All Articlesမျိုးဆက်ပွားကျန်းမာရေး

Dangers Of Multiple Sex Partners

1 Mins read

လိင်ဆက်ဆံဖော်များခြင်း၏ အန္တရာယ်များ

တစ်ယောက်တည်း single နေရတယ်…. အနှောင်အဖွဲ့ မရှိ…. တည်ငြိမ်တဲ့ ချစ်သူရည်းစား အိမ်ထောင်ဖက်မရှိဘဲ နေရတယ်ဆိုတာ …. သင်လုပ်ချင်ရာကို စိတ်သွားတိုင်း ကိုယ်ပါနိုင်လို့ ကောင်းပါတယ်….

အဲဒီအထဲမှာ လိင်ကိစ္စ လဲ အပါအဝင် ပေါ့… တချို့တွေက ကိုယ်ဆက်ဆံနေကျ partner နဲ့ပဲ ပေါင်းဖော်ကြသလို… တချို့ကျတော့ လူတွေအများကြီး နဲ့ ပေါင်းဖော်ဆက်ဆံကြပြန်ရော…

ဒါပေမယ့် ဒါမျိုးတွေ မလုပ်ခင်မှာ သင်သိဖို့လိုတာတွေရှိပါတယ်… sex partner တွေ များများ ထားခြင်းက သင့်အပေါ် ဘယ်လို ဆိုးကျိုးတွေရှိလာနိုင်ပါသလဲ…. အောက်မှာ ကြည့်ကြရအောင်…

No. 1 နဲ့ ထိပ်တန်း အရေးအကြီးဆုံး အချက်ကတော့… သင်ဟာ လိင်ကတဆင့် ရောဂါပိုးကူးစက်နိုင်ခြေ အရမ်းများလာပြီ ဆိုတာပါပဲ…

လူတွေအများကြီး နဲ့ ဒါမှမဟုတ် တယောက်ပြီးတယောက်နဲ့ သင်ဆက်ဆံတဲ့အခါ…. အဲဒီလူတစ်ယောက်မဟုတ်တစ်ယောက်မှာ ရောဂါပိုးတွေပါလာနိုင်ပါတယ်… မျက်စိနဲ့ မြင်ရတာလဲ မဟုတ်တဲ့ အတွက် သင်သိနိုင်မှာ မဟုတ်ပါဘူး….

သူတို့ကိုယ်တိုင်ရောဂါရှိမှန်း မသိတာ ဖြစ်နိုင်သလို သိရင်လဲ သင့်ကို ထုတ်ပြောနိုင်ချေ အရမ်းနည်းပါတယ်….

ဒါမှမဟုတ် သာယာမှူကို အရမ်းလိုလားနေတဲ့အချိန်မှာ သင်ကိုယ်တိုင်က ဒါတွေကို ဂရုမစိုက်တော့တာမျိုးလဲ ဖြစ်နိုင်ပါတယ်

သင်က ခဏမေ့ပေမယ့် တချို့ရောဂါပိုးတွေကတော့… သင့်တစ်ဘဝလုံး နောက်ကို ထပ်ခြပ်မကွာ လိုက်လာလို့ သင့်သက်တမ်းကိုဖြိုချဖျက်ဆီးနိုင်စွမ်းရှိပါတယ်

Sex partner များခြင်းဟာ….စိတ်ရဲ့ ကျန်းမာရေး ကိုပါ ထိခိုက်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်…

သင့်ရဲ့ စိတ်အပါအဝင် အပြုအမူပိုင်းဆိုင်ရာကိုပါ ဒီလုပ်ရပ်တွေက ထိခိုက်နိုင်ပါတယ်

နောက်ပိုင်းမှာ သင့်အလုပ်အကိုင်နဲ့ မိသားစုရေးရာကိုပါ ထိခိုက်လာနိုင်ပါတယ်

နောက်တခုကတော့… sex ကို စွဲသွားတာပါ… သင် sex partner တွေအများကြီးနဲ့ မကြာခဏအတူနေရတာ စိတ်ကျေနပ်စရာ အချိန်အတိုင်းအတာ တခုအထိတော့ ကောင်းနေပါလိမ့်မယ်…

တသက်လုံးတော့ မပျော်နိုင်ဘူးဆိုတာ သတိရပါ

မလိုလားအပ်တဲ့ ကိုယ်ဝန်ရနိုင်ချေများပါတယ်….

အဲဒီကနေ လူမှူရေးပြသနာတွေ နဲ့ မကျွမ်းကျင်သူနဲ့ ကိုယ်ဝန်ဖျက်ချတဲ့အခါ သင့်အသက်ပါ ပေးရလိုက်နိုင်ပါတယ်

လူတော်တော်များများ sex နဲ့ မကင်းနိုင်ကြပါဘူး….

သို့ပေမယ့် ကိုယ်အပါအဝင် ပတ်ဝန်းကျင် အတွက် မထိခိုကိတဲ့အန္တရာယ်ကင်းတဲ့ safe sex ရဖို့ အရေးအကြီးဆုံးပါ….

တတ်နိုင်သရွေ့ ရှောင်ပါ

မရှောင်နိုင်ရင် အကာအကွယ်သုံးပါ

သင့်တော်တဲ့ သားဆက်ခြားနည်း သုံးပါ

အားလုံး အန္တရာယ်ကင်းတဲ့ safe sex ရရှိနိုင်ကြပါစေ…

မေတ္တာဖြင့်
စိမ်းမိုးစက်























မေတ္တာဖြင့်
စိမ်းမိုးစက်

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *