အရေးဖော်ခွဲမွေးခြင်းရဲ့ အန္တရာယ်များ
ကိုယ်ဝန်ဆောင် မိခင်လောင်းတစ်ဦး အနေနဲ့ ရိုးရိုးမွေးမယ်လို့ ဆုံးဖြတ်ထားခဲ့လျှင်တောင် မွေးဖွားစဉ် မမျှော်လင့်တဲ့ ဖြစ်ရပ်များကြောင့် အရေးပေါ်ဗိုက်ခွဲ မွေးလိုက်ရတာမျိုး ဖြစ်ပွားနိုင်ပါတယ် ။ ဒါကို emergency LSCS လို့ခေါ်ပြီး ဒီအရေးပေါ်ခွဲမွေးလိုက်ရခြင်းဟာ သင်ရော သင့်ကလေးအတွက်ပါ စိတ်ချအရဆုံးဖြစ်လို့ပါပဲလ။ အရေးပေါ်ခွဲမွေးခြင်းဟာ လျင်လျင်မြန်မြန်လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် သင့်အတွက် ဆိုးကျိုးကောင်းကျိုးများကို သေချာစဉ်းစားဆုံးဖြတ်ရန် အချိန်လုံလုံလောက်လောက်မရှိပါဘူး ။
ဘယ်လိုတွေဆို အရေးပေါ်ခွဲမွေးမလဲ?
•မွေးဖွားမှုမှာ လိုအပ်သည်ထပ်ကြန့်ကြာနေခြင်း
•ကလေးအနေအထား မမှန်ခြင်း ၊ ရိုးရိုးမွေးရန်ကလေးအရွယ်အစား ကြီးမားလွန်းခြင်း
•မိခင် သို့မဟုတ် ကလေးငယ်၏ ကျန်းမာရေးအခြေအနေ အားနည်းနေခြင်း
အရေးပေါ် ဗိုက်ခွဲမွေးခြင်းရဲ့ အန္တရာယ်တွေက ဘာတွေလဲ ?
ကိုယ်ဝန်ဆောင် မိခင်လောင်းရော သန္ဓေသားရောအတွက်ရှိနိုင်ပါတယ် ။
ကိုယ်ဝန်ဆောင်မိခင် အနေနဲ့
ခွဲစိတ်မှုအကြီးအစားတစ်ခုဖြစ်သည့် အလျောက် အရေးပေါ်ဗိုက်ခွဲမွေးခြင်းဟာ ကောင်းကျိုး ဆိုးကျိုး အန္တရာယ်များလဲ ရှိနေပါတယ် ။ သွေးခဲများပိတ်ခြင်း ၊ သွေးထွက်လွန်ခြင်း ၊ နှင့်တကွ မေ့ဆေးအန္တရာယ်များလဲ နိုင်ပါတယ် ။ ထို့အပြင်
* ပိုးဝင်ခြင်း
* သားအိမ်အနီးတွင်ရှိသော ဆီးအိမ် အူတို့ကို ထိခိုက်နိုင်ခြင်
း
* သားအိမ်ယောင်ခြင်း
* သွေးသွန်ခြင်း
* နောက်ထပ်ကိုယ်ဝန်များအတွက် သက်ရောက်မှုများရှိခြင်း တို့ပါရှိလာနိုင်ပါတယ် ။
အရေးပေါ်ခွဲမွေးပြီး ရင်သွေးကို နို့ချိုတိုက်ကျွေးနိုင်ပါတယ် ။ မွေးပြီး စိတ်ချရသော အချိန်တွင် ရင်သွေးကို စတင်တိုက်ကျွေးနိုင်ပါပြီ ။
တစ်ကြိမ်ခွဲမွေးပြီးလျှင် ထို့အတွက် နောင်ကိုယ်ဝန်များတွင် သက်ရောက်မှုများရှိလာပါတယ် ။ တစ်ကြိမ်ခွဲမွေးပြီး နောင်ကိုယ်ဝန်များတွင် ရိုးရိုးမွေးဖွားမည်ဆိုပါက ယခင်ချုပ်ရိုးနှင့်တကွ သားအိမ်ပါ စုတ်ပြဲဒဏ်ရာ ရရှိနိုင်ပါတယ် ။
သန္ဓေသား အနေနဲ့ ကြီးကြီးမားမား ဆိုးကျိုးမရှိပါဘူး ။ ၃၉ ပတ်မတိုင်ခင် ခွဲမွေးရသော ကလေးငယ်များတွင် အသက်ရှူခြင်းဆိုင်ရာတွင် အခက်အခဲတွေ့တတ်သော်လည်း မွေးပြီးပြီးခြင်း အဆုတ်တွင်းမှ ရေများကို စုတ်ထုတ်ပစ်မည် ဖြစ်သောကြောင့် စိုးရိမ်ရန်မလိုပါ ။
ခွဲမွေးစဉ် မတော်တဆ ထိမိခိုက်မိသောကြောင့် ဒဏ်ရာအနာတရဖြစ်နိုင်သော်လည်း အလွန့်အလွန်ဖြစ်ခဲပါတယ် ။
Dr. Shein Thu Han