”သားသား၊မီးမီးတို့ သင်္ကြန်မှာရေဆော့တဲ့အခါ”

မေမေတို့ရေ သင်္ကြန်နီးလာပါပြီနော်။ ကိုယ့်ရဲ့သားသားမီးမီးလေးတွေကလည်း သင်္ကြန်မှာ ရေကစားကြဖို့ တာဆူနေကြပါလိမ့်မယ်။ ရေလောင်းကြ၊ ရေပက်ကြနဲ့ သင်္ကြန်ဟာ အလွန်ပျော်စရာကောင်းပါတယ်။ အပျော်ကနေ အန္တရာယ်မဖြစ်ရအောင်တော့ မေမေတု့ိက ဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ ဒါကြောင့်
အန္တရာယ်ရှိနိုင်တဲ့ ရေကစားနည်းတွေလို ဂရုပြုနိုင်အောင် ရေးသားပေးလိုက်ပါတယ်။

*ရေပူဖောင်း

ကလေးအများစုကြိုက်နှစ်သက်တဲ့ကစားနည်းပါ။ ပူဖောင်းထဲကို ရေဖြည့်ပြီး လက်တစ်ကိုင်စာလေးရလာရင် အချင်းချင်းပစ်ပေါက်ဆော့ကစားတတ်ပါတယ်။ အရှိန်ပြင်းပြင်းနဲ့ ပစ်ပေါက်မိရင်တော့ အသားတွေနာကျင်စပ်ဖျဉ်းမှုခံရပါလိမ့်မယ်။ မျက်နှာနဲ့ နားအုံကို မတော်တဆ ပစ်ပေါက်မိရင် ပိုအန္တရာယ်များပါတယ်။

*အားပြင်းတဲ့ရေပန့်တွေ

ရေပက်ခံတဲ့အခါမှာ အင်မတန်အားပြင်းတဲ့ရေပိုက်တွေက ထွက်လာတဲ့ ရေလုံးဟာ ကလေးတို့ရဲ့နုနယ်တဲ့ အသားတွေကို နာကျင်ပျက်စီးစေပါလိမ့်မယ်။ နားထဲကိုရေအားနဲ့ထိုးမိရင်လည်း နားစည်ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ရေပက်ခံထွက်ချင်တဲ့ ကလေးတို့ကို နေကာမျက်မှန်တွေ၊ မိုးကာအင်္ကျီ၊ ဘောင်းဘီရှည်ထူထူလေးတွေ ၊ဦးထုပ်တွေ ဝတ်ဆင်ပေးဖို့ လိုအပ်ပါတယ်။

*ခွက်စောင်းခုတ်ခြင်း

အန္တရာယ်များတဲ့ ကစားနည်းပါ။ သူများနာကျင်သွားတာကို ပျော်ရတဲ့စိတ်ကမကောင်းပါဘူး။ ဖြစ်လည်းမဖြစ်သင့်ပါဘူး။ နို့ဆီဘူးနဲ့ ခွက်စောင်းခုတ်တဲ့အခါ၊ ရေပုံးတွေနဲ့ အားပြင်းပြင်းလောင်းပစ်တဲ့အခါ ရေပက်ခံရတဲ့သူက နာလှတဲ့အပြင် တစ်ခါတစ်လေမှာ အရှိန်လွန်ပြီး နို့ဆီခွက်တွေ ရေပုံးတွေပါ ပါသွားတတ်ပါတယ်။ အဲဒီအရာတွေနဲ့ ထိခိုက်မိပြီး ခန္ဓာကိုယ်ကို နာကျင်မှု၊စုတ်ပြဲမှု၊ ဒဏ်တွေဖြစ်စေနိုင်ပါတယ်။

*Spray ဘူးများ

ခုနောက်ပိုင်းခေတ်စားလာတဲ့ အမွှေးနံ့သာရည်ပါတဲ့ spray များ၊ ဆပ်ပြာမြှုပ်ရေပါတဲ့ spray ဘူးများရှိပါတယ်။ ဓာတုပစ္စည်းများနဲ့ ဆပ်ပြာရည်များ ပါတာဖြစ်လို့ မျက်စိထဲဝင်ရင် မျက်လုံးနာတာ၊ယားယံနီရဲတာတွေ ဖြစ်နိုင်ပါတယ်။ စပရေးဘူးတွေနဲ့ မျက်နှာကိုပက်ဖြန်းတာ ရှောင်ကြဉ်သင့်ပါတယ်။

*ဆံပင်ဆိုးဆေးများ

သင်္ကြန်နားနီးလာရင် ဆံပင်တွေကို လူကြီး၊လူငယ်မရွေး အရောင်ဆိုးတတ်ကြပါတယ်။ ကလေးတွေကတော့ ရပ်ကွက်ထဲမှာ အလွယ်တကူရတဲ့ ဆိုးဆေးအပေါစားများနဲ့ ဆံပင်ဆိုးတာ လုံးဝမလုက်သင့်ပါဘူး။ ဆိုးဆေးနဲ့ ဦးရေပြားဓာတ်မတည့်ခြင်း ဆိုးဆိုးဝါးဝါးဖြစ်တတ်ပါတယ်။ ကလေးတွေရဲ့ အသားအရေဟာ ပိုမိုနုနယ်လို့ ဓာတ်မတည့်ခြင်းဟာ လူကြီးတွေထက်စာရင် ပိုဖြစ်နိုင်ပါတယ်။

*ယာဉ်အန္တရာယ်

သင်္ကြန်ကာလဟာ လမ်းပေါ်မှာ လူရော ယာဉ်အမျိုးမျိုးရော စည်ကားတဲ့ကာလဖြစ်လို့ မိမိရဲ့ကလေးကို လမ်းပေါ်ပြေးမတက်အောင် ဂရုစိုက်ပေးသင့်ပါတယ်။ ရေပြေးပက်တဲ့အခါ ဇောကပ်နေပြီး ကား၊စက်ဘီး၊ဆိုင်ကယ်လာတာကို မမြင်တာဖြစ်တတ်ပါတယ်။

ဒီအချက်လေးတွေကတော့ မေမေတို့ ဂရုစိုက်ပေးရမယ့် အချက်လေးတွေပါ။ အစိုးရိမ်လွန်ပြီးလည်း ကိုယ့်ရဲ့သားသမီးလေးတွေကို သင်္ကြန်မှာ အိမ်တွင်းပဲမပုန်းခိုင်းပါနဲ့ဦး။ အားလုံးဟာငယ်ရာကနေ ကြီးလာတာမို့ သူ့သဘာဝနဲ့သူ ပျော်ချင်ပါးချင်ကြပါတယ်။ ဘေးကနေ အန္တရာယ်ရှိမယ့် ကစားနည်းလေးတွေကို သတိပေးညွှန်ပြပေးရင် ရပါပြီ။ ရေပြွတ်နဲ့ လိုက်ပက်၊ ရေပုံးလေးနဲ့ရေလောင်း၊ အိုးမဲလိုက်သုတ်တတ်တဲ့ ငယ်ဘဝကို သတိရပြီး သားသားမီးမီးလေးတွေကို အန္တရာယ်ကင်းကင်းပျော်ရွှင်ခွင့်ပေးကြဖို့ ရေးသားလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

”သားသား၊မီးမီးတို႔ သၾကၤန္မွာေရေဆာ့တဲ့အခါ”

ေမေမတို႔ေရ သၾကၤန္နီးလာပါၿပီေနာ္။ ကိုယ့္ရဲ႕သားသားမီးမီးေလးေတြကလည္း သၾကၤန္မွာ ေရကစားၾကဖို႔ တာဆူေနၾကပါလိမ့္မယ္။ ေရေလာင္းၾက၊ ေရပက္ၾကနဲ႔ သၾကၤန္ဟာ အလြန္ေပ်ာ္စရာေကာင္းပါတယ္။ အေပ်ာ္ကေန အႏၲရာယ္မျဖစ္ရေအာင္ေတာ့ ေမေမတု႔ိက ဂ႐ုစိုက္ေပးဖို႔လိုပါလိမ့္မယ္။ ဒါေၾကာင့္
အႏၲရာယ္ရွိႏိုင္တဲ့ ေရကစားနည္းေတြလို ဂ႐ုျပဳႏိုင္ေအာင္ ေရးသားေပးလိုက္ပါတယ္။

*ေရပူေဖာင္း

ကေလးအမ်ားစုႀကိဳက္ႏွစ္သက္တဲ့ကစားနည္းပါ။ ပူေဖာင္းထဲကို ေရျဖည့္ၿပီး လက္တစ္ကိုင္စာေလးရလာရင္ အခ်င္းခ်င္းပစ္ေပါက္ေဆာ့ကစားတတ္ပါတယ္။ အရွိန္ျပင္းျပင္းနဲ႔ ပစ္ေပါက္မိရင္ေတာ့ အသားေတြနာက်င္စပ္ဖ်ဥ္းမႈခံရပါလိမ့္မယ္။ မ်က္ႏွာနဲ႔ နားအံုကို မေတာ္တဆ ပစ္ေပါက္မိရင္ ပိုအႏၲရာယ္မ်ားပါတယ္။

*အားျပင္းတဲ့ေရပန္႔ေတြ

ေရပက္ခံတဲ့အခါမွာ အင္မတန္အားျပင္းတဲ့ေရပိုက္ေတြက ထြက္လာတဲ့ ေရလံုးဟာ ကေလးတို႔ရဲ႕ႏုနယ္တဲ့ အသားေတြကို နာက်င္ပ်က္စီးေစပါလိမ့္မယ္။ နားထဲကိုေရအားနဲ႔ထိုးမိရင္လည္း နားစည္ထိခိုက္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေရပက္ခံထြက္ခ်င္တဲ့ ကေလးတို႔ကို ေနကာမ်က္မွန္ေတြ၊ မိုးကာအက်ႌ၊ ေဘာင္းဘီရွည္ထူထူေလးေတြ ၊ဦးထုပ္ေတြ ဝတ္ဆင္ေပးဖို႔ လိုအပ္ပါတယ္။

*ခြက္ေစာင္းခုတ္ျခင္း

အႏၲရာယ္မ်ားတဲ့ ကစားနည္းပါ။ သူမ်ားနာက်င္သြားတာကို ေပ်ာ္ရတဲ့စိတ္ကမေကာင္းပါဘူး။ ျဖစ္လည္းမျဖစ္သင့္ပါဘူး။ ႏို႔ဆီဘူးနဲ႔ ခြက္ေစာင္းခုတ္တဲ့အခါ၊ ေရပံုးေတြနဲ႔ အားျပင္းျပင္းေလာင္းပစ္တဲ့အခါ ေရပက္ခံရတဲ့သူက နာလွတဲ့အျပင္ တစ္ခါတစ္ေလမွာ အရွိန္လြန္ၿပီး ႏို႔ဆီခြက္ေတြ ေရပံုးေတြပါ ပါသြားတတ္ပါတယ္။ အဲဒီအရာေတြနဲ႔ ထိခိုက္မိၿပီး ခႏၶာကိုယ္ကို နာက်င္မႈ၊စုတ္ၿပဲမႈ၊ ဒဏ္ေတြျဖစ္ေစႏိုင္ပါတယ္။

*Spray ဘူးမ်ား

ခုေနာက္ပိုင္းေခတ္စားလာတဲ့ အေမႊးနံ့သာရည္ပါတဲ့ spray မ်ား၊ ဆပ္ျပာျမႇဳပ္ေရပါတဲ့ spray ဘူးမ်ားရွိပါတယ္။ ဓာတုပစၥည္းမ်ားနဲ႔ ဆပ္ျပာရည္မ်ား ပါတာျဖစ္လို႔ မ်က္စိထဲဝင္ရင္ မ်က္လံုးနာတာ၊ယားယံနီရဲတာေတြ ျဖစ္ႏိုင္ပါတယ္။ စပေရးဘူးေတြနဲ႔ မ်က္ႏွာကိုပက္ျဖန္းတာ ေရွာင္ၾကဥ္သင့္ပါတယ္။

*ဆံပင္ဆိုးေဆးမ်ား

သၾကၤန္နားနီးလာရင္ ဆံပင္ေတြကို လူႀကီး၊လူငယ္မေရြး အေရာင္ဆိုးတတ္ၾကပါတယ္။ ကေလးေတြကေတာ့ ရပ္ကြက္ထဲမွာ အလြယ္တကူရတဲ့ ဆိုးေဆးအေပါစားမ်ားနဲ႔ ဆံပင္ဆိုးတာ လံုးဝမလုက္သင့္ပါဘူး။ ဆိုးေဆးနဲ႔ ဦးေရျပားဓာတ္မတည့္ျခင္း ဆိုးဆိုးဝါးဝါးျဖစ္တတ္ပါတယ္။ ကေလးေတြရဲ႕ အသားအေရဟာ ပိုမိုႏုနယ္လို႔ ဓာတ္မတည့္ျခင္းဟာ လူႀကီးေတြထက္စာရင္ ပိုျဖစ္ႏိုင္ပါတယ္။

*ယာဥ္အႏၲရာယ္

သၾကၤန္ကာလဟာ လမ္းေပၚမွာ လူေရာ ယာဥ္အမ်ိဳးမ်ိဳးေရာ စည္ကားတဲ့ကာလျဖစ္လို႔ မိမိရဲ႕ကေလးကို လမ္းေပၚေျပးမတက္ေအာင္ ဂ႐ုစိုက္ေပးသင့္ပါတယ္။ ေရေျပးပက္တဲ့အခါ ေဇာကပ္ေနၿပီး ကား၊စက္ဘီး၊ဆိုင္ကယ္လာတာကို မျမင္တာျဖစ္တတ္ပါတယ္။

ဒီအခ်က္ေလးေတြကေတာ့ ေမေမတို႔ ဂ႐ုစိုက္ေပးရမယ့္ အခ်က္ေလးေတြပါ။ အစိုးရိမ္လြန္ၿပီးလည္း ကိုယ့္ရဲ႕သားသမီးေလးေတြကို သၾကၤန္မွာ အိမ္တြင္းပဲမပုန္းခိုင္းပါနဲ႔ဦး။ အားလံုးဟာငယ္ရာကေန ႀကီးလာတာမို႔ သူ႔သဘာဝနဲ႔သူ ေပ်ာ္ခ်င္ပါးခ်င္ၾကပါတယ္။ ေဘးကေန အႏၲရာယ္ရွိမယ့္ ကစားနည္းေလးေတြကို သတိေပးၫႊန္ျပေပးရင္ ရပါၿပီ။ ေရႁပြတ္နဲ႔ လိုက္ပက္၊ ေရပံုးေလးနဲ႔ေရေလာင္း၊ အိုးမဲလိုက္သုတ္တတ္တဲ့ ငယ္ဘဝကို သတိရၿပီး သားသားမီးမီးေလးေတြကို အႏၲရာယ္ကင္းကင္းေပ်ာ္ရႊင္ခြင့္ေပးၾကဖို႔ ေရးသားလိုက္ရပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *