” ဆီးချုပ် ဝမ်းချုပ်အန္တရာယ် “
” အပြင်အိမ်သာတွေသွားရမှာ မသတီဘူး၊ အောင့်ပဲထားလိုက်တော့မယ် ” ” အိမ်ရောက်မှ အိမ်က အိမ်သာပဲသွားတော့မယ် ”
အသန့်အရမ်းကြိုက်တဲ့ သူတွေ၊အရမ်းရွံတတ်တဲ့သူတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့်လေးတွေပါ။အထူးသဖြင့် ခရီးရှည် သွားတဲ့အချိန်မျိုးဆို ဒီလိုလူမျိုးတွေမှာ ပိုဒုက္ခရောက်တတ်ကြပါတယ်။တွေ့ရ အိမ်သာလည်းမသွားတတ်…လမ်းခရီးကလည်းရှည်…။အဓိကပြသနာကတော့ အချိန်ကြာလာတဲ့အခါမှာ ဆီးချုပ်ဝမ်းချုပ်ခြင်းရဲ့ နောက်ဆက်တွဲပြသနာတွေ ခံစားလာရတာပဲဖြစ်ပါတယ်။
အရင်ဆုံး ဆီးမသွားဘဲ အောင့်ထားခြင်းရဲ့ အကျိုးဆက်လေးတွေကို ပြောပြပါမယ်။ဆီးအိမ်ထဲ ဆီးတွေပြည့်လာတဲ့အခါ ဆီးသွားချင်စိတ်ကိုဖြစ်ပေါ်စေပါတယ်။ ဒါကို အောင့်အည်းထားပြီး မပေါက်ဘဲနေမယ်ဆိုရင်တော့ ရှေးဦးစွာခံစားရတာ သက်တောင့်သက်သာမရှိခြင်းပါ။အောင့်ထားတဲ့အချိန်အတော်ကြာလာတဲ့အခါ…ဆီးအိမ်ထဲတွင် ဆီးတွေ တစ်စထက်တစ်စ ပိုများလာပြီး နောက်ဆုံးမှာ…ဆီးအိမ်ကြွက်သားချဲ့ကားသိုလှောင်နိုင်တဲ့ ပမာဏထက်ကျော်လွန်သွားပါလိမ့်မယ်။ရလဒ်အနေနဲ့ကတော့ သင်တကယ်ဆီးသွားမယ့်အချိန်မှာ ဆီးမသွားနိုင်တော့ဘဲ နောက်ဆုံး ဆေးရုံဆေးခနိးရောက် ဆီးပိုက်ထည့်ပြီး ဆီးချူရထိဖြစ်နိုင်ပါတယ်။
နောက်တစ်မျိုးကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းပါ။ဆီးအချိန်မှန်မသွားတဲ့အခါ ဆီးအိမ်ထဲမှာ ဆီးတွေ အချိန်ကြာသိုမှီးထားသလိုဖြစ်စေပါတယ်။ဤအချက်က ဘက်တီးရီးယားပိုးမွှားတွေပေါက်ဖွားဖို့ အခြေအနေပေးသကဲ့သို့ဖြစ်စေတာကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့… ဆီးပူ၊ဆီးကျင်၊ဆီးအောင့်၊ဆီးသွားရမဝသလို ခံစားရစေပါတယ်။ထိုမှတစ်ဆင့် အဆိုပါဘက်တီးရီးယားပိုးများသည် ဆီးပြွန်၊ကျောက်ကပ်တွေအထိပြနိ့နှံရောက်ရှိပြီး
ကျောက်ကပ်ပျက်စီးသည်အထိ ဒုက္ခပေးနိုင်ပါသည်။
ဝမ်းမသွားဘဲ အောင့်ထားလျှင်ရော?ဝမ်းမသွားတာကြာလာတဲ့အခါ အစာဟောင်းအိမ်ထဲမှ ဝမ်းတွေ ရေဓာတ်ခြောက်ခမ်းပြီး ဝမ်းမာလာမယ်။ဝမ်းချုပ်မယ်။ ဝမ်းသွားမယ့်အချိန်ရောက်တဲ့အခါ ဝမ်းမာတဲ့အတွက် ညှစ်သွားရမယ်….လိပ်ခေါင်း၊ စမြင်းခံခြင်း၊စအိုကွဲခင်းတွေအထိ ဖြစ်နိုင်ပြီး …ဆေးရုံတက်ကုသမှု ခံယူရသည်အထိ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အကြံပေးလိုတာကတော့ ဆီးအောင့်၊ဝမ်းအောင့်တဲ့အလေ့အကျင့်လေးတွေကို တတ်နိုင်သလောက်ရှောင်ရှားဖို့နဲ့ အသန့်ကြိုက်သူများ ခရီးသွားတဲ့အခါမျိုးမှာ အဆင်ပြေစေဖို့ အချက်လေးတွေ မျှဝေပေးလိုက်ပါတယ် :
– တစ်သျှူ းဆောင်ထားပါ။ အိမ်သာသွားတဲ့အခါ အိမ်သာဘေးဘောင်တွေပေါ် ဖြန့်ခင်းပြီးထိုင်ပါ။
– ခုခေတ် နေရာအတော်များများ အိမ်သာသန့်ရှင်းရေးပိုင်းကို အသားပေးလာပြီဖြစ်တဲ့အတွက် အိမ်သာတိုင်းကို ရွံစရာလို့တွေးမယ့်အစား….အဆင်ပြေလောက်မယ့် အိမ်သာရွေးချယ်အသုံးပြုပါ။
– Hand Gel ဆောင်ထားပါ။လက်ဆေးပြီး အသုံးပြုနိုင်သလို
ရေ၊ဆပ်ပြာအဆင်မပြေတဲ့ နေရာမျိုးမှာ Hand Gel အသုံးပြုနိုင်ပါတယ်။
မေ (ဆေး ၂)
မေ (ဆေး ၂)