ကိုယ်ဝန်ဆောင်နဲ့ CTG
CTG ဆိုတာ ဘာလုပ်ပေးတာလဲ။
CTG ဆိုတာ မိခင်ရဲ့ သားအိမ်ထဲရှိ ကလေးငယ်ရဲ့ နှလုံးခုန်နှုန်း၊မိခင်ရဲ့
သားအိမ်ညှစ်အားတွေကို တိုင်းတာတာ ဖြစ်ပါတယ် ။အထူးသဖြင့် စိုးရိမ်ရတဲ့ ကိုယ်ဝန်
ဆောင်များ High risks တွင် CTGကို မမွေးမီဖြစ်စေ ၊မီးဖွားစဉ်ဖြစ်စေ တိုင်းတာလေ့ရှိ
ပါတယ် ။
ဘယ်လို အခြေအနေမှာ ကိုယ်ဝန်ဆောင်တွေကို CTG ရိုက်မလဲ။
- မိခင်လောင်းတို့အနေနဲ့ မိမိတို့ကလေးတိုးတာ ၊လှုပ်တာ မမှန်ရင် ၊ဒါမှမဟုတ် အကြိမ် အရေအတွက် နည်းလာသည်ဟု ထင်ရင်
- ရေမွှာရေ နည်းနေရင်
- အမြွှာကလေးများကို ကိုယ်ဝန်ဆောင်ထားသူတွေ
- သွေးတိုး ၊ဆီးချို သွေးချို ရှိနေရင်
- သင့်ဆရာဝန်က သင့်ကလေးဆီ အချင်းက သွေးပေးပို့တာ နည်းနေသည်ဟု ထင်ရင်
ကိုယ်ဝန် ဘယ်နှပတ်မှာ ရိုက်လေ့ရှိသလဲ။
- ကိုယ်ဝန် ၂၆-၂၈ ပတ်နောက်ပိုင်းမှာ ရိုက်လေ့ ရှိပါတယ်။
CTG ကို ဘယ်လို ရိုက်သလဲ
- ခါးပတ်ကြိုးလို အရာတွေနဲ့ ကိုယ်ဝန်သည်ရဲ့ ဗိုက်ကို စည်းပြီး ရိုက်ရပါတယ်။
- ခါးပတ်ကြိုး ၂ခုပါတယ် ။တစ်ခုစီမှာ မော်နီတာ လုပ်ပေးမယ့် ကိရိယာလေး တစ်ခုစီပါတယ်။
- တစ်ခုက ကလေး နှလုံးခုန်နှုန်းကို တိုင်းဖို့ ၊တစ်ခုက ကိုယ်ဝန်ဆောင်မိခင်ရဲ့ သားအိမ်ညှစ်အားကို တိုင်းဖို့ ဖြစ်တယ်။
- မိခင်ဟာ ထိုင်လျက်ဖြစ်စေ ၊လဲလျောင်းလျက်ဖြစ်စေ နေရပါတယ်။
- အနည်းဆုံး မိနစ် ၂၀ကနေ မိနစ် ၆၀အထိ ကြာနိုင်ပါတယ်။
ဘယ်လို အဖြေ ထွက်မလဲ။
- CTG ဆွဲပြီးရင် အဖြေစာရွက်ရှည်လေး ထွက်လာပါတယ်။
- “ကောင်းတယ် ၊မကောင်းဘူူး” ဆိုပြီး အဓိက ၂မျိုးကို သင့်ဆရာဝန်က ဖတ်ပေးပါတယ်။
- “ကောင်းတယ်”ဆိုတာက သင့်ကလေးရဲ့ နှလုံးခုန်နှုန်းဟာ သူလှုပ်ရှားပြီးတိုင်း မြန်လာတယ် ၊ပုံမှန်အတိုင်းပဲ ဆိုတာ ပြောတာပါ။
- အထက်ပါအတိုင်း လိုက် မမြန်လာရင် ၊မများလာရင် ၊ဒါမှမဟုတ် ရှိသင့်တာထက် မြန်နေရင် မကောင်းဘူးလို့ ပြောပါတယ်။
CTG အဖြေမကောင်းရင် ဘာတွေ ဖြစ်နိုင်သလဲ။
- ကလေးနှလုံးခုန်နှုန်း မြန်သင့် သလောက်မမြန်လို့ အရမ်း မစိုးရိမ်သွားပါနဲ့။
- တခြား ဖြစ်တတ်တာတွေလည်း ရှိပါသေးတယ် ။ဥပမာ-ကလေး အိပ်နေလို့ ဖြစ်နိုင်ပါတယ်။ ကလေး အိပ်နေတယ်ဆိုရင် မိခင်က လမ်းလျှောက်ခြင်းဖြင့်ဖြစ်စေ ၊ကလေးကို အိပ်နေရာကနေ နှိုးပေးတဲ့ ကိရိယာလေးနဲ့ ဖြစ်စေ နှိုးပေးလို့ရပါတယ် ။အခုလို နှိုးပေးရဲ့သားနဲ့မှ ကလေးနှလုံးခုန်နှုန်းက မမြန်လာဘူးဆိုရင် နာရီပိုင်းလောက် နားပြီးမှ CTG ကို ပြန်ရိုက်ခိုင်းပါလိမ့်မယ်။
- ကလေးနှလုံးခုန်နှုန်းက ရှိသင့်တာထက် မြန်နေရင် ကလေး အရမ်းလှုပ်ရှားလို့ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကလေး အောက်ဆီဂျင်ဓာတ် ကောင်းစွာ မရလို့ ဖြစ်နိုင်တယ်။ ဒါကြောင့် ဒုတိယ တစ်ကြိမ် CTG ကို ခဏနားပြီး ပြန်ရိုက်ပါလိမ့်မယ်။
- ဒုတိယအကြိမ် ထပ်ရိုက်လို့မှ အဖြေမကောင်းရင် အာထရာဆောင်း ရိုက်ခိုင်းလိမ့်မယ်။
- အာထရာဆောင်းမှာတော့ ကလေးရဲ့ လှုပ်ရှားမှု ၊အသက်ရှုပုံ ၊တုန့်ပြန်မှု ၊ကြွက်သားလှုပ်ရှားမှုအား စတာတွေကို ကြည့်ပြီး သင့်ကလေး အောက်ဆီဂျင်ဓာတ် ကောင်းစွာ ရ ၊မရ ဆုံးဖြတ်ပေးပါတယ်။
- တကယ်လို့ အာထရာဆောင်းမှာပါ အဖြေမကောင်းရင်တော့ တတ်နိုင်သမျှ ခပ်မြန်မြန်ပဲ ခန့်မှန်းထားတဲ့ မွေးရက်ထက် စောမွေးပေးပါလိမ့်မယ်။
ခေတ်သစ် ဇီဝက
ကိုယ္၀န္ေဆာင္နဲ႕ CTG
CTG ဆိုတာ ဘာလုပ္ေပးတာလဲ။
CTG ဆိုတာ မိခင္ရဲ႕ သားအိမ္ထဲရွိ ကေလးငယ္ရဲ႕ ႏွလုံးခုန္ႏႈန္း၊မိခင္ရဲ႕
သားအိမ္ညွစ္အားေတြကို တိုင္းတာတာ ျဖစ္ပါတယ္ ။အထူးသျဖင့္ စိုးရိမ္ရတဲ့ ကိုယ္၀န္
ေဆာင္မ်ား High risks တြင္ CTGကို မေမြးမီျဖစ္ေစ ၊မီးဖြားစဥ္ျဖစ္ေစ တိုင္းတာေလ့ရွိ
ပါတယ္ ။
ဘယ္လို အေျခအေနမွာ ကိုယ္၀န္ေဆာင္ေတြကို CTG ရုိက္မလဲ။
- မိခင္ေလာင္းတို႕အေနနဲ႕ မိမိတို႕ကေလးတိုးတာ ၊လႈပ္တာ မမွန္ရင္ ၊ဒါမွမဟုတ္ အႀကိမ္ အေရအတြက္ နည္းလာသည္ဟု ထင္ရင္
- ေရမႊာေရ နည္းေနရင္
- အျမႊာကေလးမ်ားကို ကိုယ္၀န္ေဆာင္ထားသူေတြ
- ေသြးတိုး ၊ဆီးခ်ိိဳ ေသြးခ်ိဳ ရိွေနရင္
- သင့္ဆရာ၀န္က သင့္ကေလးဆီ အခ်င္းက ေသြးေပးပို႕တာ နည္းေနသည္ဟု ထင္ရင္
ကိုယ္၀န္ ဘယ္ႏွပတ္မွာ ရုိက္ေလ့ရွိိသလဲ။
- ကိုယ္၀န္ ၂၆-၂၈ ပတ္ေနာက္ပိုင္းမွာ ရိုက္ေလ့ ရွိပါတယ္။
CTG ကို ဘယ္လို ရိုက္သလဲ
- ခါးပတ္ႀကိဳးလို အရာေတြနဲ႕ ကိုယ္၀န္သည္ရဲ႕ ဗိုက္ကို စည္းျပီး ရုိက္ရပါတယ္။
- ခါးပတ္ႀကိဳး ၂ခုပါတယ္ ။တစ္ခုစီမွာ ေမာ္နီတာ လုပ္ေပးမယ့္ ကိရိယာေလး တစ္ခုစီပါတယ္။
- တစ္ခုက ကေလး ႏွလုံးခုန္ႏႈန္းကို တိုင္းဖို႕ ၊တစ္ခုက ကိုယ္၀န္ေဆာင္မိခင္ရဲ႕ သားအိမ္ညွစ္အားကို တိုင္းဖို႕ ျဖစ္တယ္။
- မိခင္ဟာ ထိုင္လ်က္ျဖစ္ေစ ၊လဲေလ်ာင္းလ်က္ျဖစ္ေစ ေနရပါတယ္။
- အနည္းဆုံး မိနစ္ ၂၀ကေန မိနစ္ ၆၀အထိ ႀကာႏိုင္ပါတယ္။
ဘယ္လို အေျဖ ထြက္မလဲ။
- CTG ဆဲြျပီးရင္ အေျဖစာရြက္ရွည္ေလး ထြက္လာပါတယ္။
- “ေကာင္းတယ္ ၊မေကာင္းဘူူး” ဆိုျပီး အဓိက ၂မ်ိိဳးကို သင့္ဆရာ၀န္က ဖတ္ေပးပါတယ္။
- “ေကာင္းတယ္”ဆိုတာက သင့္ကေလးရဲ႕ ႏွလုံးခုန္ႏႈန္းဟာ သူလႈပ္ရွားျပီးတိုင္း ျမန္လာတယ္ ၊ပုံမွန္အတိုင္းပဲ ဆိုတာ ေျပာတာပါ။
- အထက္ပါအတိုင္း လိုက္ မျမန္လာရင္ ၊မမ်ားလာရင္ ၊ဒါမွမဟုတ္ ရွိသင့္တာထက္ ျမန္ေနရင္ မေကာင္းဘူးလို႕ ေျပာပါတယ္။
CTG အေျဖမေကာင္းရင္ ဘာေတြ ျဖစ္ႏိုင္သလဲ။
- ကေလးႏွလုံးခုန္ႏႈန္း ျမန္သင့္ သေလာက္မျမန္လို႕ အရမ္း မစိုးရိမ္သြားပါနဲ႕။
- တျခား ျဖစ္တတ္တာေတြလည္း ရွိပါေသးတယ္ ။ဥပမာ-ကေလး အိပ္ေနလို႕ ျဖစ္ႏိုင္ပါတယ္။ ကေလး အိပ္ေနတယ္ဆိုရင္ မိခင္က လမ္းေလွ်ာက္ျခင္းျဖင့္ျဖစ္ေစ ၊ကေလးကို အိပ္ေနရာကေန ႏိႈးေပးတဲ့ ကိရိယာေလးနဲ႕ ျဖစ္ေစ ႏိႈးေပးလို႕ရပါတယ္ ။အခုလို ႏိႈးေပးရဲ႕သားနဲ႕မွ ကေလးႏွလုံးခုန္ႏႈန္းက မျမန္လာဘူးဆိုရင္ နာရီပိုင္းေလာက္ နားျပီးမွ CTG ကို ျပန္ရိုက္ခိုင္းပါလိမ့္မယ္။
- ကေလးႏွလုံးခုန္ႏႈန္းက ရွိသင့္တာထက္ ျမန္ေနရင္ ကေလး အရမ္းလႈပ္ရွားလို႕ ျဖစ္ႏုိင္တယ္။ ဒါမွမဟုတ္ ကေလး ေအာက္ဆီဂ်င္ဓာတ္ ေကာင္းစြာ မရလို႕ ျဖစ္ႏိုင္တယ္။ ဒါေႀကာင့္ ဒုတိယ တစ္ႀကိမ္ CTG ကို ခဏနားျပီး ျပန္ရိုက္ပါလိမ့္မယ္။
- ဒုတိယအႀကိမ္ ထပ္ရိုက္လို႕မွ အေျဖမေကာင္းရင္ အာထရာေဆာင္း ရုိက္ခိုင္းလိိမ့္မယ္။
- အာထရာေဆာင္းမွာေတာ့ ကေလးရဲ႕ လႈပ္ရွားမႈ ၊အသက္ရွဳပုံ ၊တုန္႕ျပန္မႈ ၊ႀကြက္သားလႈပ္ရွားမႈအား စတာေတြကို ႀကည့္ျပီး သင့္ကေလး ေအာက္ဆီဂ်င္ဓာတ္ ေကာင္းစြာ ရ ၊မရ ဆုံးျဖတ္ေပးပါတယ္။
- တကယ္လို႕ အာထရာေဆာင္းမွာပါ အေျဖမေကာင္းရင္ေတာ့ တတ္ႏိုင္သမွ် ခပ္ျမန္ျမန္ပဲ ခန္႕မွန္းထားတဲ့ ေမြးရက္ထက္ ေစာေမြးေပးပါလိမ့္မယ္။
ေခတ္သစ္ ဇီ၀က