” အလွယ်စား၊အမြန်စား၊အသင့်စားတို့နှင့် ကျန်းမာရေးအန္တရာယ်များ “
ခေါင်းစဉ်ကိုကြည့်ပြီး ဘာအကြောင်းပါလိမ့်လို့ ခေါင်းစားနေပြီလား?
ဒီလိုပါ…..
အလွယ်စားဆိုတာက ဆိုင်ကဝယ်ပြီး အိမ်မှာလွယ်လွယ်ကူကူပဲ ပြန်နွှေး၊ပြန်ချက်စားရုံအစားအစာတွေကိုပြောတာပါ။
ဥပမာပြောရရင် ခေါက်ဆွဲပြုတ်၊ငါးသေတ္တာ၊ကြက်အူချောင်း၊ ဝက်ပေါင်ခြောက် စတာမျိုးတွေပေါ့။
အင်္ဂလိပ်လိုတော့ Convenience Food လို့ခေါ်ပါတယ်။
အမြန်စားဆိုလို့ အမြန်ဝါးပြီးအမြန်မျိုချရမယ်လို့ မဆိုလိုပါဘူးနော်။
အမြန်စားဆိုတာက ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်စရာမလိုဘဲ ဆိုင်ကနေ မိနစ်ပိုင်းအတွင်းပြင်ဆင်ပေးပြီး ချက်ချင်းစားနိုင်တဲ့ အစားအစာမျိုးကိုဆိုလိုပါတယ်။
ဥပမာ – ဟမ်ဘာဂါ၊ကြက်ကြော်၊အာလူးချောင်းကြော်၊ပီဇာ စသဖြင့်ပေါ့။
မိနစ်ပိုင်းအတွင်း အမြန်ရတာမို့ Fast Food လို့ခေါ်ပါတယ်။
အသင့်စားဆိုတာကတော့ ခုဝယ် ခုစားလို့ရတဲ့ အသင့်စားအစားအစာ တွေပါ။ကယ်လိုရီနဲ့အဆီများစွာပါဝင်ပြီး ကိုယ်ခန္ဓာအတွက် တကယ်လိုအပ်တဲ့ အမျှင်ဓာတ်၊ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပါဝင်မှုအလွန်နည်းတဲ့ ကျန်းမာရေးအတွက် မသင့်တော်တဲ့အစားအစာတွေပါ။
ဥပမာအားဖြင့် လေဖောင်းမုန့်တွေ၊အာလူးကြော်တွေ စတာတွေ ပါဝင်ပါတယ်။ Junk food လို့ခေါ်ပါတယ်။
အထက်ပါအစားအစာတွေဟာ တစ်ခါတလေစားရင် ပြသနာမရှိပေမယ့် ရေရှည်စားမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။
ဘယ်လိုဆိုးကျိုးတွေလဲ?
အဖြေကတော့ :
(1)အဝလွန်ခြင်း
အသင့်စားအစားအစာတွေဟာ ကယ်လိုရီနဲ့ကိုယ်ခန္ဓာအတွက် ကောင်းကျိုးမပေးတဲ့ ပြည့်ဝဆီများစွာပါဝင်ပြီး….ကိုယ်ခန္ဓာအတွက် တကယ်လိုအပ်တဲ့ အမျှင်ဓာတ်၊ဗီတာမင်နဲ့သတ္တုဓာတ်များ မပါသလောက်နည်းပါးပါတယ်။အသင့်စား အစားအစာ Junk Food တွေကို မကြာခဏ (သို့) ရေရှည်စားသုံးမယ်ဆိုရင် အဝလွန်ခြင်းနှင့် အဝလွန်ခြင်းရဲ့ ဆက်စပ်ရောဂါတွေဖြစ်တဲ့ ဆီးချို၊နှလုံးသွေးကြောကျဉ်းနဲ့ အခြားနာတာရှည်ရောဂါများ ဖြစ်ပွားနိုင်သည့် အန္တရာယ် မြင့်မားလာမှာဖြစ်ပါတယ်။
(2)ဆီးချိုရောဂါ
အအေး၊အချိုရည်နဲ့ အချိုဓာတ်ပါဝင်မှုများတဲ့ Junk Foodတွေဟာ ဆီးချိုရောဂါဖြစ်စေဖို့ လှုံ့ဆော်မှုတစ်ရပ်ပဲဖြစ်ပါတယ်။
(3)သွေးတိုး၊နှလုံး၊ကျောက်ကပ်
Junk food တွေရဲ့ နောက်ထပ်အန္တရာယ်ပေးနိုင်တဲ့ အချက် တစ်ချက်ကတော့လဆားဓာတ်ပါဝင်မှုများခြင်းပဲဖြစ်ပါတယ်။ အကျိုးဆက်အားဖြင့် သွေးတိုးနှင့်နှလုံးရောဂါ…ထိုမှတစ်ဆင့် ကျောက်ကပ်ရောဂါများ အဆင့်ဆင့်ဖြစ်ပွားနိုင်ပါတယ်။
(4)အာဟာရချို့တဲ့ခြင်း
အထက်မှာပြောခဲ့သလိုပဲ….junk food တွေဟာ ကယ်လိုရီနဲ့ ခန္ဓာကိုယ်အတွက်အကျိုးမပြုတဲ့ပြည့်ဝဆီတွေသာ အများဆုံးပါဝင်ပြီး ဗီတာမင်နဲ့သတ္တုဓာတ်တွေ မပါသလောက်နည်းပါးတာမို့ junk food တွေကိုရေရှည်စားသုံးတာနဲ့အမျှ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရတွေမရရှိဘဲ အာဟာရချို့တဲ့တဲ့ ရောဂါလက္ခဏာတွေကို ခံစားရမှာဖြစ်ပါတယ်။
(5)စိတ်ရွှင်လန်းတက်ကြွမှုမရှိခြင်း
အသင့်စားအစားအစာတွေရေရှည် စားသုံးသူများဟာ လတ်ဆတ်ပြီးအာဟာရပြည့်မှီတဲ့ အစားအစာတွေစားသုံးနေတဲ့သူတွေနဲ့ယှဉ်ရင် ရွှင်လန်းတက်ကြွမှုမရှိတော့ဘဲ စိတ်ဓာတ်ကျမှုများနဲ့ပိုမိုကြုံတွေ့ရလေ့ရှိပါတယ်။
မေ (ဆေး ၂)
” အလြယ္စား၊အျမန္စား၊အသင့္စားတို့နွင့္ က်န္းမာေရးအႏၱရာယ္မ်ား “
ေခါင္းစဥ္ကိုၾကည့္ၿပီး ဘာအေၾကာင္းပါလိမ့္လို႔ ေခါင္းစားေနၿပီလား?
ဒီလိုပါ…..
အလြယ္စားဆိုတာက ဆိုင္ကဝယ္ၿပီး အိမ္မွာလြယ္လြယ္ကူကူပဲ ျပန္ေႏႊး၊ျပန္ခ်က္စားရံုအစားအစာေတြကိုေျပာတာပါ။
ဥပမာေျပာရရင္ ေခါက္ဆြဲျပဳတ္၊ငါးေသတၱာ၊ၾကက္အူေခ်ာင္း၊ ဝက္ေပါင္ေျခာက္ စတာမ်ိဳးေတြေပါ့။
အဂၤလိပ္လိုေတာ့ Convenience Food လို႔ေခၚပါတယ္။
အျမန္စားဆိုလို႔ အျမန္ဝါးၿပီးအျမန္မ်ိဳခ်ရမယ္လို႔ မဆိုလိုပါဘူးေနာ္။
အျမန္စားဆိုတာက ကိုယ္တိုင္ခ်က္ျပဳတ္ျပင္ဆင္စရာမလိုဘဲ ဆိုင္ကေန မိနစ္ပိုင္းအတြင္းျပင္ဆင္ေပးၿပီး ခ်က္ခ်င္းစားႏိုင္တဲ့ အစားအစာမ်ိဳးကိုဆိုလိုပါတယ္။
ဥပမာ – ဟမ္ဘာဂါ၊ၾကက္ေၾကာ္၊အာလူးေခ်ာင္းေၾကာ္၊ပီဇာ စသျဖင့္ေပါ့။
မိနစ္ပိုင္းအတြင္း အျမန္ရတာမို႔ Fast Food လို႔ေခၚပါတယ္။
အသင့္စားဆိုတာကေတာ့ ခုဝယ္ ခုစားလို႔ရတဲ့ အသင့္စားအစားအစာ ေတြပါ။ကယ္လိုရီနဲ႔အဆီမ်ားစြာပါဝင္ၿပီး ကိုယ္ခႏၶာအတြက္ တကယ္လိုအပ္တဲ့ အမ်ွင္ဓာတ္၊ဗီတာမင္နဲ႔သတၱဳဓာတ္ေတြ ပါဝင္မႈအလြန္နည္းတဲ့ က်န္းမာေရးအတြက္ မသင့္ေတာ္တဲ့အစားအစာေတြပါ။
ဥပမာအားျဖင့္ ေလေဖာင္းမုန့္ေတြ၊အာလူးေၾကာ္ေတြ စတာေတြ ပါဝင္ပါတယ္။ Junk food လို႔ေခၚပါတယ္။
အထက္ပါအစားအစာေတြဟာ တစ္ခါတေလစားရင္ ျပသနာမ႐ွိေပမယ့္ ေရ႐ွည္စားမယ္ဆိုရင္ေတာ့ က်န္းမာေရးအတြက္ ဆိုးက်ိဳးေတြျဖစ္ေပၚေစႏိုင္ပါတယ္။
ဘယ္လိုဆိုးက်ိဳးေတြလဲ?
အေျဖကေတာ့ :
(1)အဝလြန္ျခင္း
အသင့္စားအစားအစာေတြဟာ ကယ္လိုရီနဲ႔ကိုယ္ခႏၶာအတြက္ ေကာင္းက်ိဳးမေပးတဲ့ ျပည့္ဝဆီမ်ားစြာပါဝင္ၿပီး….ကိုယ္ခႏၶာအတြက္ တကယ္လိုအပ္တဲ့ အမ်ွင္ဓာတ္၊ဗီတာမင္နဲ႔သတၱဳဓာတ္မ်ား မပါသေလာက္နည္းပါးပါတယ္။အသင့္စား အစားအစာ Junk Food ေတြကို မျကာခဏ (သို႔) ေရ႐ွည္စားသံုးမယ္ဆိုရင္ အဝလြန္ျခင္းႏွင့္ အဝလြန္ျခင္းရဲ႕ ဆက္စပ္ေရာဂါေတြျဖစ္တဲ့ ဆီးခ်ိဳ၊ႏွလံုးေသြးေၾကာက်ဥ္းနဲ႔ အျခားနာတာ႐ွည္ေရာဂါမ်ား ျဖစ္ပြားႏိုင္သည့္ အႏၱရာယ္ ျမင့္မားလာမွာျဖစ္ပါတယ္။
(2)ဆီးခ်ိဳေရာဂါ
အေအး၊အခ်ိဳရည္နဲ႔ အခ်ိဳဓာတ္ပါဝင္မႈမ်ားတဲ့ Junk Foodေတြဟာ ဆီးခ်ိဳေရာဂါျဖစ္ေစဖို႔ လွံု႔ေဆာ္မႈတစ္ရပ္ပဲျဖစ္ပါတယ္။
(3)ေသြးတိုး၊ႏွလံုး၊ေက်ာက္ကပ္
Junk food ေတြရဲ႕ ေနာက္ထပ္အႏၱရာယ္ေပးႏိုင္တဲ့ အခ်က္ တစ္ခ်က္ကေတာ့လဆားဓာတ္ပါဝင္မႈမ်ားျခင္းပဲျဖစ္ပါတယ္။ အက်ိဳးဆက္အားျဖင့္ ေသြးတိုးႏွင့္ႏွလံုးေရာဂါ…ထိုမွတစ္ဆင့္ ေက်ာက္ကပ္ေရာဂါမ်ား အဆင့္ဆင့္ျဖစ္ပြားႏိုင္ပါတယ္။
(4)အာဟာရခ်ိဳ႕တဲ့ျခင္း
အထက္မွာေျပာခဲ့သလိုပဲ….junk food ေတြဟာ ကယ္လိုရီနဲ႔ ခႏၶာကိုယ္အတြက္အက်ိဳးမျပဳတဲ့ျပည့္ဝဆီေတြသာ အမ်ားဆံုးပါဝင္ၿပီး ဗီတာမင္နဲ႔သတၱဳဓာတ္ေတြ မပါသေလာက္နည္းပါးတာမို႔ junk food ေတြကိုေရ႐ွည္စားသံုးတာနဲ႔အမ်ွ ခႏၶာကိုယ္အတြက္လိုအပ္တဲ့အာဟာရေတြမရ႐ွိဘဲ အာဟာရခ်ိဳ႕တဲ့တဲ့ ေရာဂါလကၡဏာေတြကို ခံစားရမွာျဖစ္ပါတယ္။
(5)စိတ္ရႊင္လန္းတက္ႂကြမႈမ႐ွိျခင္း
အသင့္စားအစားအစာေတြေရ႐ွည္ စားသံုးသူမ်ားဟာ လတ္ဆတ္ၿပီးအာဟာရျပည့္မွီတဲ့ အစားအစာေတြစားသံုးေနတဲ့သူေတြနဲ႔ယွဥ္ရင္ ရႊင္လန္းတက္ႂကြမႈမ႐ွိေတာ့ဘဲ စိတ္ဓာတ္က်မႈမ်ားနဲ့ပိုမိုၾကံဳေတြ႔ရေလ့႐ွိပါတယ္။
ေမ (ေဆး ၂)