆရာဝန္​ၫႊန္​ၾကားခ်က္​မရိွဘဲ ​ေဆးဝါး​ေသာက္​သံုးျခင္​းရဲ႕ ဆိုးက်ိဳး​ေလး​ေတြကို ​ေျပာျပခ်င္​ပါတယ္​။

၁။ ပဋိဇီ၀ ပိုးသတ္​​ေဆးမ်ား (Antibiotics) ယဥ္​ပါးလာျခင္​း

ပိုးသတ္​​ေဆးမ်ားသည္​ ကိုယ္​ခႏၶာကို ဒုကၡ​ေပး​ေသာ၊ ​ေကာင္​းက်ိဳးမျပဳ​ေသာ ဘက္​တီးရီးယားပိုးမ်ားကို တိုက္​ထုတ္​ရန္​ ရည္​ရြယ္​တီထြင္​ထားျခင္​း ျဖစ္​ပါတယ္​။ မလိုအပ္​ဘဲ ပိုးသတ္​​ေဆးမ်ား​ေသာက္​ျခင္​း၊ အခ်ိန္​ကာလအပိုင္​းအျခားနားမလည္​ဘဲ ပိုးသတ္​​ေဆး​ေသာက္​ျခင္​း၊ ​ေဆးပမာဏ​ေလ်ာ့နည္​းျခင္​း (သို႔) မ်ားလြန္​းျခင္​း စတဲ့အ​ေၾကာင္​း​ေတြ​ေၾကာင္​့ ပိုးသတ္​​ေဆး ယဥ္​ပါးျခင္​း၊ ​ေဆးမတိုးျခင္​း​ေတြ ျဖစ္​လာတတ္​ပါတယ္​။ ဒါ​ေၾကာင္​့ ဆရာဝန္​ၫႊန္​ၾကားခ်က္​မရိွဘဲ မိမိသ​ေဘာျဖင္​့ ပိုးသတ္​​ေဆး​ေသာက္​ျခင္​းကို ​ေ႐ွာင္​ၾကဥ္​သင္​့ပါတယ္​။

၂။ ​ေရာဂါကို အျမစ္​ျပတ္​မကုသႏိုင္​ျခင္​း

အဆုတ္​တီဘီ (TB) ​ေရာဂါ​ေၾကာင္​့ျဖစ္​တဲ့ ​ေခ်ာင္​းဆိုးျခင္​း​ေတြဟာ Anti-TB ​ေဆးမ်ား မမီိွဝဲဘဲ မ​ေပ်ာက္​ကင္​းႏိုင္​ပါဘူး။ ရက္​႐ွည္​​ေခ်ာင္​းဆိုး​ေနျခင္​းကို ဆရာ၀န္​ႏွင္​့ မတိုင္​ပင္​ဘဲ​ ​ေကာင္​းႏိုးရာရာ ​ေခ်ာင္​းဆိုး​ေပ်ာက္​​ေဆးမ်ားသာ ​ေသာက္​သံုးမ​ေနသင္​့ပါဘူး။ အဆုတ္​TB ​ေရာဂါ​ေၾကာင္​့ ​ေခ်ာင္​းဆိုးျခင္​း၊ ကိုယ္​ခႏၶာ ႏံႈးခ်ိျခင္​း၊ မအီမသာျဖစ္​ျခင္​း​ေတြကို ​ေခ်ာင္​းဆိုး​ေပ်ာက္​​ေဆးမ်ား၊ အဖ်ားက်​ေဆးမ်ားက ခဏတာသာ ​သက္​သာ​သြား​ေစႏိုင္​တာပါ။ ​ေရာဂါအခံကို ကုသမွသာ ျဖစ္​​ေပၚ​ေန​ေသာ ​ေဝဒနာ​ေပ်ာက္​ကင္​းႏိုင္​ပါတယ္​။ ဒါ​ေၾကာင္​့ လတ္​တ​ေလာျဖစ္​​ေပၚ​ေန​ေသာ ​ေဝဒနာသက္​သာရန္​ မိမိဘာသာ ​ေဆးမ်ား​ေသာက္​ျခင္​းကို ​ေ႐ွာင္​ၾကဥ္​ၿပီး ​ေရာဂါအခံ႐ွာႏိုင္​ရန္​ ဆရာဝန္​ႏွင္​့ တိုင္​ပင္​သင္​့ပါတယ္​။

၃။ Expired ရက္​လြန္​​ေဆးမ်ား ​ေသာက္​သံုးမိျခင္​း

ရက္​လြန္​ (Expired) ျဖစ္​​ေသာ​ေဆးမ်ားကို ​ေသာက္​သံုးမိလ်ွင္​ အာနိသင္​​ေလ်ွာ့နည္​းႏိုင္​တဲ့အတြက္​ သက္​သာသင္​့သ​ေလာက္​ သက္​သာမွာမဟုတ္​ပါဘူး။ ထို႔အျပင္​ သတ္​မွတ္​ရက္​ထက္​ ​ေက်ာ္​လြန္​​ေနတဲ့ အခ်ိဳ႕​ေဆးဝါး​ေတြဟာ Chemical reaction ဓာတုဓာတ္​ျပဳျခင္​းမ်ား ျဖစ္​ႏိုင္​ၿပီး အႏၱရာယ္​ရိွႏိုင္​ပါတယ္​။ ဒါ​ေၾကာင္​့ မိမိ​ေသာက္​သံုးမယ္​့​ေဆးရဲ႕ Expired date ကို အျမဲစစ္​သင္​့ပါတယ္​။

၄။ ​ေဆးဓာတ္​ျပဳျခင္​းမ်ားျဖစ္​​ေပၚျခင္​း

အခ်ိဳ႕​ေဆးဝါး​ေတြဟာ ပူးတြဲ​ေသာက္​သံုးဖို႔ မသင္​့​ေတာ္​ပါဘူး။ ပူးတြဲမ​ေသာက္​သံုးသင္​့တဲ့ ​ေဆး​ေတြကို ​ေသာက္​သံုးမိပါက ​ေဆးအာနိသင္​ ​ေလ်ာ့နည္​းျခင္​း (သို႔ ) ​ေဆးအာနိသင္​ တိုးလာျခင္​း၊ ရင္​တုန္​ျခင္​း၊ မူး​ေဝျခင္​း၊ ကိုယ္​ခႏၶာကို အႏၱရာယ္​ျပဳျခင္​း​ေတြအထိ ျဖစ္​​ေစတတ္​ပါတယ္​။ ဒါ​ေၾကာင္​့ မိမိသ​ေဘာျဖင္​့ ​ေဆးမ်ား​ေရာစပ္​​ေသာက္​သံုးျခင္​းကိုလည္​း ​ေ႐ွာင္​ၾကဥ္​သင္​့ပါတယ္​။

၅။ Dosage ​ေဆးပမာဏ မွားယြင္​းျခင္​း

​ေသာက္​သံုးရမည္​့ ​ေဆးပမာဏ ​ေလ်ာ့နည္​းလ်ွင္​ ​ေရာဂါ​ေဝဒနာ သက္​သာမွာမဟုတ္​ပါဘူး။ ထို႔အတူ ​ေဆးပမာဏလြန္​ကဲစြာ ​ေသာက္​မိလ်ွင္​လည္​း Overdose ​ေဆးအဆိပ္​သင္​့ျခင္​း ျဖစ္​ႏိုင္​ကာ အသက္​အႏၱရာယ္​ပါ ထိခိုက္​ႏိုင္​ပါ​ေသးတယ္​။ ဒါ​ေၾကာင္​့ မိမိ​ေသာက္​သံုးသင္​့သည္​့ ​ေဆးပမာဏႏွင္​့ အႀကိမ္​အ​ေရအတြက္​ကို ဆရာ၀န္​ႏွင္​့ တိုင္​ပင္​​ေဆြး​ေႏြးၿပိီးမွသာ ​ေသာက္​သံုးသင္​့ပါတယ္​။

က်န္​းမာ​လွပ​ေသာ ဘဝတစ္​ခု ပိုင္​ဆိုင္​​ေစရန္​ ရည္​ရြယ္​လ်က္​

ပြင္​့ရည္​(​ေဆး၂)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…