မေ့မေ့မှတ်စု (၅) နို့သီးခေါင်းကွဲခြင်း
ကလေးကို နို့တိုက်ချိန်တွင် နို့သီးခေါင်းမှ နာခြင်း၊ ကလေးနို့စို့လိုက်ချိန်တွင် နို့သီးခေါင်းမှ စူးလာသော ခံစားချက်ဖြစ်ပေါ်နေပါက ဤ သည်မှာ နို့သီးခေါင်းကွဲခြင်း၏ အစ ဖြစ်ပါသည်။ နောက်ပိုင်းတွင်မူ အလွန်အမင်း နာကျင်ခြင်း၊ သွေးထွက်ခြင်း ခံစားရနိုင်ပါသည်။ အဖြစ်များသော ပြသနာတစ်ခုဖြစ်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်း
နို့တိုက်ပုံ အနေအထား မမှန်ခြင်း၊ နို့ထွက်များ၍ နို့တင်းခြင်း၊ နို့တိုက်ပြီးချိန်တွင် နို့သီးခေါင်းခြောက်အောင်မသုတ်ခြင်း
ကာကွယ်ရန်မှာ
ကလေးကို နို့တိုက်ရာတွင် အနေအထားမှန်ကန်စွာ ဖြင့်တိုက်နိုင်ပါသည်။ မှန်ကန်သော နေအထားမှာ ကလေးအားရင်ဘက်ခြင်းကပ်၍ တိုက်ခြင်း၊ ကလေးကို နို့သီးခေါင်းတစ်ခုလုံး ငုံမိအောင်တိုင်ခြင်း ဖြစ်ပါသည်။
သက်သာစေရန်မှာ
မနာသောဘက်နှင့် အရင်တိုက်ခြင်း၊ နို့မတိုင်ခင် နို့တင်းခြင်းသက်သာအောင် အရင် ညှစ်ခြင်း၊ အရမ်းစူး၍ နာကျင်လျှင် ခဏတာ နို့သီးခေါင်းညင်သာစွာဖြုတ်၍ အနေအထားမှန်အောင် ပြန်ထားခြင်း၊ ရေခဲကပ်ခြင်း၊ အလွန်နာကျင်ပါက PARACETAMOLကဲ့သို့ အနာသက်သာပျောက်စေးတို့ သောက်သုံးနိုင်ပါသည်။
ရှောင်ရန်မှာ
အရေပြားခြောက်စေသော အရက်ပြန်၊ ဆပ်ပြာ သုံးခြင်း၊ အရေပြား အစိုဖြည့်သော ဓာတုပစ္စည်းများစွာပါသော ခရမ် လိမ်းခြင်း၊ ညဘက် အတွင်းခံ ဝတ်အိပ်ခြင်းတို့ဖြစ်ပါသည်။
မယ်တင် (ဆေး ၁)