တကယ်ရော ဝမ်းချုပ်တာ ဟုတ်ရဲ့လား?
လူနာ (၁)
အသက် ၃၅နှစ်ခန့်အရွယ် သွယ်လျလျအမျိုးသမီးတစ်ဦး ဆေးခန်းထဲဝင်လာသည်။လူနာ – ဆရာမရေ…ကျွန်မဝမ်းတွေချုပ်နေတာ….တစ်လလောက်ရှိပြီ.
….အဲ့ဒါ ဝမ်းနှုတ်ဆေးတွေဘာလေးများ သောက်ဖို့လိုမလားလို့…ဆရာမကိုလာပြတာ…ကျွန်မ – ဟုတ်လားအမ….ဒါနဲ့ အမဝမ်းချုပ်တယ်ဆိုတာ…ဘယ်နရက်တစ်ခါလောက်မှ ဝမ်းသွားတာလဲ?
လူနာ – အင်း…တစ်ရက်ခြားတစ်ခါလောက်လောက်ပဲသွားတယ်ဆရာမရေ…..
ကျွန်မ – ဝမ်းသွားရင်ရော ဝမ်းကအရမ်းမာတာ…အရမ်းညှစ်ပြီးသွားရတာမျိုးရှိလားအမ?
လူနာ -အဲ့လိုမျိုးတော့ မရှိဘူးဆရာမ။ဝမ်းကတော့ ပုံမှန်ဝမ်းပါပဲ…
ကျွန်မ – အင်း….အဲ့လိုဆိုရင်တော့ အမက ဝမ်းချုပ်တယ်လို့ပြောလို့မရဘူးအမရဲ့……
လူအများစုကတော့ တစ်နေ့တစ်ခါဝမ်းသွားမှ ဝမ်းမှန်တယ်လို့ထင်ကြတယ်။တကယ်တမ်းတော့ ဆေးပညာရှုထောင့်ကကြည့်ရင် သုံးရက်ကျော်မှတစ်ခါလောက်ဝမ်းသွားမယ်….သွားတဲ့အခါမှာလည်း ဝမ်းကမာမယ်၊အရမ်းညှစ်ရမယ်ဆိုမှ ဝမ်းချုုပ်တယ်လို့ သတ်မှတ်တယ်။ အခုအမက….တစ်ရက်ခြားတစ်ခါလောက်သွားတယ်…ဝမ်းကလည်းမမာဘူး….ပုံမှန်ဝမ်းပဲဆိုတော့…..ပုံမှန်ပဲလို့ပြောလို့ရပါတယ်…ဝမ်းနှုတ်ဆေးလည်းသောက်ဖို့မလိုပါဘူး။ စိတ်မပူပါနဲ့အမရေ့…
လူနာ – တော်သေးတာပေါ့ဆရာမရယ်။ကျေးဇူးတင်ပါတယ်။
လူနာ (၂)
ကဲ…လူနာနောက်တစ်ယောက်…အသက် ၄၀ကျော်အရွယ်….ခပ်ဖိုင့်ဖိုင့်အမျိုးသမီးတစ်ဦး….ဒီလူနာကိုတော့ကျွန်မသိသည်။အရင် ၂ခါ ၃ခါလောက် ဆေးလန်းလာပြဖူးသည်။ဈေးထဲမှာဆိုင်ဖွင့်ထားတယ်ဆိုလားပဲ…
လူနာ – ဆရာမရေ….လုပ်ပါဦး….ကျွန်မဝမ်းမသွားတာလေးငါးရက်ရှိနေပြီ။သွားပြန်ရင်လည်း တအားညှစ်သွားရတာ ချွေးသီးချွေးပေါက်တွေတောင်ကျတယ်…ဝမ်းကမာလိုက်တာမှ ကျောက်စရစ်ခဲတွေကျနေတာပဲ…
ကျွန်မ – အမအရင်ကလည်း ပြဖူးတယ်နော်….ဈေးထဲမှာအထည်ဆိုင်ဖွင့်ထားတဲ့အမထင်တယ်
လူနာ – ဟုတ်တယ်ဆရာမရေ့….ဆရာမကမှတ်မိသားပဲ…
ကျွန်မ – မှတ်မိတာပေါ့အမရဲ့….ကိုယ့်လူနာတွေပဲ….ကဲ…ပြောပါဦး….. အမခုလိုဝမ်းချုပ်နေတာဘယ်လောက်ကြာပြီလဲ?
လူနာ – နှစ်လ ၊သုံးလလောက်တော့ရှိပြီဆရာမရေ…
ကျွန်မ – အမကြည့်ရတာ အရင်ကထက် နည်းနည်းလေးပိုဝလာတယ်နော်….အသီးအရွက်ရောစားရဲ့လား?
လူနာ – ဟုတ်တယ်ဆရာမရေ့…ဝတာလည်းမပြောနဲ့လေ….ကျွန်မက ဆရာမပြောသလိုပဲ အသီးအရွက်စားတာအရမ်းနည်းတယ်…အသားတွေချည်းစားတာ….ငါးတောင်သိပ်မစားဘူးရယ်…..
ကျွန်မ – အမက အထည်ဆိုင်ဆိုတော့ အညောင်းထိုင်တာလည်းများမှာပေါ့? အိမ်သာသွားချင်ရင်မသွားဘဲ အောင့်ထားတာမျိုးရောရှိလား?
လူနာ – ရှိပါ့ဆရာမရယ်။တစ်ခါတစ်ခါ ဆိုင်မှာဝယ်သူတွေများနေရင်ကိုယ့်မှာအိမ်သာသွားချင်လည်း အောင့်ထားလိုက်ရတာပဲ။ကျွန်မတို့ဆိုင်ခန်းက ဈေးအိမ်သာနဲ့ နည်းနည်းလှမ်းတာလည်းပါတယ်….အဲ့တော့ တော်ရုံဆို မသွားဖြစ်ဖူး…ပြီးတော့ ဆရာမပြောသလိုပဲ အညောင်းထိုင်တာများတယ်…အရင်ကဆို ကျွန်မသမီးလေးကအဝေးသင်တက်နေတော့ ကျွန်မနဲ့တစ်လှည့်ဆီဆိုင်ထိုင်ပေးတာ….ခုကျ သူက စာမေးပွဲနီးတော့ ကျူရှင်ပြေးတက်ရ၊စာကျက်ရနဲ့ဆိုတော့ ဒီလပိုင်း ကျွန်မချည်းပဲဆိုင်ထိုင်နေရတာ….အညောင်းတွေလည်းမိပါတယ် ဆရာမရယ်….
ကျွန်မ – ဟုတ်တယ်အမ…အခုအမဝမ်းချုပ်နေတာအမရဲ့နေထိုင်မှုှုပုံစံမမှန်လို့ဖြစ်ရတာပါ…..အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုနည်းတယ်….အသီးအရွက်အစားနည်းတယ်….အိမ်သာသွားချင်တာကို အောင့်ထားတာတွေ အဓိကက အဲ့ဒါတွေကြောင့်ပေါ့…
လူနာ – ဟုတ်ကဲ့ဆရာမ။အဲ့လိုဆို ကျွန်မဘယ်လိုလုပ်သင့်လဲ?
ကျွန်မ – အမလုပ်ရမှာတွေက ရေများများသောက်ပေး…များများဆိုတာတစ်နေ့ကို အနည်းဆုံးရေ ၂လီတာသောက်ပေး…ရေသန့်ဘူးအကြီးနှစ်ဘူးစာပေါ့..နောက် အသီးမရွက်များများစား….အိမ်သာသွားချင်ရင် ထသွားလိုက်…အောင့်မထားနဲ့…နောက်ပြီး ခန္ဓာကိုယ်လှုပ်လှုပ်ရှားရှားနေ…လမ်းလျှောက်တာတို့…
သွေးပူလေ့ကျင့်ခန်းတို့လုပ်ပေး…အခုညသောက်ဖို့ ကျွန်မဝမ်းပျော့ဆေးထည့်ပေးလိုက်မယ်….ဒီညသောက်လိုက်…
လူနာ – ဟုတ်ကဲ့ဆရာမ
ကျွန်မ – ကျွန်မခုနကပြောတဲ့အတိုင်း နေထိုင်စားသောက်မယ်ဆိုရင်နောက်တစ်ပတ်နှစ်ပတ်လောက်နေရင်သူ့ဟာသူဝမ်းကပုံမှန်ပြန်ဖြစ်လာလိမ့်မယ်။အဲ ….တကယ်လို့ နှစ်ပတ်လောက်နေလို့မှ ဝမ်းကချုပ်မြဲချုပ်နေတယ်ဆိုရင်တော့ ကျွန်မဆီပြန်လာပြလှည့်….
လူနာ – ဟုတ်ကဲ့ပါဆရာမ….ကျွန်မ ဆရာမပြောသလိုသေချာလိုက်လုပ်ကြည့်လိုက်ပါမယ်…ခွင့်ပြုပါဦးဆရာမ။
မေ (ဆေး ၂)
တကယ္ေရာ ဝမ္းခ်ဳပ္တာ ဟုတ္ရဲ႕လား?
လူနာ (၁)
အသက္ ၃၅ႏွစ္ခန္႔အရြယ္ သြယ္လ်လ်အမ်ိဳးသမီးတစ္ဦး ေဆးခန္းထဲဝင္လာသည္။လူနာ – ဆရာမေရ…ကြၽန္မဝမ္းေတြခ်ဳပ္ေနတာ….တစ္လေလာက္႐ွိၿပီ.
….အဲ့ဒါ ဝမ္းႏႈတ္ေဆးေတြဘာေလးမ်ား ေသာက္ဖို႔လိုမလားလို႔…ဆရာမကိုလာျပတာ…ကြၽန္မ – ဟုတ္လားအမ….ဒါနဲ႔ အမဝမ္းခ်ဳပ္တယ္ဆိုတာ…ဘယ္နရက္တစ္ခါေလာက္မွ ဝမ္းသြားတာလဲ?
လူနာ – အင္း…တစ္ရက္ျခားတစ္ခါေလာက္ေလာက္ပဲသြားတယ္္ဆရာမေရ…..
ကြၽန္မ – ဝမ္းသြားရင္ေရာ ဝမ္းကအရမ္းမာတာ…အရမ္းညႇစ္ၿပီးသြားရတာမ်ိဳး႐ွိလားအမ?
လူနာ -အဲ့လိုမ်ိဳးေတာ့ မ႐ွိဘူးဆရာမ။ဝမ္းကေတာ့ ပံုမွန္ဝမ္းပါပဲ…
ကြၽန္မ – အင္း….အဲ့လိုဆိုရင္ေတာ့ အမက ဝမ္းခ်ဳပ္တယ္လို႔ေျပာလို႔မရဘူးအမရဲ႕……
လူအမ်ားစုကေတာ့ တစ္ေန႔တစ္ခါဝမ္းသြားမွ ဝမ္းမွန္တယ္လို႔ထင္ၾကတယ္။တကယ္တမ္းေတာ့ ေဆးပညာ႐ႈေထာင့္ကၾကည့္ရင္ သံုးရက္ေက်ာ္မွတစ္ခါေလာက္ဝမ္းသြားမယ္….သြားတဲ့အခါမွာလည္း ဝမ္းကမာမယ္၊အရမ္းညႇစ္ရမယ္ဆိုမွ ဝမ္းခ်ဳဳပ္တယ္လို႔ သတ္မွတ္တယ္။ အခုအမက….တစ္ရက္ျခားတစ္ခါေလာက္သြားတယ္…ဝမ္းကလည္းမမာဘူး….ပံုမွန္ဝမ္းပဲဆိုေတာ့…..ပံုမွန္ပဲလို႔ေျပာလို႔ရပါတယ္…ဝမ္းႏႈတ္ေဆးလည္းေသာက္ဖို႔မလိုပါဘူး။ စိတ္မပူပါနဲ႔အမေရ႕…
လူနာ – ေတာ္ေသးတာေပါ့ဆရာမရယ္။ေက်းဇူးတင္ပါတယ္။
လူနာ (၂)
ကဲ…လူနာေနာက္တစ္ေယာက္…အသက္ ၄၀ေက်ာ္အရြယ္….ခပ္ဖိုင့္ဖိုင့္အမ်ိဳးသမီးတစ္ဦး….ဒီလူနာကိုေတာ့ကြၽန္မသိသည္။အရင္ ၂ခါ ၃ခါေလာက္ ေဆးလန္းလာျပဖူးသည္။ေစ်းထဲမွာဆိုင္ဖြင့္ထားတယ္ဆိုလားပဲ…
လူနာ – ဆရာမေရ….လုပ္ပါဦး….ကြၽန္မဝမ္းမသြားတာေလးငါးရက္႐ွိေနၿပီ။သြားျပန္ရင္လည္း တအားညႇစ္သြားရတာ ေခြၽးသီးေခြၽးေပါက္ေတြေတာင္က်တယ္…ဝမ္းကမာလိုက္တာမွ ေက်ာက္စရစ္ခဲေတြက်ေနတာပဲ…
ကြၽန္မ – အမအရင္ကလည္း ျပဖူးတယ္ေနာ္….ေစ်းထဲမွာအထည္ဆိုင္ဖြင့္ထားတဲ့အမထင္တယ္
လူနာ – ဟုတ္တယ္ဆရာမေရ႕….ဆရာမကမွတ္မိသားပဲ…
ကြၽန္မ – မွတ္မိတာေပါ့အမရဲ႕….ကိုယ့္လူနာေတြပဲ….ကဲ…ေျပာပါဦး….. အမခုလိုဝမ္းခ်ဳပ္ေနတာဘယ္ေလာက္ၾကာၿပီလဲ?
လူနာ – ႏွစ္လ ၊သံုးလေလာက္ေတာ့႐ွိၿပီဆရာမေရ…
ကြၽန္မ – အမၾကည့္ရတာ အရင္ကထက္ နည္းနည္းေလးပို္ဝလာတယ္ေနာ္….အသီးအရြက္ေရာစားရဲ႕လား?
လူနာ – ဟုတ္တယ္ဆရာမေရ႕…ဝတာလည္းမေျပာနဲ႔ေလ….ကြၽန္မက ဆရာမေျပာသလိုပဲ အသီးအရြက္စားတာအရမ္းနည္းတယ္…အသားေတြခ်ည္းစားတာ….ငါးေတာင္သိပ္မစားဘူးရယ္…..
ကြၽန္မ – အမက အထည္ဆိုင္ဆိုေတာ့ အေညာင္းထိုင္တာလည္းမ်ားမွာေပါ့? အိမ္သာသြားခ်င္ရင္မသြားဘဲ ေအာင့္ထားတာမ်ိဳးေရာ႐ွိလား?
လူနာ – ႐ွိပါ့ဆရာမရယ္။တစ္ခါတစ္ခါ ဆိုင္မွာဝယ္သူေတြမ်ားေနရင္ကိုယ့္မွာအိမ္သာသြားခ်င္လည္း ေအာင့္ထားလိုက္ရတာပဲ။ကြၽန္မတို႔ဆိုင္ခန္းက ေစ်းအိမ္သာနဲ႔ နည္းနည္းလွမ္းတာလည္းပါတယ္….အဲ့ေတာ့ ေတာ္ရံုဆို မသြားျဖစ္ဖူး…ၿပီးေတာ့ ဆရာမေျပာသလိုပဲ အေညာင္းထိုင္တာမ်ားတယ္…အရင္ကဆို ကြ်န္မသမီးေလးကအေဝးသင္တက္ေနေတာ့ ကြၽန္မနဲ႔တစ္လွည့္ဆီဆိုင္ထိုင္ေပးတာ….ခုက် သူက စာေမးပြဲနီးေတာ့ က်ဴ႐ွင္ေျပးတက္ရ၊စာက်က္ရနဲ႔ဆိုေတာ့ ဒီလပိုင္း ကြၽန္မခ်ည္းပဲဆိုင္ထိုင္ေနရတာ….အေညာင္းေတြလည္းမိပါတယ္ ဆရာမရယ္….
ကြၽန္မ – ဟုတ္တယ္အမ…အခုအမဝမ္းခ်ဳပ္ေနတာအမရဲ႕ေနထိုင္မႈႈပံုစံမမွန္လို႔ျဖစ္ရတာပါ…..အထိုင္မ်ားၿပီး ကိုယ္လက္လႈပ္႐ွားမႈနည္းတယ္….အသီးအရြက္အစားနည္းတယ္….အိမ္သာသြားခ်င္တာကို ေအာင့္ထားတာေတြ အဓိကက အဲ့ဒါေတြေၾကာင့္ေပါ့…
လူနာ – ဟုတ္ကဲ့ဆရာမ။အဲ့လိုဆို ကြၽန္မဘယ္လိုလုပ္သင့္လဲ?
ကြၽန္မ – အမလုပ္ရမွာေတြက ေရမ်ားမ်ားေသာက္ေပး…မ်ားမ်ားဆိုတာတစ္ေန႔ကို အနည္းဆံုးေရ ၂လီတာေသာက္ေပး…ေရသန္႔ဘူးအႀကီးႏွစ္ဘူးစာေပါ့..ေနာက္ အသီးမရြက္မ်ားမ်ားစား….အိမ္သာသြားခ်င္ရင္ ထသြားလိုက္…ေအာင့္မထားနဲ႔…ေနာက္ၿပီး ခႏၶာကိုယ္လႈပ္လႈပ္႐ွား႐ွားေန…လမ္းေလ်ွာက္တာတို႔…
ေသြးပူေလ့က်င့္ခန္းတို႔လုပ္ေပး…အခုညေသာက္ဖို႔ ကြၽန္မဝမ္းေပ်ာ့ေဆးထည့္ေပးလိုက္မယ္….ဒီညေသာက္လိုက္…
လူနာ – ဟုတ္ကဲ့ဆရာမ
ကြၽန္မ – ကြၽန္မခုနကေျပာတဲ့အတိုင္း ေနထိုင္စားေသာက္မယ္ဆိုရင္ေနာက္တစ္ပတ္ႏွစ္ပတ္ေလာက္ေနရင္သူ႔ဟာသူဝမ္းကပံုမွန္ျပန္ျဖစ္လာလိမ့္မယ္။အဲ ….တကယ္လို႔ ႏွစ္ပတ္ေလာက္ေနလို႔မွ ဝမ္းကခ်ဳပ္ျမဲခ်ဳပ္ေနတယ္ဆိုရင္ေတာ့ ကြၽန္မဆီျပန္လာျပလွည့္….
လူနာ – ဟုတ္ကဲ့ပါဆရာမ….ကြၽန္မ ဆရာမေျပာသလိုေသခ်ာလိုက္လုပ္ၾကည့္လိုက္ပါမယ္…ခြင့္ျပဳပါဦးဆရာမ။
ေမ (ေဆး ၂)