အသက်နဲ့ရင်းတဲ့ ဟိုက်ပိုသင်ခန်းစာ

“ဝမ်း…တူး…ဝမ်း..တူး”

ပြည်လမ်းမထက်ဝယ် နုနယ်ပျိုမြစ်သောမိန်းကလေး၏ ခြေလှမ်းတွေက နံနက်မိုးသောက်နေရောင်အောက်မှာ ပြေးလွှားနေသည်။ နံနက်ခြောက်နာရီဆိုရင် နားကြပ်ကိုတပ် အားကစားဝတ်စုံကိုဝတ်ကာ အိမ်မှရွှေတိဂုံဘုရား ရှင်ဥပဂုတ္တရေကန်သို့ joggingပြေးသည့်လေ့ကျင့်ခန်းလုပ်ခဲ့သည်မှာ ဒုတိယနှစ်ဆေးကျောင်းသူလေး စုလဲ့အဖို့ အကျင့်ဖြစ်နေခဲ့ပြီ။ ဒါပေမယ့် မိုးတွင်းဆို စုလဲ့ နားသည်။ မိုးရွာထဲပြေးရင် အခန့်မသင့်က ဖျားတတ်နာတတ်သည်၊ ဒီလိုဆို ကျောင်းပျက်ရင် ပရက်တီကယ် လက်တွေ့သင်ခန်းစာတွေလွတ်သွားမှာကို ကြောက်ရသည်ကိုး။ ဒါကြောင့် မိုးတွင်းပိုင်းနားပြီး ယခုဆောင်းအကူးရောက်မှ ပြန်လည်ပြေးဖြစ်သည်။ ဒီနေ့က စုလဲ့ ပြန်လည် စတင် joggingပြေးတဲ့နေ့။

ပြေးမယ့်သာပြေးရသည် ညကအိပ်ရေးမဝ။ Candy crushဂိမ်းကို ဆော့ရင်း ဒီလယ်ဗယ်နိုင်မှ အိပ်မကွဆိုပြီး ဆော့လိုက်တာ ညသန်းခေါင်တစ်နာရီကျော်သွားသည်။ ဒီကြားထဲ ညစာမစားသည့်အကျင့်ကို စထားသည်ကဒီနေ့ဆိုဆယ်ရက်မြောက်။ ဒီမနက်အိပ်ယာကထတော့ မလန်းဆန်း။ ဒါပေမယ့် ဒီနေ့လေ့ကျင့်ခန်းပြန်စမည်ဟုဆုံးဖြတ်ထားသည့်စိတ်နှင့် စုလဲ့အိမ်ကထွက်လာခဲ့ပြီ။

စုလဲ့ ခြေလှမ်းတွေက သွက်သည်၊မှန်သည် စည်းချက်ညီညီလှမ်းနေသည်။ ဒါပေမယ့် ဒီနေ့တစ်မျိုးကြီးပဲ။ နားကြပ်မှကြားနေကျသီချင်းကို ကောင်းကောင်းအာရုံစိုက်၍မရ၊ ဒါနဲ့ပဲ နားကြပ်ကိုဖြုတ်ပြီးပြေးသည်။ ဘေးနားကဖြတ်သွားသည့်ကားသံ ကားဟွန်းသံတွေက ဒီနေ့မှသံရှည်ဆွဲနေသလိုလို။ ဆယ့်ငါးမိနစ်ခန့်ပြေးအပြီးမှာ စုလဲ့ ချွေးစီးများပြန်လာသည်။ အရင်ပြေးတုန်းကကောချွေးမထွက်ဘူးလား.. ထွက်တာပဲ ဒါပေမယ့်သည်လိုမဟုတ်။ အခုကတအားနုံးပြီးချွေးစီးတွေပြန်လာတာ။ ပြီးတော့ နားတွေလဲလေထွက်နေပါလား။ စုလဲ့ သိလိုက်ပြီ။ သကြား…သကြားဓာတ်။ ဒုတိယနှစ်ဆေးကျောင်းသူတစ်ဦးအဖို့ Hypoglycemia လို့ခေါ်တဲ့ သွေးတွင်းသကြားဓာတ်ကျဆင်းခြင်းရဲ့ လက္ခဏာတွေကို ဖတ်ဖူးနေကျ။ အခုတော့သူမကိုယ်တိုင်ခံစားနေရသည်။ စုလဲ့ပတ်ဝန်းကျင်မှာလိုက်ရှာကြည့်သည်။ စတိုးဆိုင်ကအအေးဘူး၊ ကွမ်းယာဆိုင်ကသကြားလုံး၊ သွားရည်စာရောင်းတဲ့လက်ပွေ့သည်..ရှာသည်၊ ရှာသည်။ မနက်ခြောက်နာရီဆိုတော့ ပတ်ဝန်းကျင်မှာ ဘာဆိုင်မှမရှိ။ စုလဲ့ခြောက်ခြားလာသည်။ တစ်ဆက်တည်းမှာ မျက်စိတွေပြာလာသည်။ ဒူးညွတ်ကျသွားသည်။ လက်ဖျားခြေဖျားတွေအေးစက်ပြီးတုန်ရင်လာသည်။ ချွေးစီးတွေကထွက်ကောင်းနေဆဲ။ ဆေးကျောင်းသားတွေ၊ဆရာဝန်တွေ အတိုကောက်ပြောနေကျစကား ဟိုက်ပို..ဟိုက်ပို (Hypo) သွေးတွင်းသကြားဓာတ်အလွန်လျော့နည်းသွားခြင်းကို သူကိုယ်တိုင်ခံစားနေရပြီ။ သူလမ်းမဘေးတစ်နေရာမှာထိုင်ချလိုက်ရသည်။ သြော်ငါသေတော့မှာပါလားဆိုတဲ့ခံစားချက် (Dying Sensation) ကို စုလဲ့ ကောင်းကောင်းကြီးခံစားနေရသည်။ သူမအားတင်းပြီးဖုန်းကိုထုတ်၊ အိမ်ကိုဖုန်းခေါ်လိုက်သည်။ ပါပါးရေ…ဖုန်းကိုင်ပါ..ဖုန်းကိုင်ပေးပါ။ စုလဲ့ အသိတို့အမှောင်ဖုံးသွားသည်။ ဖုန်းကိုင်သလား မကိုင်သလား သူမလုံးဝမသိလိုက်နိုင်တော့ပါ။

စုလဲ့သတိပြန်ရတော့ အိမ်ကအိပ်ခန်းတွင်းမှာ။ ပါပါက စိတ်ပူစွာဘေးမှာစောင့်ကြည့်နေသည်။ စုလဲ့ကြောက်ကြောက်နဲ့ ပါပါးကို စကားစတင်ပြောလိုက်သည်။

“ပါး သမီးဟိုက်ပိုဝင်သွားတယ်…”

“အေး ပါးသိတယ်။ သမီးကိုညကတည်းက ပြောသားပဲ။ သမီးမနက်ပြေးမယ်ဆို ညစာစား စောစောအိပ်လို့။ ခုပါးထင်လို့ ဖုန်းဝင်လာပြီးဘာမှပြန်မဖြေတာနဲ့ ကားနဲ့လမ်းမှာလိုက်ရှာတာ။ တော်သေးတယ် ပါး တစ်ခါတည်း ဂလူးကို့စ်အင်ဂျက် (ဂလူးကို့စ်သကြားဓာတ်ထိုးဆေး)ယူလာလို့။ နောက်ဆိုမှတ်ထား။ သကြားလုံးလေးဘာလေး ဆောင်ထား။”

စုလဲ့၏ အဖေက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အတိုင်ပင်ခံဆရာဝန်ကြီးဖြစ်သောကြောင့် အခြေအနေကိုစဉ်းစားခန့်မှန်းကာ အမြန်ရောက်လာ၍သာသာတော်တော့သည်။ မဟုတ်လျှင် ဦးနှောက်တွင်းသကြားဓာတ်မရပါက ဆေးကျောင်းသူဖြူဖြူချောချောလေး အသက်တစ်ချောင်း နှမြောစရာဆုံးရှုံးမည့်ကေ သီသီကလေး။

စုလဲ့တစ်သက်စာမှတ်သွားပြီ။ သွေးတွင်းသကြားဓာတ်အတက်အကျကြမ်းသော ဆီးချိုရောဂါသည်များသာ သကြားဓာတ်ကျတတ်သည်မဟုတ်၊ ဘာလေ့ကျင့်ခန်းမှမလုပ်သောသူများ ရုတ်ချည်း လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ပါက သကြားဓာတ်ပြီး မူးမည်၊ချွေးစေများထွက်၊ ခြေဖျားလက်ဖျားတွေအေးစက်ပြီး သတိလစ်ကာ အချိန်ကြာသွားလျှင်အသက်အန္တရာယ်ပါဆုံးရှုံးတတ်သည်ဆိုသည်ကို ကိုယ်တွေ့ခံစားလိုက်ရပြီ။ ဘဝမှာ နောက်ထပ်တစ်ခါ ထပ်ပြီးမခံစားချင်အောင် ကြောက်စရာကောင်းသည့်ခံစားချက်၊ သေရတော့မယ်ဆိုတဲ့အတွေးမျိုးထိ ဝင်လာစေတဲ့ ခံစားချက်။ အော် ဟိုက်ပို ဟိုက်ပို။

နောက်တစ်နေ့ နံနက်ခြောက်နာရီခန့်တွင် ပြည်လမ်းမပေါ်တွင် သီချင်းနားထောင်သည့်နားကြပ်လေးကိုတပ်၊ အားကစားဝတ်စုံကိုဝတ်ပြီး မိန်းကလေးတစ်ယောက် joggingပြေးနေကိုမြင်ရသည်။ အခြားသူ မဟုတ် စုလဲ့ရယ်ပါ။ ဒါပေမယ့် ဒီတစ်ခါတော့ သကြားလုံးတစ်လုံးကို ပါးစပ်ထဲမှာမြုံ့လို့။ လေ့ကျင်ခန်းပြန်စတဲ့ ခြေလှမ်းတွေက စည်းချက်ကျကျ ဝမ်း..တူး..ဝမ်း..တူး။

ဒါပေမယ့် ဖြေးဖြေးနဲ့ မှန်မှန်လေးရယ်ပါ။

မေတ္တာဖြင့်

စိုင်းမြတ်သူ

အသက္နဲ႔ရင္းတဲ့ ဟိုက္ပိုသင္ခန္းစာ

“ဝမ္း…တူး…ဝမ္း..တူး”

ျပည္လမ္းမထက္ဝယ္ ႏုနယ္ပ်ိဳျမစ္ေသာမိန္းကေလး၏ ေျခလွမ္းေတြက နံနက္မိုးေသာက္ေနေရာင္ေအာက္မွာ ေျပးလႊားေနသည္။ နံနက္ေျခာက္နာရီဆိုရင္ နားၾကပ္ကိုတပ္ အားကစားဝတ္စံုကိုဝတ္ကာ အိမ္မွေရႊတိဂံုဘုရား ႐ွင္ဥပဂုတၱေရကန္သို႔ joggingေျပးသည့္ေလ့က်င့္ခန္းလုပ္ခဲ့သည္မွာ ဒုတိယႏွစ္ေဆးေက်ာင္းသူေလး စုလဲ့အဖို႔ အက်င့္ျဖစ္ေနခဲ့ၿပီ။ ဒါေပမယ့္ မိုးတြင္းဆို စုလဲ့ နားသည္။ မိုးရြာထဲေျပးရင္ အခန္႔မသင့္က ဖ်ားတတ္နာတတ္သည္၊ ဒီလိုဆို ေက်ာင္းပ်က္ရင္ ပရက္တီကယ္ လက္ေတြ႔သင္ခန္းစာေတြလြတ္သြားမွာကို ေၾကာက္ရသည္ကိုး။ ဒါေၾကာင့္ မိုးတြင္းပိုင္းနားၿပီး ယခုေဆာင္းအကူးေရာက္မွ ျပန္လည္ေျပးျဖစ္သည္။ ဒီေန႔က စုလဲ့ ျပန္လည္ စတင္ joggingေျပးတဲ့ေန႔။

ေျပးမယ့္သာေျပးရသည္ ညကအိပ္ေရးမဝ။ Candy crushဂိမ္းကို ေဆာ့ရင္း ဒီလယ္ဗယ္ႏိုင္မွ အိပ္မကြဆိုၿပီး ေဆာ့လိုက္တာ ညသန္းေခါင္တစ္နာရီေက်ာ္သြားသည္။ ဒီၾကားထဲ ညစာမစားသည့္အက်င့္ကို စထားသည္ကဒီေန႔ဆိုဆယ္ရက္ေျမာက္။ ဒီမနက္အိပ္ယာကထေတာ့ မလန္းဆန္း။ ဒါေပမယ့္ ဒီေန႔ေလ့က်င့္ခန္းျပန္စမည္ဟုဆံုးျဖတ္ထားသည့္စိတ္ႏွင့္ စုလဲ့အိမ္ကထြက္လာခဲ့ၿပီ။

စုလဲ့ ေျခလွမ္းေတြက သြက္သည္၊မွန္သည္ စည္းခ်က္ညီညီလွမ္းေနသည္။ ဒါေပမယ့္ ဒီေန႔တစ္မ်ိဳးႀကီးပဲ။ နားၾကပ္မွၾကားေနက်သီခ်င္းကို ေကာင္းေကာင္းအာရံုစိုက္၍မရ၊ ဒါနဲ႔ပဲ နားၾကပ္ကိုျဖဳတ္ၿပီးေျပးသည္။ ေဘးနားကျဖတ္သြားသည့္ကားသံ ကားဟြန္းသံေတြက ဒီေန႔မွသံ႐ွည္ဆြဲေနသလိုလို။ ဆယ့္ငါးမိနစ္ခန္႔ေျပးအၿပီးမွာ စုလဲ့ ေခြၽးစီးမ်ားျပန္လာသည္။ အရင္ေျပးတုန္းကေကာေခြၽးမထြက္ဘူးလား.. ထြက္တာပဲ ဒါေပမယ့္သည္လိုမဟုတ္။ အခုကတအားႏံုးၿပီးေခြၽးစီးေတြျပန္လာတာ။ ၿပီးေတာ့ နားေတြလဲေလထြက္ေနပါလား။ စုလဲ့ သိလိုက္ၿပီ။ သၾကား…သၾကားဓာတ္။ ဒုတိယႏွစ္ေဆးေက်ာင္းသူတစ္ဦးအဖို႔ Hypoglycemia လို႔ေခၚတဲ့ ေသြးတြင္းသၾကားဓာတ္က်ဆင္းျခင္းရဲ႕ လကၡဏာေတြကို ဖတ္ဖူးေနက်။ အခုေတာ့သူမကိုယ္တိုင္ခံစားေနရသည္။ စုလဲ့ပတ္ဝန္းက်င္မွာလိုက္႐ွာၾကည့္သည္။ စတိုးဆိုင္ကအေအးဘူး၊ ကြမ္းယာဆိုင္ကသၾကားလံုး၊ သြားရည္စာေရာင္းတဲ့လက္ေပြ႔သည္..႐ွာသည္၊ ႐ွာသည္။ မနက္ေျခာက္နာရီဆိုေတာ့ ပတ္ဝန္းက်င္မွာ ဘာဆိုင္မွမ႐ွိ။ စုလဲ့ေျခာက္ျခားလာသည္။ တစ္ဆက္တည္းမွာ မ်က္စိေတြျပာလာသည္။ ဒူးၫြတ္က်သြားသည္။ လက္ဖ်ားေျခဖ်ားေတြေအးစက္ၿပီးတုန္ရင္လာသည္။ ေခြၽးစီးေတြကထြက္ေကာင္းေနဆဲ။ ေဆးေက်ာင္းသားေတြ၊ဆရာဝန္ေတြ အတိုေကာက္ေျပာေနက်စကား ဟိုက္ပို..ဟိုက္ပို (Hypo) ေသြးတြင္းသၾကားဓာတ္အလြန္ေလ်ာ့နည္းသြားျခင္းကို သူကိုယ္တိုင္ခံစားေနရၿပီ။ သူလမ္းမေဘးတစ္ေနရာမွာထိုင္ခ်လိုက္ရသည္။ ေျသာ္ငါေသေတာ့မွာပါလားဆိုတဲ့ခံစားခ်က္ (Dying Sensation) ကို စုလဲ့ ေကာင္းေကာင္းႀကီးခံစားေနရသည္။ သူမအားတင္းၿပီးဖုန္းကိုထုတ္၊ အိမ္ကိုဖုန္းေခၚလိုက္သည္။ ပါပါးေရ…ဖုန္းကိုင္ပါ..ဖုန္းကိုင္ေပးပါ။ စုလဲ့ အသိတို႔အေမွာင္ဖံုးသြားသည္။ ဖုန္းကိုင္သလား မကိုင္သလား သူမလံုးဝမသိလိုက္ႏိုင္ေတာ့ပါ။

စုလဲ့သတိျပန္ရေတာ့ အိမ္ကအိပ္ခန္းတြင္းမွာ။ ပါပါက စိတ္ပူစြာေဘးမွာေစာင့္ၾကည့္ေနသည္။ စုလဲ့ေၾကာက္ေၾကာက္နဲ႔ ပါပါးကို စကားစတင္ေျပာလိုက္သည္။

“ပါး သမီးဟိုက္ပိုဝင္သြားတယ္…”

“ေအး ပါးသိတယ္။ သမီးကိုညကတည္းက ေျပာသားပဲ။ သမီးမနက္ေျပးမယ္ဆို ညစာစား ေစာေစာအိပ္လို႔။ ခုပါးထင္လို႔ ဖုန္းဝင္လာၿပီးဘာမွျပန္မေျဖတာနဲ႔ ကားနဲ႔လမ္းမွာလိုက္႐ွာတာ။ ေတာ္ေသးတယ္ ပါး တစ္ခါတည္း ဂလူးကို႔စ္အင္ဂ်က္ (ဂလူးကို႔စ္သၾကားဓာတ္ထိုးေဆး)ယူလာလို႔။ ေနာက္ဆိုမွတ္ထား။ သၾကားလံုးေလးဘာေလး ေဆာင္ထား။”

စုလဲ့၏ အေဖက ရန္ကုန္ျပည္သူ႔ေဆးရံုႀကီးမွ အတိုင္ပင္ခံဆရာဝန္ႀကီးျဖစ္ေသာေၾကာင့္ အေျခအေနကိုစဥ္းစားခန္႔မွန္းကာ အျမန္ေရာက္လာ၍သာသာေတာ္ေတာ့သည္။ မဟုတ္လ်ွင္ ဦးေႏွာက္တြင္းသၾကားဓာတ္မရပါက ေဆးေက်ာင္းသူျဖဴျဖဴေခ်ာေခ်ာေလး အသက္တစ္ေခ်ာင္း ႏွေျမာစရာဆံုး႐ွံဳးမည့္ေက သီသီကေလး။

စုလဲ့တစ္သက္စာမွတ္သြားၿပီ။ ေသြးတြင္းသၾကားဓာတ္အတက္အက်ၾကမ္းေသာ ဆီးခ်ိဳေရာဂါသည္မ်ားသာ သၾကားဓာတ္က်တတ္သည္မဟုတ္၊ ဘာေလ့က်င့္ခန္းမွမလုပ္ေသာသူမ်ား ႐ုတ္ခ်ည္း ေလ့က်င့္ခန္းျပင္းျပင္းထန္ထန္လုပ္ပါက သၾကားဓာတ္ၿပီး မူးမည္၊ေခြၽးေစမ်ားထြက္၊ ေျခဖ်ားလက္ဖ်ားေတြေအးစက္ၿပီး သတိလစ္ကာ အခ်ိန္ၾကာသြားလ်ွင္အသက္အႏၲရာယ္ပါဆံုး႐ွံုးတတ္သည္ဆိုသည္ကို ကိုယ္ေတြ႔ခံစားလိုက္ရၿပီ။ ဘဝမွာ ေနာက္ထပ္တစ္ခါ ထပ္ၿပီးမခံစားခ်င္ေအာင္ ေၾကာက္စရာေကာင္းသည့္ခံစားခ်က္၊ ေသရေတာ့မယ္ဆိုတဲ့အေတြးမ်ိဳးထိ ဝင္လာေစတဲ့ ခံစားခ်က္။ ေအာ္ ဟိုက္ပို ဟိုက္ပို။

ေနာက္တစ္ေန႔ နံနက္ေျခာက္နာရီခန္႔တြင္ ျပည္လမ္းမေပၚတြင္ သီခ်င္းနားေထာင္သည့္နားၾကပ္ေလးကိုတပ္၊ အားကစားဝတ္စံုကိုဝတ္ၿပီး မိန္းကေလးတစ္ေယာက္ joggingေျပးေနကိုျမင္ရသည္။ အျခားသူ မဟုတ္ စုလဲ့ရယ္ပါ။ ဒါေပမယ့္ ဒီတစ္ခါေတာ့ သၾကားလံုးတစ္လံုးကို ပါးစပ္ထဲမွာျမံဳ႕လို႔။ ေလ့က်င္ခန္းျပန္စတဲ့ ေျခလွမ္းေတြက စည္းခ်က္က်က် ဝမ္း..တူး..ဝမ္း..တူး။

ဒါေပမယ့္ ေျဖးေျဖးနဲ႔ မွန္မွန္ေလးရယ္ပါ။

ေမတၱာျဖင့္

စိုင္းျမတ္သူ

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *