လုံလောက်စွာမအိပ်စက်ခြင်း၏ အန္တရာယ်
လူတစ်ယောက်ပုံမှန် စိတ်ကျန်းမာ၊ကိုယ်ကျန်းမာနေစေဖို့ရာ
လုံလောက်စွာအိပ်စက်ခြင်းသည် အခြားသောအရာများထက်
အရေးပါသော အခန်းကဏမှ ပါဝင်နေပါသည်။
ဒါဆို လုံလောက်စွာအိပ်စက်ခြင်းမရှိလျှင် ဘာဖြစ်နိုင်သလဲ?
အဖြေဟာ အံ့ဩစရာကောင်းလောက်အောင်ဆိုးကျိုးများတာကို
သင်တွေ့ရမှာပါ။
၁) သဘာဝနာရီပျက်ယွင်းခြင်း
သဘာဝနာရီဆိုတာ ခန္တကိုယ်မှ ကျန်းမာစေရန် အချိန်မှန်ထုတ်လုပ်ပေးသော
ဟော်မုန်းများကို ဆိုလိုပါသည်။ အိပ်ချိန်မမှန်လျှင် ထိုဟော်မုန်းထွက်ခြင်း ကမောက်ကမ
ဖြစ်စေပါသည်။
၂)လေဖြတ်နိုင်ခြေများခြင်း
အိပ်ရေးပျက်ခြင်းဟာ ဦးနှောက်ဆီသွေးရောက်နည်းစေတာမို့ လေဖြတ်နိုက်ခြေများစေတာပါ။
၃) ဆီးချိုဖြစ်နိုင်ခြေများခြင်း
အိပ်ရေးပျက်ရင် ခန္တာကိုယ်က စိတ်ဖီးစီးခြင်းဖြစ်ပြီး ဟော်မုန်းထွက်လာပါတယ်။ဒီဟော်မုန်းများခြင်း
ကြောင့် ဆီးချိုဖြစ်နိုင်ခြေတက်လာရခြင်းဖြစ်ပါတယ်။
၄) သွေးတိုးနိုင်ခြင်း၊နှလုံးရောဂါဖြစ်နိုင်ခြေများခြင်း
ပုံမှန်အားဖြင့် အိပ်နေချိန်မှာသွေးကျပြီး နှလုံးကို ဝန်ပိစေခြင်းမှ ကာကွယ်ပေးပါတယ်။
အိပ်ရေးပျက်ချိန်မှာ ဒါဟာ ပြောင်းပြန်ဖြစ်သွားပါတယ်။
၅) ရင်သားကင်ဆာဖြစ်နိုင်ခြေများခြင်း
အိပ်ရေးပျက်လျှင် အမျိုးသမီး oestrogen ဟော်မုန်းတက်စေပါတယ်။ ဒီဟော်မုန်းများခြင်း
ဟာ ရင်သားကင်ဆာဖြစ်စေပါတယ်။
၆)စိတ်ဓာတ်ကျစေခြင်း
မယ်တင်(ဆေး-၁)