All Articlesမျိုးဆက်ပွားကျန်းမာရေး

Dangerous ways of sexual intercourse

1 Mins read

အန္တရာယ်မကင်းတဲ့ ချစ်ခြင်းတွေ

အိမ်ထောင်ရှင်စုံတွဲတွေရယ်ဖြစ်လာကြတဲ့အခါမှာ လိင်မှုရေးရာကိစ္စများနဲ့မကင်းနိုင်ကြတာ ဓမ္မတာပါပဲ။ ချစ်စိတ်တက်လာတဲ့အခါမှာ ပုံမှန်ထက်လွန်ကဲတဲ့ ချစ်ရေးချစ်ရာနည်းလမ်းများကို စဉ်းစားမိတတ်ကြပါတယ်။ ဒီအခါမှာ သာမန်လှေကြီးထိုးရိုးရိုးမဟုတ်တဲ့ ချစ်နည်းအချို့ရဲ့ အန္တရာယ်ရှိပုံကိုတင်ပြပေးလိုပါတယ်။

၁. ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း (Oral Sex)

ပါးစပ်၊လျှာတို့ကိုအသုံးပြုပြီး အမျိုးသားရဲ့လိင်တံ၊ အမျိုးသမီးရဲ့မိန်းမကိုယ်၊ စအိုဝ စသည်တို့ကို တို့ထိလှုံ့ဆော်ကာ လိင်ဆက်ဆံခြင်းကိုဆိုလိုပါတယ်။ ဒီအခါမှာ လိင်ကတဆင့်ကူးစက်တတ်သောရောဂါများ (Sexually Transmitted Diseases) များဖြစ်တဲ့ ဂနို၊ ဆစ်ဖလစ်နှင့် အခြားကာလသားရောဂါပိုးများ ကူးစက်နိုင်ခြေပိုများတာကိုတွေ့ရှိရပါတယ်။ အထူးသဖြင့် ပါးစပ်မှာအနာရှိသူများပိုမိုကူးစက်နိုင်ပြီး လည်ချောင်းအထိ ပျံ့နှံ့ကာဝေဒနာခံစားရနိုင်ချေရှိပါတယ်။

၂. အနောက်ပေါက်ကြိုက်သူတွေ (Anal Sex)

အချို့သူတွေဟာ စအိုမှတဆင့်လိင်ဆက်ဆံခြင်းမှရရှိတဲ့သာယာမှုကိုကြိုက်နှစ်သက်တဲ့အတွက် အနောက်ပေါက်တံခါးကိုခေါက်ပြီးတိုးဝင်တတ်ကြပါတယ်။ ဒီအခါမှာ စအိုဟာ အမျိုးသမီးအင်္ဂါလိုမျိုး စိုစွတ်တဲ့လိင်ရည်ကြည်လေးများ မရှိတဲ့အတွက်ချောမွေ့မှုမရှိဘဲ နောက်ဆက်တွဲအနေနဲ့ စုတ်ပြဲနာကျင်မှု၊ သွေးထွက်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်းတို့ဖြစ်တတ်ပါတယ်။

၃. အရုပ်ချစ်သူ (Sex Toys)

ကျွန်တော်တစ်ခါဖော်ပြခဲ့ဖူးသလိုပါပဲ။ လူကြီးဆော့တဲ့အရုပ်တွေဟာ အာသာဖြေရာမှာအလွန်အသုံးဝင်ပေမယ့် သန့်ရှင်းစွာပြန်လည်ဆေးကြောပြီးအသုံးမပြုဘူးဆိုရင် ပိုးများကပ်တွယ်ပြီး ဆီးပိုးဝင်ခြင်း၊ လိင်အင်္ဂါပွန်းပဲ့ခြင်း၊ မျှဝေသုံးစွဲပါက လိင်မှတဆင့်ကူးစက်သောရောဂါများ ဖြစ်ပွားခြင်း စသည်တို့ကိုကြုံတွေ့ရနိုင်ပါတယ်။

၄. ဝမ်းဝမ်းဖိုက်ရတာပျင်းသူတွေ ( Threesome/ foursome)

အပျော်တွေလွန်ကဲပြီး လူစုကာ အချစ်ကိုတစ်ပြိုင်နက်အတူတကွ သုံးဆောင်ကြသူတွေအတွက်ကတော့ ဆက်ဆံဖော်များလေလေ အန္တရာယ်ပိုများလေလေပါပဲ။ ဘယ်သူ့မှာဘာရောဂါရှိတယ်ဆိုတာ နဖူးမှာစာကပ်ထားသလိုမြင်သာတာမဟုတ်တဲ့အတွက် အပျော်ရဲ့နောက်ဆက်တွဲ အပျက်တွေကပ်ပါလာမှာစိုးရိမ်စရာပါ။

ဒါကြောင့် တန်ဆေးလွန်ဘေးဆိုသလို အေဒင်ဥယျာဉ်ရဲ့ပန်းသီးကို ပိုးထိုးခြင်းကင်းဝေးစွာနဲ့ ကျန်းကျန်းမာမာစားသုံးနိုင်ကြစေဖို့ ဗဟုသုတမျှဝေလိုက်ပါတယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

The most common form of depression

1 Mins read
လူပြောများနေသော စိတ်ကျရောဂါ ဒီနေ့ ပတ်ဝန်းကျင်မှာ အမြဲကြားနေကျ စကားတခုကတော့ “ ငါ Depression ဝင်နေတယ်ကွာ” ဆိုတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါ၊ အိမ်ထောင်ပြတ်ဆဲသွား တဲ့အခါ စိတ်ဝမ်းနည်းပူဆွေးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ဒါဟာ depression မဟုတ်ပါဘူး။ Depression…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Depression

1 Mins read
သဝန်တိုစိတ်လွန် စိတ်ရောဂါ သဝန်တိုစိတ်ဆိုတာ မြင်လိုက်တာနဲ့ ကိုယ့်ကောင်လေး/ကောင်မလေး ပြေးမြင်လိုက်ပြီဆို စိတ်မကောင်းပါဘူး သဝန်မတိုရအောင် နေနေရတဲ့ ဘဝကို စာနာပါတယ် …ဟုတ်ပါတယ်…သဝန်တိုစိတ်ဆိုတာ လူတိုင်းဆီမှာ ရှိတတ်တဲ့ စိတ်ခံစားချက်ပါ…ထပ်ပြောရရင် ချစ်တတ်တဲ့သူတွေဆီမှာ အများဆုံးရှိတတ်တဲ့ အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး….FA တွေကတော့ ကံကောင်းပါတယ်…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *