ခြေဖနောင့်ကွဲခြင်းမှ သက်သာစေဖို့ရာ

ဒီခေတ်ကြီးမှာ နေ့ဓဒူဝ လှုပ်ရှားသွားနေကြရတဲ့ လူသားတွေအဖို့… ကျန်းမာရေးကိုသေချာ ဂရုစိုက်ဖို့ရာ လိုအပ်ပါတယ်.. ဒီလိုသွားလာနေရတဲ့ထဲမှ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်း ထိခိုက် ဒဏ်ရာရတဲ့အခါမှာ နှောင့်နှေးတာတို့၊ အလုပ်မဖြစ်လိုက်တာတို့ ရှိတတ်ပါတယ်… accident ကြောင့် ဖြစ်စေ၊ ရာသီဥတုကြောင့် ဖြစ်စေ ဘယ်သူမှ ရောဂါ ဒဏ်ရာတစ်ခုခု ရချင်ကြမှာ မဟုတ်ပါဘူး..

ဒီထဲကမှ ခု ဆောင်းရာသီတွင်းဆိုတော့ကာ.. အရေပြား ခြောက်သွေ့မှု ပိုများစေပြီး စိတ်အနှောက်အယှက် ဖြစ်စေတဲ့ “ဖနောင့်ကွဲနာ cracked heel” အကြောင်းကို ပြောချင်ပါတယ်…

ခြေဖနောင့်ကွဲခြင်းဟာ ဒီလို ခြောက်သွေ့ချမ်းအေးတဲ့ ရာသီဥတုမျိုးမှာမှ မဟုတ်ပဲ…

– တနေကုန် အကြာကြီးရပ်ရတဲ့သူမျိုးတွေ

– အဝလွန်သူတွေ

– လမ်းကြမ်းခရီးကြမ်း လမ်းလျှောက်ရသူတွေ

– ဖိနပ် မတော်ပဲ စီးမိသူတွေ၊ ဖိနပ်နောက်အပွင့်စီးသူ တွေမှာလည်း ကြုံတွေ့ရတတ်ပါတယ်…

ဒါ့ပြင် အရေပြားနဲ့ ပတ်သတ်ပြီး ရောဂါပြသနာရှိသူတွေနဲ့.. ဆီးချိုရောဂါ ရှိသူတွေမှာလည်း ပိုတွေ့ရနိုင်ပါတယ်…

ဒီတော့ကာ ဖနှောင့်ကွဲခြင်း သက်သာဖို့ ဘာတွေ လုပ်ကြမလဲ ?

– ဆောင်းတွင်း အေးလို့ ရေနွေးနှင့်ချိုးရာမှာ အရမ်းပူနွေးတဲ့ ရေမျိုးနဲ့ မချိုးပါနဲ့

– ရေချိုးချိန်မကြာပါစေနဲ့

– သေချာခြောက်သွေ့အောင် သုတ်ပါ

– ချိုးပြီးချင်း moisturizer(အလှဆီ) လိမ်းပေးပါ

– ခြေဖနောင့်ကွဲဒဏ်ရာတွေ သက်သာစေတဲ့ လိမ်းဆေးအလှဆီတွေ အများကြီး ထွက်ပေါ်နေပါပြီ.. ဒါကြောင့် မိမိနဲ့ သင့်လျော်မယ့် အရာကို ရွေးချယ်လိမ်းလို့ရပါတယ်..

– တချို့ဆပ်ပြာထဲမှာပါတဲ့ alcohol၊ အမွှေးနံ့ နဲ့ တချို့ ပါဝင်ပစ္စည်းတွေဟာ အရေပြားကို ပိုကြမ်းပြီး ဖနှောင့်ကွဲခြင်းကို ပိုဆိုးစေနိုင်တာမို့ အရေပြားကို နူးညံ့စေဖို့ ထုတ်ထားတဲ့ ပစ္စည်းတွေကို ရွေးချယ်သုံးသင့်ပါတယ်..

– အနောက်အပိတ်ပါတဲ့ ဖိနပ်တွေကို ရွေးချယ်စီးသင့်ပါတယ်.. cotton ခြေအိတ်လေးတွေ ဝတ်ပြီး စီးရင် ပိုသင့်တော်ပါတယ်.. ဒါပြင် မိမိမှာ ခြေဖနောင့်ကွဲနာ ရှိခဲ့ပါက ဖုံတွေ ၊ ကြမ်းပြင်တွေမှ တဆင့် ရောဂါပိုးမဝင့်စေဖို့ရာ ကာကွယ်ပြီးသားလဲ ဖြစ်ပါတယ်…

ဒါပြင်

– Dead skin ခေါ် အရေပြားတဝိုက်မှ မလိုအပ်သောအရာတွေ ဖယ်ခြင်း

– ပိုမို ကောင်းမွန်တဲ့ အသားအရည်ထိန်းသိမ်း ပစ္စည်း ၊ အလှဆီ သုံးခြင်း

– အနာကွဲကြောင်းကို medical glue ဖြင့် ကပ်ခြင်း

– အနာတဝိုက် ရောဂါပိုးဝင်နေပါက သင့်လျော်သော ပိုးသတ်ဆေး သောက်ခြင်း

– bandage ၊ ပလာစတာ ဖြင့် အုပ်ကာခြင်း

– heel pads or cup( ဖိနပ်တွင်း ခြေဖနောင့်နာ သက်သာစေသော ပစ္စည်းများ )အသုံးပြုခြင်း တို့ ပြုလုပ်နိုင်ပါတယ်…

ခြောက်သွေ့ချမ်းအေးတဲ့ ဆောင်းရာသီမှာ နွေးနွေးထွေးထွေး နေနိုင်ကြပြီး ရောဂါ အနာတရ ကင်းဝေးကြပါစေလို့ တောင်းဆု မေတ္တာ ပြုလျက်….

ပိုင်နီမောင်






– အဝလွန်​သူ​တွေ





– ​ဆောင်းတွင်း​ ​အေးလို့ေ​ရ​နွေးနှင့်​ချိုးရာမှာ အရမ်းပူ​နွေးတဲ့ ​ရေမျိုးနဲ့ မချိုးပါနဲ့







ဒါပြင်








ပိုင်​နီ​မောင်

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ဒေါက်ဖိနပ် အမြဲစီးသူတို့ သိထားသင့်သောအရာများ

1 Mins read
သင်ဟာ ဒေါက်ဖိနပ် အမြဲစီးတတ်တဲ့သူတစ်ယောက်ဆိုရင် သက်တောင့်သက်သာဖြစ်ရေး၊ ဘေးကင်းမှုနဲ့ ကျန်းမာ ရေးအတွက် သင်သိထားသင့်တဲ့ အရေးကြီးအချက်တွေရှိပါတယ်။ ဒေါက်ဖိနပ်စီးခြင်းဟာ အရပ် ရှည်သွားစေ ခြင်း၊ စမတ်ကျခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေခြင်း၊ ဆွဲဆောင်မှုရှိစေခြင်း စတဲ့အချက်တွေကြောင့် စီးလေ့ ရှိကြပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

လတ်ဆတ်တဲ့ အသား နဲ့အသားခြောက် တို့မှာကွာခြားချက်ရှိနေလား

1 Mins read
အသား လတ်လတ်ဆတ်ဆတ်နဲ့ အသားခြောက်တို့ကြား သိသာထင်ရှားတဲ့ ကွာခြားချက်ရှိပါတယ်။ အစိုဓာတ် ပါဝင်မှု၊ လျှာပေါ်မှာထိတွေ့ခံစားရတဲ့ အနေအထား၊ ထိန်းသိမ်းမှုနည်းလမ်းများနှင့် ချက်ပြုတ်တဲ့ နည်းလမ်းများမှာ ကွာခြားမှုတွေ ရှိပါတယ်။ အစိုဓာတ်ပါဝင်မှု- လက်ဆတ်တဲ့အသားနဲ့ အသားခြောက်တို့ကြား အဓိကကွာခြားချက်မှာ အစိုဓာတ် ပါဝင်မှုပဲ ဖြစ်ပါတယ်။ လတ်ဆတ်သောအသားတွေမှာ…