ပါဝင်သောဆေး-Cyproheptadine HCl
ဆေးပုံစံ-ဆေးတောင့်ပုံစံ၊ သောက်ဆေးရည်ပုံစံ၊ အစက်ချဆေးရည်ပုံစံ။
အသုံးပြုနိုင်သော အခြေအနေများ-အာဟာရလုံလောက်စွာမစားသူများ၊ အစားအသောက်ပျက်သူများ၊ ကိုယ်အလေးချိန်ကျဆင်းသူများ၊ တီဘီ၊ ဗိုင်းရပ်ပိုးဆေးကုသမှုခံယူသူများ ကိုယ်အလေးချိန်တက်စေရန်။
သုံးစွဲရန်အညွှန်း-ဆေးတောင့် ၁-၂ လုံး တစ်နေ့ ၂ ကြိမ်။
ဆေးရည်- လူကြီး လက်ဘက်ရည်ဇွန်း ၂ ဇွန်း၊ ကလေး ၇-၁၄နှစ် ၁-၂ ဇွန်း၊ ကလေး ၂-၆နှစ် ၁ဇွန်း တစ်နေ့ ၃ကြိမ်။
အစက်ချဆေး- ကလေး ၁-၂နှစ် ၁-၂စီစီ၊ ၆လမှ ၁နှစ်- ၀.၅-၁ စီစီ၊ ၆လအောက်ကလေး- ၀.၅စီစီ တစ်နေ့ ၂ကြိမ်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ ရေတိမ် ဖြစ်နေသူများ၊ အစာအိမ်အနာဖြစ်၍ အစာအိမ်အထွက်ကျဉ်းနေသူများ၊ ဆီးကျိတ်ကြီးနေသူများ၊ ဆီးအိတ်လမ်းကြောင်း ပိတ်နေသူများ၊ အသက်ကြီးသူများ၊ အိပ်ရာထဲလဲနေသူများ၊ မွေးကင်းစကလေးများ၊ လမစေ့သောကလေးများ နှင့် နို့တိုက်မိခင်များ။
သတိပြုရမည့်အချက်များ-အရက်နှင့် ဦးနှောက်အာရုံကြော ထိုင်းမှိုင်းစေသော ဆေးများနှင့် တွဲမသောက်ရ။ နှလုံးသွေးကြောရောဂါများ၊ မျက်လုံးအတွင်း ဖိအားများသော ရောဂါများ၊ လည်းပင်းအကျိတ်ကြီးနေသူများ၊ ပန်းနာရင်ကျပ်ရှိသူများ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။ ဆေးသုံးစွဲပြီး စက်ပစ္စည်းများ၊ ကားများ မောင်းနှင်ခြင်းမပြုသင့်ပါ။
ဘေးထွက်ဆိုးကျိုး-အိပ်ငိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ဆေးမတည့်ခြင်း၊ အမြင်ဝေဝါးခြင်း၊ နှစ်ထပ်မြင်ခြင်း၊ ခေါင်းမူးခြင်း၊ နားအူခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးတုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးတွင်းဆဲလ်များ ပြောင်းလဲခြင်း၊ သည်းခြေစီးဆင်းမှုနည်းခြင်း၊ အသည်းရောင်ခြင်း၊ အသည်းပျက်စီးခြင်း၊ အာခြောက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အသားဝါခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း လက္ခဏာများ၊ ဆီးသွားခက်ခဲခြင်း၊ ဓမ္မတာလာချိန် စောခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-MAOI, အရက်၊ အိပ်ဆေးများ၊ စိတ်ငြိမ်ဆေးများနှင့် တွဲမသောက်သင့်ပါ။ ဒေါက်တာချို(ဆေး ၁)