ဆံကေသာနှင့် ဗောက်ရောဂါ

ဗောက်ရောဂါဆိုတာ ဦးရေပြားပေါ်မှာ အဖြူဖတ်တွေဖြစ်ပေါ်နေတဲ့ အရေပြားပြဿနာတစ်မျိုးဖြစ်ပါတယ်။ ဗောက်ရှိခြင်းဟာ ဆိုးရွားတဲ့ကျန်းမာရေးအန္တရာယ်တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ပျောက်ကင်းဖို့ ခက်ခဲတတ်ပြီး စိတ်ကသိကအောက်ဖြစ်စရာ၊ အရှက်ရစရာတစ်ခုဖြစ်တတ်ပါတယ်။ဗောက်ရောဂါတွေဟာ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ ကျားဟော်မုန်းကြောင့်ဖြစ်ပါတယ်။

ဗောက်ရောဂါဖြစ်ရတဲ့အကြောင်းအရင်းများ

*အဆီပြန်ပြီး ဓာတ်မတည့်လွယ်သော အရေပြား (ဥပမာ Seborrheic Dermatitis ရောဂါ)

*ပုံမှန်ခေါင်းမလျှော်ခြင်း

*မှိုစွဲခြင်း ( Yeast like fungus ) တစေးနှင့်တူသောမှိုစွဲကပ်ခြင်း

*ဦးရေပြားခြောက်သွေ့ခြင်း

*ဆံကေသာသုံးပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းမှအစပြု၍ဗောက်ထခြင်း စတာတွေပဲဖြစ်ပါတယ်။

ဗောက်ရောဂါဟာ ဦးရေပြားနဲ့ ဆံကေသာကို ကြည့်ရှုစစ်ဆေးပြီး အလွယ်တကူသိရှိနိင်ပါတယ်။

ဗောက်ပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲ?

ရိုးရိုးခေါင်းလျှော်ရည်တွေဟာ ဗောက်ပြဿနာကိုမဖြေရှင်းနိုင်ဘူးဆိုရင် ဗောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည်များကို ဈေးကွက်မှာဝယ်ယူနိုင်ပါတယ်။ ဗောက်ပျောက်ခေါင်းလျှော်ရည်တွေဟာ တစ်ခုနဲ့တစ်ခုပါဝင်ပစ္စည်းတွေမတူတဲ့အတွက် မိမိနဲ့အကောင်းဆုံးဖြစ်စေတဲ့ ခေါင်းလျှော်ရည်ရဖို့ စမ်းပြီးသုံးကြည့်ရမှာပါ။ တကယ်လို့ ခေါင်းလျှော်ရည်ဟာ ဦးရေပြားကို ယားယံစေခြင်း၊ နီရဲခြင်း ၊ ပူလောင်ခြင်းများဖြစ်စေရင် လုံးဝဆက်လက်မသုံးသင့်ပါဘူး။
ဗောက်ပျောက်ခေါင်းလျှော်ရည်တွေမှာ

* Pyrithione Zinc

* Tar-based Shampoo

* Salicylic acid

* Selenium sulfide

* Ketoconazole စတာတွေပါဝင်တတ်ပါတယ်။

ဒီလိုပစ္စည်းအမျိုးအစားတွေပါဝင်တဲ့ ဗောက်ပျောက်ခေါင်းလျှော်ရည်တွေကို နေ့စဉ် သို့မဟုတ် တစ်ရက်ခြား ဗောက်ပြဿနာကို ထိန်းချုပ်နိုင်တဲ့အထိ သုံးစွဲပေးရပါတယ်။ နောက်ပိုင်းမှာတော့ တစ်ပတ်ကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်အထိ သုံးစွဲပေးလို့ရပါတယ်။

ဗောက်ပျောက်ခေါင်းလျှော်ရည်တွေသုံးစွဲတာအပြင် အောက်ပါနည်းလမ်းတွေကလည်း ဗောက်ဖြစ်မယ့်နှုန်းကိုလျော့ကျစေပါတယ်။

*စိတ်ဖိစီးမှုကိုလျှော့ချခြင်း

စိတ်ဖိစီးမှုဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေများစွာအပေါ် သက်ရောက်မှုရှိပါတယ်။ စိတ်ဖိစီးမှုများရင် ဗောက်ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။

*ပုံမှန်ခေါင်းလျှော်ခြင်း

သင်ဟာ အဆီပြန်တဲ့ဦးရေပြားရှိမယ်ဆိုရင် နေ့စဉ်ခေါင်းလျှော်ခြင်း သို့မဟုတ် တစ်ရက်ခြားခေါင်းလျှော်ခြင်းကို ပြုလုပ်ပေးခြင်းနိုင်ပါတယ်။

*နေရောင်ခြည်နှင့်ထိတွေ့မှု

နေရောင်ခြည်နဲ့ခဏတာထိတွ့ပေးမှုဟာ ဗောက်ပြဿနာကို ဖြေရှင်းရာမှာလည်း အသုံးဝင်ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့နေရောင်ခြည်ဟာ အရေပြားကို ထိခိုက်စေတာမို့ ပြင်းထန်တဲ့နေရောင်ခြည်နဲ့အချိန်အကြာကြီး ထိတွေ့ဖို့မလိုပါဘူး။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

ဆံေကသာႏွင့္ ေဗာက္ေရာဂါ

ေဗာက္ေရာဂါဆိုတာ ဦးေရျပားေပၚမွာ အျဖဴဖတ္ေတြျဖစ္ေပၚေနတဲ့ အေရျပားျပႆနာတစ္မ်ိဳးျဖစ္ပါတယ္။ ေဗာက္ရွိျခင္းဟာ ဆိုးရြားတဲ့က်န္းမာေရးအႏၲရာယ္ေတာ့ မျဖစ္ႏိုင္ပါဘူး။ ဒါေပမယ့္ တစ္ခါတစ္ရံမွာ ေပ်ာက္ကင္းဖို႔ ခက္ခဲတတ္ၿပီး စိတ္ကသိကေအာက္ျဖစ္စရာ၊ အရွက္ရစရာတစ္ခုျဖစ္တတ္ပါတယ္။ေဗာက္ေရာဂါေတြဟာ အမ်ိဳးသားေတြမွာ ပိုျဖစ္တတ္ပါတယ္။ က်ားေဟာ္မုန္းေၾကာင့္ျဖစ္ပါတယ္။

ေဗာက္ေရာဂါျဖစ္ရတဲ့အေၾကာင္းအရင္းမ်ား

*အဆီျပန္ၿပီး ဓာတ္မတည့္လြယ္ေသာ အေရျပား (ဥပမာ Seborrheic Dermatitis ေရာဂါ)

*ပံုမွန္ေခါင္းမေလွ်ာ္ျခင္း

*မွိုစြဲျခင္း ( Yeast like fungus ) တေစးႏွင့္တူေသာမွိုစြဲကပ္ျခင္း

*ဦးေရျပားေျခာက္ေသြ႕ျခင္း

*ဆံေကသာသံုးပစၥည္းမ်ားႏွင့္ ဓာတ္မတည့္ျခင္းမွအစျပဳ၍ေဗာက္ထျခင္း စတာေတြပဲျဖစ္ပါတယ္။

ေဗာက္ေရာဂါဟာ ဦးေရျပားနဲ႔ ဆံေကသာကို ျကည့္ရႈစစ္ေဆးၿပီး အလြယ္တကူသိရွိနိင္ပါတယ္။

ေဗာက္ျပႆနာကိုဘယ္လိုေျဖရွင္းၾကမလဲ?

႐ိုး႐ိုးေခါင္းေလွ်ာ္ရည္ေတြဟာ ေဗာက္ျပႆနာကိုမေျဖရွင္းႏိုင္ဘူးဆိုရင္ ေဗာက္ေပ်ာက္ေစတဲ့ ေခါင္းေလွ်ာ္ရည္မ်ားကို ေစ်းကြက္မွာဝယ္ယူႏိုင္ပါတယ္။ ေဗာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္ေတြဟာ တစ္ခုနဲ႔တစ္ခုပါဝင္ပစၥည္းေတြမတူတဲ့အတြက္ မိမိနဲ႔အေကာင္းဆံုးျဖစ္ေစတဲ့ ေခါင္းေလွ်ာ္ရည္ရဖို႔ စမ္းၿပီးသံုးၾကည့္ရမွာပါ။ တကယ္လို႔ ေခါင္းေလွ်ာ္ရည္ဟာ ဦးေရျပားကို ယားယံေစျခင္း၊ နီရဲျခင္း ၊ ပူေလာင္ျခင္းမ်ားျဖစ္ေစရင္ လံုးဝဆက္လက္မသံုးသင့္ပါဘူး။
ေဗာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္ေတြမွာ

* Pyrithione Zinc

* Tar-based Shampoo

* Salicylic acid

* Selenium sulfide

* Ketoconazole စတာေတြပါဝင္တတ္ပါတယ္။

ဒီလိုပစၥည္းအမ်ိဳးအစားေတြပါဝင္တဲ့ ေဗာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္ေတြကို ေန႔စဥ္ သို႔မဟုတ္ တစ္ရက္ျခား ေဗာက္ျပႆနာကို ထိန္းခ်ဳပ္ႏိုင္တဲ့အထိ သံုးစြဲေပးရပါတယ္။ ေနာက္ပိုင္းမွာေတာ့ တစ္ပတ္ကို ႏွစ္ႀကိမ္ သို႔မဟုတ္ သံုးႀကိမ္အထိ သံုးစြဲေပးလို႔ရပါတယ္။

ေဗာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္ေတြသံုးစြဲတာအျပင္ ေအာက္ပါနည္းလမ္းေတြကလည္း ေဗာက္ျဖစ္မယ့္ႏႈန္းကိုေလ်ာ့က်ေစပါတယ္။

*စိတ္ဖိစီးမႈကိုေလွ်ာ့ခ်ျခင္း

စိတ္ဖိစီးမႈဟာ လူတစ္ေယာက္ရဲ႕ က်န္းမာေရးအေျခအေနမ်ားစြာအေပၚ သက္ေရာက္မႈရွိပါတယ္။ စိတ္ဖိစီးမႈမ်ားရင္ ေဗာက္ျပႆနာကို ပိုဆိုးေစႏိုင္ပါတယ္။

*ပံုမွန္ေခါင္းေလွ်ာ္ျခင္း

သင္ဟာ အဆီျပန္တဲ့ဦးေရျပားရွိမယ္ဆိုရင္ ေန႔စဥ္ေခါင္းေလွ်ာ္ျခင္း သို႔မဟုတ္ တစ္ရက္ျခားေခါင္းေလွ်ာ္ျခင္းကို ျပဳလုပ္ေပးျခင္းႏိုင္ပါတယ္။

*ေနေရာင္ျခည္ႏွင့္ထိေတြ႕မႈ

ေနေရာင္ျခည္နဲ႔ခဏတာထိတြ႕ေပးမႈဟာ ေဗာက္ျပႆနာကို ေျဖရွင္းရာမွာလည္း အသံုးဝင္ပါတယ္။ ဒါေပမယ့္ ျပင္းထန္တဲ့ေနေရာင္ျခည္ဟာ အေရျပားကို ထိခိုက္ေစတာမို႔ ျပင္းထန္တဲ့ေနေရာင္ျခည္နဲ႔အခ်ိန္အၾကာႀကီး ထိေတြ႕ဖို႔မလိုပါဘူး။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

The most common form of depression

1 Mins read
လူပြောများနေသော စိတ်ကျရောဂါ ဒီနေ့ ပတ်ဝန်းကျင်မှာ အမြဲကြားနေကျ စကားတခုကတော့ “ ငါ Depression ဝင်နေတယ်ကွာ” ဆိုတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါ၊ အိမ်ထောင်ပြတ်ဆဲသွား တဲ့အခါ စိတ်ဝမ်းနည်းပူဆွေးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ဒါဟာ depression မဟုတ်ပါဘူး။ Depression…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Depression

1 Mins read
သဝန်တိုစိတ်လွန် စိတ်ရောဂါ သဝန်တိုစိတ်ဆိုတာ မြင်လိုက်တာနဲ့ ကိုယ့်ကောင်လေး/ကောင်မလေး ပြေးမြင်လိုက်ပြီဆို စိတ်မကောင်းပါဘူး သဝန်မတိုရအောင် နေနေရတဲ့ ဘဝကို စာနာပါတယ် …ဟုတ်ပါတယ်…သဝန်တိုစိတ်ဆိုတာ လူတိုင်းဆီမှာ ရှိတတ်တဲ့ စိတ်ခံစားချက်ပါ…ထပ်ပြောရရင် ချစ်တတ်တဲ့သူတွေဆီမှာ အများဆုံးရှိတတ်တဲ့ အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး….FA တွေကတော့ ကံကောင်းပါတယ်…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *