ခြင်ကိုက်ခံရခြင်းရဲ့ အန္တရာယ်

ကလေးငယ်တွေကို ခြင်ကိုက်မခံရအောင် မိဘတွေအနေနဲ့ ဂရုပြုသင့်ပါတယ်။ သာမန်အနေနဲ့ကြည့်ရင် ခြင်ကိုက်ခံရတာဟာ ဘာမှအရေးမကြီးဘူးလို့ထင်ရပေမယ့် အဲ့ဒီကိုက်လိုက်တဲ့ခြင်ဟာ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးနဲ့ ကပ်ပါးကောင် ကူးစက်ခံထားရတဲ့ ခြင်ဆိုရင်တော့ ကလေးငယ်ဆီမှာပါရောဂါ ဖြစ်စေနိုင်ပါတယ်။

ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကတော့ ငှက်ဖျားရောဂါ ၊ သွေးလွန်တုပ်ကွေးရောဂါ ၊ ဆင်ခြေထောက်ရောဂါ ၊ Chikunganya ၊ Yellow Fever အစရှိတာတွေပဲဖြစ်ပါတယ်။ ဒီထဲမှာမှ အဖြစ်များတဲ့ ငှက်ဖျားရောဂါနဲ့ ကလေးများအတွက် အင်မတန်အန္တရာယ်ကြီးတဲ့ သွေးလွန်တုပ်ကွေးရောဂါတွေအကြောင်း ဖော်ပြချင်ပါတယ်။

ငှက်ဖျားရောဂါ
ငှက်ဖျားရောဂါဟာ Plasmodium falciparum, Plasmodium vivax,Plasmodium malariae, Plasmodium ovale, Plasmodium knowlesi စတဲ့ ကပ်ပါးကောင်အုပ်စု ကူးစက်ခံထားရတဲ့ Anopheles ခြင် ကိုက်ခံရလို့ ကူးစက်တာဖြစ်ပါတယ်။ ငှက်ဖျားရောဂါဟာ ခြင်ကိုက်ခံရပြီး ၃လလောက်အကြာမှာ ရောဂါလက္ခဏာပေါ်လာတတ်ပါတယ်။ အဓိကအားဖြင့် ငှက်ဖျားရောဂါအဖြစ်များတဲ့ ဒေသကိုသွားပြီး ပြန်လာတဲ့အချိန်မှာ ဖြစ်တတ်ကြပါတယ်။ ရောဂါလက္ခဏာတွေကတော့

  • ခေါင်းကိုက်ခြင်း
  • နုံးခွေနေခြင်း
  • ကြွက်သားများနာကျင်ခြင်း
  • ဝမ်းလျှောခြင်း
  • ချောင်းဆိုးခြင်း စသည်တို့ဖြစ်ပါတယ်။

အဲဒီရောဂါလက္ခဏာတွေဟာ ပိုမိုပြင်းထန်လာတတ်ပါတယ်။ လူနာဟာ အသားဝါခြင်း၊ သတိလစ်ပြီးတက်သွားခြင်းတို့လည်း ဖြစ်တတ်ပါတယ်။ငှက်ဖျားရောဂါလို့ သံသယရှိပြီဆိုတာနဲ့ ဆေးခန်းအမြန်ပြရပါမယ်။ သွေးထဲမှာ ငှက်ဖျားရောဂါပိုးရှိမရှိ အမြန်ဆုံးစစ်ဆေးရပါမယ်။ ငှက်ဖျားရောဂါလို့ သိရရင်တော့ ဆေးရုံတက်ကုသရပါမယ်။ ကုသမှုတွကတော့ ရောဂါပြင်းထန်မှု၊ နောက်ဆက်တွဲ အင်္ဂါတွေကို ထိခိုက်မှုရှိမရှိနဲ့ ဆုံးဖြတ်ပြီး ဆက်လက်ကုသမှာ ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ

ကျွန်မတို့ မြန်မာနိုင်ငံမှာ အင်မတန် အဖြစ်များပြီး ကလေးတွေကို အသက်အန္တရာယ်အများဆုံးပေးနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ Dengue viruses (Flaviviruses DENV 1-4 ) တွေကူးစက်ခံထားရတဲ့ Aedes ခြင်ကိုက်လို့ ကူးစက်ခံရတာပဲ ဖြစ်ပါတယ်။ Aedes ခြင်ဟာ နေ့ဘက်မှာကိုက်တဲ့ ခြင်အမျိုးအစားဖြစ်ပါတယ်။

ခြင်ကိုက်ခံရပြီး ၃ရက်ကနေ ၁၄ရက်အတွင်းမှာ ရောဂါလက္ခဏာ ပြတတ်ပါတယ်။ လက္ခဏာတွေကတော့

  • ခေါင်းကိုက်ခြင်း
  • မျက်လုံးအောင့်ခြင်း
  • ကြွက်သားနဲ့ အဆစ်အမြစ်တွေကိုက်ခဲခြင်း
  • ခန္တာကိုယ်မှာ အနီစက်လေးများထွက်လာခြင်းတို့ပဲ ဖြစ်ပါတယ်။

စိုးရိမ်ရတဲ့ ရောဂါလက္ခဏာတွေကတော့

  • ဗိုက်အောင့်ခြင်း
  • အဆက်မပြတ်အန်ခြင်း (အညိုရောင်များ အန်သည့်အထဲတွင်ပါလာခြင်း)
  • နှာခေါင်းသွေးယိုခြင်း
  • ပါးစပ်၊သွားဖုံးတို့မှ သွေးယိုခြင်း တို့ပဲဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ အထက်ပါသွေးလန့်တဲ့ လက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ အသက်အန္တရာယ်ရှိပါတယ်။ ဆေးရုံမှာ စနစ်တကျဆေးကုသမှု ခံယူမှဖြစ်ပါလိမ့်မယ်။

*ခြင်ကိုက်မခံရအောင်

မိဘတွေအနေနဲ့ မိမိအိမ်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ခြင်ပေါက်ဖွားနိုင်တဲ့ ခြုံနွယ်ပိတ်ပေါင်းတွေ ၊ရေဝပ်နိုင်တဲ့ နေရာတွေကို ရှင်းလင်းသင့်ပါတယ်။ကလေးကိုနေ့ခင်းနေ့လည်တွေမှာ ခြင်ထောင်နဲ့သိပ်သင့်ပါတယ်။ ၃လတစ်ကြိမ် (သို့) ၆လတစ်ကြိမ် ခြင်ဆေးဖျန်းခြင်း လုပ်နိုင်ပါတယ်။ အသက်နှစ်လနှင့်အထက် ကလေးငယ်များကိုတော့ mosquito repellent များလိမ်းပေးလို့ရပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ အတိုင်းပါပဲ။ မိဘများဟာ မိမိတို့ရဲ့ ကလေးသူငယ်များကို ခြင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ မဖြစ်ရအောင် ကြိုတင်ကာကွယ်ပေးထားတာက ပိုမိုသင့်တော်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

ျခင္ကိုက္ခံရျခင္းရဲ႕ အႏၲရာယ္

ကေလးငယ္ေတြကုိ ျခင္ကုိက္မခံရေအာင္ မိဘေတြအေနနဲ႔ ဂရုျပဳသင့္ပါတယ္။ သာမန္အေနနဲ႔ၾကည့္ရင္ ျခင္ကုိက္ခံရတာဟာ ဘာမွအေရးမႀကီးဘူးလုိ႔ထင္ရေပမယ့္ အဲ့ဒီကုိက္လုိက္တဲ့ျခင္ဟာ ဘတ္တီးရီးယား၊ ဗုိင္းရပ္စ္ပုိးနဲ႔ ကပ္ပါးေကာင္ ကူးစက္ခံထားရတဲ့ ျခင္ဆုိရင္ေတာ့ ကေလးငယ္ဆီမွာပါေရာဂါ ျဖစ္ေစႏုိင္ပါတယ္။

ျခင္ကုိက္ခံရျခင္းမွတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြကေတာ့ ငွက္ဖ်ားေရာဂါ ၊ ေသြးလြန္တုပ္ေကြးေရာဂါ ၊ ဆင္ေျခေထာက္ေရာဂါ ၊ Chikunganya ၊ Yellow Fever အစရွိတာေတြပဲျဖစ္ပါတယ္။ ဒီထဲမွာမွ အျဖစ္မ်ားတဲ့ ငွက္ဖ်ားေရာဂါနဲ႔ ကေလးမ်ားအတြက္ အင္မတန္အႏၲရာယ္ႀကီးတဲ့ ေသြးလြန္တုပ္ေကြးေရာဂါေတြအေျကာင္း ေဖာ္ျပခ်င္ပါတယ္။

ငွက္ဖ်ားေရာဂါ
ငွက္ဖ်ားေရာဂါဟာ Plasmodium falciparum, Plasmodium vivax,Plasmodium malariae, Plasmodium ovale, Plasmodium knowlesi စတဲ့ ကပ္ပါးေကာင္အုပ္စု ကူးစက္ခံထားရတဲ့ Anopheles ျခင္ ကုိက္ခံရလုိ႔ ကူးစက္တာျဖစ္ပါတယ္။ ငွက္ဖ်ားေရာဂါဟာ ျခင္ကုိက္ခံရၿပီး ၃လေလာက္အၾကာမွာ ေရာဂါလကၡဏာေပၚလာတတ္ပါတယ္။ အဓိကအားျဖင့္ ငွက္ဖ်ားေရာဂါအျဖစ္မ်ားတဲ့ ေဒသကုိသြားၿပီး ျပန္လာတဲ့အခ်ိန္မွာ ျဖစ္တတ္ၾကပါတယ္။ ေရာဂါလကၡဏာေတြကေတာ့

  • ေခါင္းကိုက္ျခင္း
  • ႏံုးေခြေနျခင္း
  • ႀကြက္သားမ်ားနာက်င္ျခင္း
  • ၀မ္းေလွ်ာျခင္း
  • ေခ်ာင္းဆုိးျခင္း စသည္တုိ႔ျဖစ္ပါတယ္။

အဲဒီေရာဂါလကၡဏာေတြဟာ ပုိမုိျပင္းထန္လာတတ္ပါတယ္။ လူနာဟာ အသား၀ါျခင္း၊ သတိလစ္ၿပီးတက္သြားျခင္းတုိ႔လည္း ျဖစ္တတ္ပါတယ္။ငွက္ဖ်ားေရာဂါလို႔ သံသယရွိၿပီဆုိတာနဲ႔ ေဆးခန္းအျမန္ျပရပါမယ္။ ေသြးထဲမွာ ငွက္ဖ်ားေရာဂါပုိးရွိမရွိ အျမန္ဆံုးစစ္ေဆးရပါမယ္။ ငွက္ဖ်ားေရာဂါလုိ႔ သိရရင္ေတာ့ ေဆးရံုတက္ကုသရပါမယ္။ ကုသမႈတြကေတာ့ ေရာဂါျပင္းထန္မႈ၊ ေနာက္ဆက္တြဲ အဂၤါေတြကုိ ထိခုိက္မႈရွိမရွိနဲ႔ ဆံုးျဖတ္ၿပီး ဆက္လက္ကုသမွာ ျဖစ္ပါတယ္။

ေသြးလြန္တုပ္ေကြးေရာဂါ

ကြၽန္မတုိ႔ ျမန္မာႏုိင္ငံမွာ အင္မတန္ အျဖစ္မ်ားၿပီး ကေလးေတြကုိ အသက္အႏၱရာယ္အမ်ားဆံုးေပးႏုိင္တဲ့ ေရာဂါျဖစ္ပါတယ္။ Dengue viruses (Flaviviruses DENV 1-4 ) ေတြကူးစက္ခံထားရတဲ့ Aedes ျခင္ကိုက္လုိ႔ ကူးစက္ခံရတာပဲ ျဖစ္ပါတယ္။ Aedes ျခင္ဟာ ေန႔ဘက္မွာကုိက္တဲ့ ျခင္အမ်ိဳးအစားျဖစ္ပါတယ္။

ျခင္ကုိက္ခံရၿပီး ၃ရက္ကေန ၁၄ရက္အတြင္းမွာ ေရာဂါလကၡဏာ ျပတတ္ပါတယ္။ လကၡဏာေတြကေတာ့

  • ေခါင္းကုိက္ျခင္း
  • မ်က္လံုးေအာင့္ျခင္း
  • ၾကြက္သားနဲ႔ အဆစ္အျမစ္ေတြကုိက္ခဲျခင္း
  • ခႏၲာကုိယ္မွာ အနီစက္ေလးမ်ားထြက္လာျခင္းတုိ႔ပဲ ျဖစ္ပါတယ္။

စုိးရိမ္ရတဲ့ ေရာဂါလကၡဏာေတြကေတာ့

  • ဗုိက္ေအာင့္ျခင္း
  • အဆက္မျပတ္အန္ျခင္း (အညုိေရာင္မ်ား အန္သည့္အထဲတြင္ပါလာျခင္း)
  • ႏွာေခါင္းေသြးယုိျခင္း
  • ပါးစပ္၊သြားဖံုးတုိ႔မွ ေသြးယုိျခင္း တုိ႔ပဲျဖစ္ပါတယ္။

ေသြးလြန္တုပ္ေကြးေရာဂါဟာ အထက္ပါေသြးလန္႔တဲ့ လကၡဏာေတြျဖစ္ေနၿပီဆုိရင္ေတာ့ အသက္အႏၲရာယ္ရွိပါတယ္။ ေဆးရံုမွာ စနစ္တက်ေဆးကုသမႈ ခံယူမွျဖစ္ပါလိမ့္မယ္။

*ျခင္ကုိက္မခံရေအာင္

မိဘေတြအေနနဲ႔ မိမိအိမ္နဲ႔ ပတ္၀န္းက်င္မွာရွိတဲ့ ျခင္ေပါက္ဖြားႏုိင္တဲ့ ျခံဳႏြယ္ပိတ္ေပါင္းေတြ ၊ေရ၀ပ္ႏုိင္တဲ့ ေနရာေတြကို ရွင္းလင္းသင့္ပါတယ္။ကေလးကုိေန႔ခင္းေန႔လည္ေတြမွာ ျခင္ေထာင္နဲ႔သိပ္သင့္ပါတယ္။ ၃လတစ္ႀကိမ္ (သုိ႔) ၆လတစ္ႀကိမ္ ျခင္ေဆးဖ်န္းျခင္း လုပ္ႏုိင္ပါတယ္။ အသက္ႏွစ္လႏွင့္အထက္ ကေလးငယ္မ်ားကုိေတာ့ mosquito repellent မ်ားလိမ္းေပးလုိ႔ရပါတယ္။

ကာကြယ္ျခင္းဟာ ကုသျခင္းထက္ပုိေကာင္းတယ္ဆုိတဲ့ အတုိင္းပါပဲ။ မိဘမ်ားဟာ မိမိတို႕ရဲ႕ ကေလးသူငယ္မ်ားကုိ ျခင္မွတစ္ဆင့္ ကူးစက္တဲ့ ေရာဂါေတြ မျဖစ္ရေအာင္ ႀကိဳတင္ကာကြယ္ေပးထားတာက ပုိမုိသင့္ေတာ္ပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *