ကလေးများအတွက် အန္တရာယ်ရှိတဲ့ အရုပ်တွေ
ကျွန်တော်တို့ရဲ့ကလေးငယ်တွေကို ဆော့ဖို့အတွက်ဝယ်ပေးနေကြတဲ့ အရုပ်မျိုးစုံဟာ ကလေးတွေအတွက် အန္တရာယ်ကင်းပြီးစိတ်ချရပါရဲ့လား။ အချို့အရုပ်တွေဟာ ကလေးရဲ့အသက်အရွယ်အလိုက် ဆော့ရန်မသင့်တော်တဲ့သတ်မှတ်ချက်တွေရှိပါတယ်။ ဒါကြောင့် အန္တရာယ်ရှိတဲ့အရုပ်ဆော့နည်းတွေကို စုစည်းတင်ပြလိုက်ပါတယ်။
၁. ပဲစေ့သာသာ ပလတ်စတစ်ကော်လုံး၊ ဂေါ်လီလုံးလေးများ
နှစ်နှစ်အောက်၊ အထူးသဖြင့်တစ်နှစ်အောက်ကလေးငယ်များဟာ မိမိတွေ့ရာကို ပါးစပ်ထဲကောက်ထည့်တတ်တဲ့အကျင့်ရှိပါတယ်။ ဒါကြောင့် တစ်လက်မခွဲထက်သေးငယ်သော ကစားစရာအစိတ်အပိုင်းများ၊ ကော်လုံးလေးများကို သုံးနှစ်အောက်ကလေးများတွင် ကစားခွင့်မပြုသင့်ပါ လို့တားမြစ်ထားပါတယ်။
၂. သံလိုက်တုံးတွေ
သံလိုက်တုံးလေးတွေဟာ ကလေးငယ်အတွက်အန္တရာယ်အလွန်များပါတယ်။ သံလိုက်တုံးလေးတွေကို တစ်ခုတည်းမြိုချပါတာထက် နှစ်ခုသုံးခုမြိုချမိမယ်ဆိုရင်တော့ အစာအိမ်နဲ့အူနံရံအသားတွေကို သံလိုက်တုံးတွေကြားဆွဲညှပ်သလိုဖြစ်သွားပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။
၃. မမှုတ်ရသေးသော လေပူဖောင်းတွေ
လေမှုတ်ပြီးသား လေပူဖောင်းတွေဟာ ကလေးတွေဆော့ဖို့စိတ်ချရပေမယ့် မမှုတ်ရသေးတဲ့လေပူဖောင်းတွေကို ကလေးငယ်ဟာ မတော်တဆယူမှုတ်မိမယ်ဆိုရင် အချိန်အဆမတတ်တာကြောင့် မှုတ်ပြီးသားလေတွေ အဆုတ်ထဲကိုအရှိန်နဲ့ကန်ဝင်လာတတ်ပြီး အသက်ရှူကြပ်သွားနိုင်ပါတယ်။ ဒါကြောင့် အသက်ရှစ်နှစ်အောက်ကလေးများကို လေပူဖောင်းမှုတ်ခွင့်မရှိလို့ ကန့်သတ်ထားပါတယ်။
၄. မီးပန်း၊ ဗျောက်အိုး၊ ငရဲမီး
သီတင်းကျွတ်မှာ ကလေးအတော်များများဆော့တဲ့အရာတွေပါ။ တရားမဝင်အဖြစ်ကန့်သတ်ထားပေမယ့်လည်း ယခင်နှစ်ကအထိဆော့နေကြဆဲပါပဲ။ ကလေးငယ်ကိုအပူလောင်သွားစေနိုင်ခြင်း၊ မတော်တဆမျက်စိကို မီးစ ထိသွားနိုင်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
၅. လေသေနတ်၊ လေဆာပွိုင့်တာ
လေသေနတ်ရဲ့ ကျည်ဆံလုံးလေးတွေဟာ လေပြွန်မှာဆို့တာ၊ မတော်တဆ နားထဲဝင်တာတွေဖြစ်သွားနိုင်ပါတယ်။ လေဆာပွိုင့်တာရော လေသေနတ်ရောဟာ ကလေးငယ်ရဲ့မျက်စိကို ထိခိုက်ပြီး အမြင်အာရုံချို့တဲ့ခြင်းကိုဖြစ်စေနိုင်ပါတယ်။
၆. စကိတ်
စကိတ်ဟာ ပေါ့ပါးပြီး လျှင်မြန်စွာ ရွေ့သွားနိုင်တာမို့ ကလေးငယ်များ ချော်လဲကာ ခေါင်း၊ ခြေလက်အရိုးများထိခိုက်နိုင်ခြင်း၊ လမ်းမရှိယာဉ်များဆီရောက်ကာ အန္တရာယ်တွေ့စေနိုင်ခြင်းတို့ကြောင့် အသက်အရွယ်ကြီးလာမှသာ ပေးကစားသင့်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ကေလးမ်ားအတြက္ အႏၲရာယ္႐ွိတဲ့ အ႐ုပ္ေတြ
ကြၽန္ေတာ္တို႔ရဲ႕ကေလးငယ္ေတြကို ေဆာ့ဖို႔အတြက္ဝယ္ေပးေနၾကတဲ့ အ႐ုပ္မ်ိဳးစံုဟာ ကေလးေတြအတြက္ အႏၲရာယ္ကင္းၿပီးစိတ္ခ်ရပါရဲ႕လား။ အခ်ိဳ႕အ႐ုပ္ေတြဟာ ကေလးရဲ႕အသက္အရြယ္အလိုက္ ေဆာ့ရန္မသင့္ေတာ္တဲ့သတ္မွတ္ခ်က္ေတြ႐ွိပါတယ္။ ဒါေၾကာင့္ အႏၲရာယ္႐ွိတဲ့အ႐ုပ္ေဆာ့နည္းေတြကို စုစည္းတင္ျပလိုက္ပါတယ္။
၁. ပဲေစ့သာသာ ပလတ္စတစ္ေကာ္လံုး၊ ေဂၚလီလံုးေလးမ်ား
ႏွစ္ႏွစ္ေအာက္၊ အထူးသျဖင့္တစ္ႏွစ္ေအာက္ကေလးငယ္မ်ားဟာ မိမိေတြ႔ရာကို ပါးစပ္ထဲေကာက္ထည့္တတ္တဲ့အက်င့္႐ွိပါတယ္။ ဒါေၾကာင့္ တစ္လက္မခြဲထက္ေသးငယ္ေသာ ကစားစရာအစိတ္အပိုင္းမ်ား၊ ေကာ္လံုးေလးမ်ားကို သံုးႏွစ္ေအာက္ကေလးမ်ားတြင္ ကစားခြင့္မျပဳသင့္ပါ လို႔တားျမစ္ထားပါတယ္။
၂. သံလိုက္တံုးေတြ
သံလိုက္တုံးေလးေတြဟာ ကေလးငယ္အတြက္အႏၲရာယ္အလြန္မ်ားပါတယ္။ သံလိုက္တုံးေလးေတြကို တစ္ခုတည္းၿမိဳခ်ပါတာထက္ ႏွစ္ခုသံုးခုၿမိဳခ်မိမယ္ဆိုရင္ေတာ့ အစာအိမ္နဲ႔အူနံရံအသားေတြကို သံလိုက္တံုးေတြၾကားဆြဲညႇပ္သလိုျဖစ္သြားၿပီး အသက္အႏၲရာယ္စိုးရိမ္ရတဲ့အထိ ဒုကၡေပးႏိုင္ပါတယ္။
၃. မမႈတ္ရေသးေသာ ေလပူေဖာင္းေတြ
ေလမႈတ္ၿပီးသား ေလပူေဖာင္းေတြဟာ ကေလးေတြေဆာ့ဖို႔စိတ္ခ်ရေပမယ့္ မမႈတ္ရေသးတဲ့ေလပူေဖာင္းေတြကို ကေလးငယ္ဟာ မေတာ္တဆယူမႈတ္မိမယ္ဆိုရင္ အခ်ိန္အဆမတတ္တာေၾကာင့္ မႈတ္ၿပီးသားေလေတြ အဆုတ္ထဲကိုအ႐ွိန္နဲ႔ကန္ဝင္လာတတ္ၿပီး အသက္႐ွဴၾကပ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ အသက္႐ွစ္ႏွစ္ေအာက္ကေလးမ်ားကို ေလပူေဖာင္းမႈတ္ခြင့္မ႐ွိလို႔ ကန္႔သတ္ထားပါတယ္။
၄. မီးပန္း၊ ေဗ်ာက္အိုး၊ ငရဲမီး
သီတင္းကြၽတ္မွာ ကေလးအေတာ္မ်ားမ်ားေဆာ့တဲ့အရာေတြပါ။ တရားမဝင္အျဖစ္ကန္႔သတ္ထားေပမယ့္လည္း ယခင္ႏွစ္ကအထိေဆာ့ေနၾကဆဲပါပဲ။ ကေလးငယ္ကိုအပူေလာင္သြားေစႏိုင္ျခင္း၊ မေတာ္တဆမ်က္စိကုိ မီးစ ထိသြားႏိုင္ျခင္းတို႔ ျဖစ္ေစႏိုင္ပါတယ္။
၅. ေလေသနတ္၊ ေလဆာပြိဳင့္တာ
ေလေသနတ္ရဲ႕ က်ည္ဆံလံုးေလးေတြဟာ ေလႁပြန္မွာဆို႔တာ၊ မေတာ္တဆ နားထဲဝင္တာေတြျဖစ္သြားႏိုင္ပါတယ္။ ေလဆာပြိဳင့္တာေရာ ေလေသနတ္ေရာဟာ ကေလးငယ္ရဲ႕မ်က္စိကို ထိခိုက္ၿပီး အျမင္အာရံုခ်ိဳ႕တဲ့ျခင္းကိုျဖစ္ေစႏိုင္ပါတယ္။
၆. စကိတ္
စကိတ္ဟာ ေပါ့ပါးၿပီး လ်ွင္ျမန္စြာ ေရြ႔သြားႏိုင္တာမို႔ ကေလးငယ္မ်ား ေခ်ာ္လဲကာ ေခါင္း၊ ေျခလက္အ႐ိုးမ်ားထိခိုက္ႏိုင္ျခင္း၊ လမ္းမ႐ွိယာဥ္မ်ားဆီေရာက္ကာ အႏၲရာယ္ေတြ႔ေစႏိုင္ျခင္းတို႔ေၾကာင့္ အသက္အရြယ္ႀကီးလာမွသာ ေပးကစားသင့္ပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ