ဆံပင်ဆိုးဆေး၏အန္တရာယ်များ
လူတော်တော်များများက ငယ်ရွယ်နုပျိုပြီး အိုမင်းမှုကိုတားဆီးဖို့ အတွက် နည်းလမ်းအမျိုးမျိုးသုံးပြီး ကြိုးစားကြပါတယ်နုပျိုအောင် ကြိုးစားကြတဲ့ထဲမှာမှ မျက်နှာကိုနုပျိုအောင် ပြုပြင်ဖို့က နံပတ်တစ်ဆို ဆံပင်က နံပတ်နှစ်ပါပဲ ဒါကြောင့်မို့ ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ ပြောရင်လဲ မမှားပါဘူးနော်ဆံပင်ဒီဇိုင်း ကာလာက လူတစ်ယောက်ရဲ့ အသွင်အပြင်ကို အများကြီးပြောင်းလဲ သွားစေနိုင်ပါတယ်
အထူးသဖြင့် ဆံပင်အရောင်ပြောင်းလဲမှုပါပဲ ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေဆို မကြာခဏ အရောင်အမျိုးမျိုး ပြောင်းလေ့ရှိပါတယ် အနုပညာရှင်တွေရဲ့ ပြောင်းလဲမှုကို အားကျတဲ့ ပရိတ်သတ်တွေကလဲ သူတို့ရဲ့ ဆံပင် စတိုင်ကို လိုက်ပြောင်းလေ့ရှိပါတယ်တစ်ခါတစ်လေ ဆံပင်အရောင်ဆိုးတာ ကိစ္စမရှိပေမယ့် အကြိမ်အရေအတွက်များလာတဲ့အခါ ဆိုးဆေးတွေက ဦးရေပြားနဲ့ ခန္ဓာကိုယ်ကို ဒုက္ခပေးလာနိုင်တဲ့ အတွက် ဒီတစ်ခေါက်တော့ ဆံပင်ဆိုးဆေးတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်
ဆံပင်ဆေးဆိုးတဲ့အခါ ကြုံတွေ့ရလေ့ရှိတဲ့ပြသနာတွေကတော့-
* ဦးရေပြားလောင်သွားခြင်း
* ဦးရေပြားတွင် အနာဖြစ်ခြင်း, ယားခြင်း, ဗောက်ထခြင်း
* ဆံပင်များကျွတ်ခြင်း
* ဆံပင်ကျွတ်တဲ့ နေရာ ဆံပင်ပြန်မပေါက်ခြင်း
* ဆံပင်ဖြူ များထွက်လာခြင်း
* ဓါတ်မတည့်မှုကြောင့် အသက်ရှူရ ခက်ခဲခြင်း, အသက်ရှူကြတ်ပြီး ရုတ်တရက် သေဆုံးနိုင်ခြင်း တို့နဲ့ ကြုံတွေ့ရတတ်ပါတယ်
ဆေးဆိုးတဲ့ အကြိမ်အရေအတွက် အရမ်းများလာလျှင်လဲ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကျဆင်းပြီး ပြင်ပရောဂါတွေပါ လွယ်လွယ်နဲ့ဝင်ရောက်လာနိုင်ပါတယ်
ဈေးသက်သာပြီး ဈေးပေါတဲ့ ဆိုးဆေးတွေမှာ ကင်ဆာဖြစ်စေပြီး လူကိုအန္တရာယ်ဖြစ်စေတဲ့ Ammonia, Coal tar, Resorcinol, Eugenol, Formaldehyde, paraphenylenediamine, DMDM hydantoin အစရှိတဲ့ chemical အမြောက်အများ ပါဝင်တဲ့အတွက် ဈေးသက်သာတိုင်း မသုံးသင့်ပါဘူး
ဆံပင်ဆေးဆိုးတဲ့သူတိုင်း သတိပြုရမယ့် အချက်တွေကတော့-
* ဆံပင်ဆိုးဆေးကို သတ်မှတ်ချိန်ထက်ပိုပြီး မထားသင့်ပါဘူး
* ဆေးဆိုးပြီး ဦးရေပြားကို သေချာပြောင်အောင် ဆေးပေးရပါမယ်
* ဆိုးဆေးဆိုးရာတွင် လိုက်နာရမယ့်အချက်တွေကိုလဲ သေချာလိုက်နာရပါမယ်
* အမျိုးအစားမတူ, ထုပ်တဲ့ ကုမ္ပဏီမတူတဲ့ ဆိုးဆေးတွေကို တစ်ခုနှင့် တစ်ခု ရောနှောခြင်း မပြုရပါဘူး
* ဦးရေပြားပေါ်ရှိ အနာဖြစ်တဲ့ နေရာကို ဆိုးဆေးမဆိုးသင့်ပါ
* ဆိုးဆေး တည့်မတည့်ကို ဦးရေပြားပေါ် မဆိုးခင် နားရွက်နောက်တွင် အရင်စမ်းသပ်ပြီးမှ ဆိုးလျှင် ပိုပြီး အန္တရာယ်ကင်းစေပါတယ်
အနက်ရောင်နဲ့ ချွတ်ဆေးသုံးပြီး ဆိုးရတဲ့ အရောင်တွေက ဦးရေပြားနဲ့ ဆံပင်ကို အန္တရာယ်ပေးနိုင်တဲ့အတွက် ခဏခဏ မဆိုးသင့်ပါဘူး
အနက်ရောင်ဆိုးမယ့်အစား မီးခိုးရင့်ရောင်တို့ အညိုရောင်တို့ အစားထိုးသုံးသင့်ပါတယ်
ဆံပင်အရောင် ခဏခဏ ပြောင်းတတ်တဲ့သူတွေကတော့ သဘာဝပစ္စည်းများဖြင့်သာ ထုတ်လုပ်ထားတဲ့ ဆံပင်ဆိုးဆေးတွေပဲ အသုံးပြုဖို့ အကြံပေးချင်ပါတယ်
အားလုံး ကျန်းမာပျော်ရွှင်ပြီး ကြည်လင်လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ
ရွှန်းလဲ့ (ဆေး ၂)
ဆံပင္ဆိုးေဆး၏အႏၱရာယ္မ်ား
လူေတာ္ေတာ္မ်ားမ်ားက ငယ္ရြယ္နုပ်ိဳျပီး အိုမင္းမႈကိုတားဆီးဖို႕ အတြက္ နည္းလမ္းအမ်ိဳးမ်ိဳးသံုးျပီး ၾကိဳးစားၾကပါတယ္နုပ်ိဳေအာင္ ၾကိဳးစားၾကတဲ႕ထဲမွာမွ မ်က္နွာကိုနုပ်ိဳေအာင္ ျပဳျပင္ဖို႕က နံပတ္တစ္ဆို ဆံပင္က နံပတ္နွစ္ပါပဲ ဒါေၾကာင့္မို႔ ဆံပင္က လူတစ္ေယာက္ရဲ႕ ဒုတိယမ်က္နွာလို႕ ေျပာရင္လဲ မမွားပါဘူးေနာ္ဆံပင္ဒီဇိုင္း ကာလာက လူတစ္ေယာက္ရဲ႕ အသြင္အျပင္ကို အမ်ားၾကီးေျပာင္းလဲ သြားေစနိုင္ပါတယ္
အထူးသျဖင့္ ဆံပင္အေရာင္ေျပာင္းလဲမႈပါပဲ ရုပ္ရွင္နယ္ပယ္က အနုပညာရွင္ေတြဆို မၾကာခဏ အေရာင္အမ်ိဳးမ်ိဳး ေျပာင္းေလ့ရွိပါတယ္ အနုပညာရွင္ေတြရဲ႕ ေျပာင္းလဲမႈကို အားက်တဲ႕ ပရိတ္သတ္ေတြကလဲ သူတို႕ရဲ႕ ဆံပင္ စတိုင္ကို လိုက္ေျပာင္းေလ့ရွိပါတယ္တစ္ခါတစ္ေလ ဆံပင္အေရာင္ဆိုးတာ ကိစၥမရွိေပမယ့္ အၾကိမ္အေရအတြက္မ်ားလာတဲ႕အခါ ဆိုးေဆးေတြက ဦးေရျပားနဲ႕ ခႏၶာကိုယ္ကို ဒုကၡေပးလာနိုင္တဲ႕ အတြက္ ဒီတစ္ေခါက္ေတာ့ ဆံပင္ဆိုးေဆးေတြနဲ႕ ပတ္သက္ျပီး ေျပာျပေပးခ်င္ပါတယ္
ဆံပင္ေဆးဆိုးတဲ႕အခါ ၾကံဳေတြ႕ရေလ့ရွိတဲ႕ျပသနာေတြကေတာ့-
* ဦးေရျပားေလာင္သြားျခင္း
* ဦးေရျပားတြင္ အနာျဖစ္ျခင္း, ယားျခင္း, ေဗာက္ထျခင္း
* ဆံပင္မ်ားက်ြတ္ျခင္း
* ဆံပင္က်ြတ္တဲ႕ ေနရာ ဆံပင္ျပန္မေပါက္ျခင္း
* ဆံပင္ျဖဴ မ်ားထြက္လာျခင္း
* ဓါတ္မတည့္မႈေၾကာင့္ အသက္ရွဴရ ခက္ခဲျခင္း, အသက္ရွဴၾကတ္ျပီး ရုတ္တရက္ ေသဆံုးနိုင္ျခင္း တို႕နဲ႕ ၾကံဳေတြ႕ရတတ္ပါတယ္
ေဆးဆိုးတဲ႕ အၾကိမ္အေရအတြက္ အရမ္းမ်ားလာလွ်င္လဲ ခႏၶာကိုယ္ရဲ႕ ကိုယ္ခံအားစနစ္ က်ဆင္းျပီး ျပင္ပေရာဂါေတြပါ လြယ္လြယ္နဲ႕ဝင္ေရာက္လာနိုင္ပါတယ္
ေစ်းသက္သာျပီး ေစ်းေပါတဲ႕ ဆိုးေဆးေတြမွာ ကင္ဆာျဖစ္ေစျပီး လူကိုအႏၲရာယ္ျဖစ္ေစတဲ႕ Ammonia, Coal tar, Resorcinol, Eugenol, Formaldehyde, paraphenylenediamine, DMDM hydantoin အစရွိတဲ႕ chemical အေျမာက္အမ်ား ပါဝင္တဲ႕အတြက္ ေစ်းသက္သာတိုင္း မသံုးသင့္ပါဘူး
ဆံပင္ေဆးဆိုးတဲ႕သူတိုင္း သတိျပဳရမယ့္ အခ်က္ေတြကေတာ့-
* ဆံပင္ဆိုးေဆးကို သတ္မွတ္ခ်ိန္ထက္ပိုျပီး မထားသင့္ပါဘူး
* ေဆးဆိုးျပီး ဦးေရျပားကို ေသခ်ာေျပာင္ေအာင္ ေဆးေပးရပါမယ္
* ဆိုးေဆးဆိုးရာတြင္ လိုက္နာရမယ့္အခ်က္ေတြကိုလဲ ေသခ်ာလိုက္နာရပါမယ္
* အမ်ိဳးအစားမတူ, ထုပ္တဲ႕ ကုမၸဏီမတူတဲ႕ ဆိုးေဆးေတြကို တစ္ခုနွင့္ တစ္ခု ေရာေနွာျခင္း မျပဳရပါဘူး
* ဦးေရျပားေပၚရွိ အနာျဖစ္တဲ႕ ေနရာကို ဆိုးေဆးမဆိုးသင့္ပါ
* ဆိုးေဆး တည့္မတည့္ကို ဦးေရျပားေပၚ မဆိုးခင္ နားရြက္ေနာက္တြင္ အရင္စမ္းသပ္ျပီးမွ ဆိုးလ်ွင္ ပိုျပီး အႏၲရာယ္ကင္းေစပါတယ္
အနက္ေရာင္နဲ႕ ခ်ြတ္ေဆးသံုးျပီး ဆိုးရတဲ႕ အေရာင္ေတြက ဦးေရျပားနဲ႕ ဆံပင္ကို အႏၲရာယ္ေပးနိုင္တဲ႕အတြက္ ခဏခဏ မဆိုးသင့္ပါဘူး
အနက္ေရာင္ဆိုးမယ့္အစား မီးခိုးရင့္ေရာင္တို႔ အညိဳေရာင္တို႕ အစားထိုးသံုးသင့္ပါတယ္
ဆံပင္အေရာင္ ခဏခဏ ေျပာင္းတတ္တဲ႕သူေတြကေတာ့ သဘာဝပစၥည္းမ်ားျဖင့္သာ ထုတ္လုပ္ထားတဲ႕ ဆံပင္ဆိုးေဆးေတြပဲ အသံုးျပဳဖို႕ အၾကံေပးခ်င္ပါတယ္
အားလံုး က်န္းမာေပ်ာ္ရႊင္ျပီး ၾကည္လင္လွပတဲ႔ အသားအေရေလး ပိုင္ဆိုင္နိုင္ၾကပါေစ
ရႊန္းလဲ႕ (ေဆး ၂)