ခြေသလုံးပေါ်ပြေးပြေးတက်တဲ့ကြွက်

ကြွက်တက်တယ်ဆိုတာဘာလဲ

ကြွက်တက်တယ်ဆိုတာဟာ ခန္ဓာကိုယ်ရှိကြွက်သား (များသောအားဖြင့် ခြေသလုံးကြွက်သား) ဟာ ရုတ်တရက်တောင့်တင်းလာပြီး ကြွက်သားတွေညှစ်တဲ့အတွက် နာကျင်တဲ့ဝေဒနာကိုခံစားလာရခြင်းဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ အိပ်နေလျက်နဲ့ပင် ကြွက်တက်နိုင်ပါတယ်။

ဘယ်လိုအကြောင်းတွေကြောင့် ကြွက်တက်ရသလဲ?

ကြွက်တက်စေတဲ့ အဓိကအကြောင်းရင်းတွေကတော့

၁။ ကြွက်သားများကို အဆမတန်ခိုင်းစေခြင်း၊ ကြွက်သားဒဏ်ရာရခြင်း။

၂။ ကိုယ်ဝန်ဆောင်စဉ်မှာ ခန္ဓာကိုယ်တွင်းရှိသတ္တုဓာတ်ပမာဏ နည်းပါးခြင်း

၃။ အလွန်အေးသောနေရာ သို့မဟုတ် ရေအေးထဲတွင် အကြာကြီးစိမ်နေခြင်း

၄။ မတ်လျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ အချိန်ကြာမြင့်စွား မလှုပ်မယှက် နေခြင်း

၅။ ရေဓာတ်နှင့် ဆားဓာတ်ခန်းခြောက်ခြင်း စတဲ့အချက်တွေကြောင့်ဖြစ်ပါတယ်။

ကြွက်တက်လာရင် ဘယ်လိုသက်သာအောင်လုပ်ကြမလဲ?

ကြွက်တက်တာဟာ ကြွက်သားတွေ ကျုံ့ပြီးညှစ်ထားတာကြောင့် ဖြစ်ရတဲ့အတွက် ဒီကြွက်သားတွေပြန်ပြီး ဆန့်သွားပျော့သွားဖို့လုပ်ဆောင်ရပါမယ်။

– ကြွက်သားများကိုနှိပ်နယ်ပေးပါ။ ကြွက်တက်သည့်ဘက်နှင့်ဆန့်ကျင်ဘက်သို့ လက်နှင့်ဆွဲကာဖိပေးပါ။

– ကြွက်တက်သည့်ကြွက်သားပေါ်ကို ရေနွေးအိတ်ကပ်ပေးပါ။ နွေးရုံဆိုရပါပြီ။ တအားပူပါက အရေပြားအပူလောင်သွားမှာကိုလည်းစိုးရပါတယ်။

– ရေများများသောက်ပါ။ ချွေးထွက်များပြီး ကြွက်တက်ခြင်းဆိုပါက ဓာတ်ဆားသောက်ခြင်းဖြင့် ရေနှင့်ဆားဓာတ်ကိုပြန်ဖြည့်ပါ။

ကြွက်တက်ခြင်းကို ဘယ်လိုကာကွယ်မလဲ?

– ရေများများသောက်ပါ။ ချွေးထွက်များသောအခါ ကော်ဖီ၊ လက်ဘက်ရည် စသော ကဖင်းဓာတ်များသော အစားအသောက်များကိုရှောင်ကျဉ်ပါ။

– ကိုယ်ဝန်ဆောင်များအနေဖြင့် သာမာန်ချိန်ထက် သတ္တုဓာတ်မညီမျှခြင်း ပို၍ဖြစ်နိုင်သောကြောင့် ပိုတက်စီယမ်၊ ကယ်စီယမ်ပါသောအစားအစာများကိုစားသုံးပေးပါ။ (နွားနို့၊ လတ်ဆတ်သော အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ)

– အလွန်အေးသောနေရာများတွင် ပုံစံမပြောင်းဘဲ အချိန်ကြာကြာ ရပ်ခြင်း၊ထိုင်ခြင်း ကိုရှောင်ကျဉ်ပါ။

– ကြွက်တက်တတ်သည့်အကျင့်ရှိပါက လေ့ကျင့်ခန်းလုပ်သည့်အနေဖြင့် အညောင်းဆန့်ခြင်း၊ ကြွက်သားများကို အကွေးအဆန့် လေ့ကျင့်လုပ်ပေးခြင်း

စသည်တို့ဖြင့် ကာကွယ်နိုင်ပါသည်။

မေတ္တာဖြင့်

စိုင်းမြတ်သူ

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ခုခံအားအမြန်ဆုံးတက်စေမယ့် အစားအသောက်(၁၀)မျိုး - Resistance Foods

1 Mins read
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကို အမြန်ဆုံးပြန်လည်မြှင့်တင်ပေးနိုင်မယ့် အစားအသောက်များ (Resistance Foods) တွေကတော့… (1)ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဆိုတဲ့ဒြပ်ပေါင်းဟာ ကူးစက်ရောဂါများနဲ့ ဘက်တီးရီးယားအချို့ကိုတိုက်ဖျက်နိုင်ပါတယ်။ (2)ချင်း ချင်းမှာပါဝင်တဲ့ Gingerol လို့ခေါ်တဲ့ဒြပ်ပေါင်းကတော့ ရောင်ရမ်းမှုကိုသက်သာစေပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများပါဝင်ပါတယ်။ (3)ချဉ်သောအသီး Vitamin…

Leave a Reply

Your email address will not be published. Required fields are marked *