Covid19 တတိယလှိုင်းနဲ့ လက္ခဏာရပ်များ
Covid19နဲ့တတိယလှိုင်းအန္တရာယ်ကတော့လက်ရှိမှာတကမ္ဘာလုံးကိုခြိမ်းခြောက်မှုရှိနေပြီး တချို့နိုင်ငံတွေမှာ ဆိုရင်တော့ စတုတ္ထလှိုင်းဆီကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။
နိုင်ငံတကာမှာ Covid-19 တတိယလှိုင်းနဲ့အတူ ကိုရိုနာမျိုးကွဲသစ်ပေါ်ထွက်လာတဲ့အတွက် စိုးရိမ်ပူပန်မှုများလည်းမြင့်တက်လာခဲ့ပါတယ်။
ကာကွယ်ဆေးထိုးမှုတွေကိုအစဉ်တစိုက်နဲ့အရှိန်တိုးမြှင့်ဖို့ကြိုစားနေချိန်မှာ တတိယလှိုင်းနဲ့အတူ သဘာဝတိုင်းပြောင်းလဲသွားတဲ့ မျိုးကွဲသစ်ပေါ်လာတာဖြစ်ပါတယ် တတိယလှိုင်းဖြစ်ပေါ်လာတဲ့အခါ မတူညီတဲ့အခြေအနေတွေရှိလို့နေပါတယ် လူတွေရဲ့နေထိုင်သွားလာမှုပေါ့ဆတာတွေ သတိလက်လွတ်ဖြစ်တာတွေက ဒီပိုးကိုထပ်မံအနိုင်ရစေဖို့ရာအခွင့်အရေးပေးသလိုဖြစ်လို့နေပါတယ် အခုလိုမျိုးရိုးဗီဇကွဲအသစ်ကပိုမိုကူးစက်မြန်တာကြောင့် ပြန်ပြီးလေ့လာသုံးသပ်နေရတဲ့ အခြေအနေမှာလည်း ရှိလို့နေပါတယ်
ဒီဗီဇပိုးပြောင်းလဲသွားတဲ့ covid19 မျိုးကွဲသစ်ရဲ့ ပြင်းထန်မှုအခြေအနေကိုလည်းမသိကြသေးသလို ထိုးထားပြီးတဲ့ကာကွယ်ဆေးတွေကအပြည့်အဝကာကွယ်ပေးနိုင်မလားဆိုတာကလည်းလေ့လာနေဆဲ ဖြစ်ပါတယ် လက်ရှိမှာ ကာကွယ်ဆေးထိုးနှံကြမယ့်လူဦးရေဆီကို အပြည့်အဝထုတ်လုပ်ပေးနိုင်ခြင်းလည်းမရှိသေးသလိုဆေးဝါးအမယ်ကလည်း နည်းပါးလို့နေပါသေးတယ်။
Covid19တတိယလှိုင်းကိုကာကွယ်ဖို့ရာ အကောင်းဆုံးနည်းလမ်းကတော့ အရင်ကလုပ်ဆောင်ခဲ့သလိုပဲ စက္ကန့်၂ဝကြာ စနစ်တကျ လက်ဆေးခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်း၊ Maskတပ်ခြင်း၊ လူနေထူထပ်ရာနေရာတွေကို ရှောင်ကြဉ်ခြင်း၊ အာဟာရပြည့်ဝစွာစားသုံးခြင်း စတဲ့နည်းလမ်းတွေက စိတ်ချရမှုအရှိဆုံး နည်းလမ်းတွေဖြစ်လို့နေပါသေးတယ်။
ဖြစ်ပွားမှုများတဲ့နိုင်ငံကြီးတွေအနေနဲ့တော့ လူနေထူထပ်တဲ့နေရာတွေဆိုင်တွေကို ကန့်သတ်တာ ခရီးသွားလာခွင့် ပိတ်ပင်တာ အိမ်ထဲမှာပဲ နေဖို့သတိပေးတာမျိုးတွေနဲ့လုပ်ဆောင်ကြပါတယ်။
ဂျပန်နိုင်ငံမှာ ပထမလှိုင်းတုန်းကအသက်ရဝကျော်အရွယ်တွေမှာကူးစက်မှု ဖြစ်ပွားခဲ့ပြီး ဒုတိယလှိုင်းမှာတော့ အသက်၂ဝနဲ့၃ဝကြားလူငယ်တွေမှာပါကူးစက်လာခဲ့ပါတယ် ။ တတိယလှိုင်းမှာတော့ အရင်အခြေအနေတွေနဲ့ မတူဘဲ ပိုမိုရှုပ်ထွေးပြီး နေရာအနှံ့ကူးစက်လာတယ်လို့ဆိုပါတယ်။
ဂျပန်နဲ့တောင်ကိုရီးယားမှာဖြစ်ပေါ်ခဲ့တဲ့covid19တတိယလှိုင်းမှာဆိုရင်တော့လက္ခဏာမပြဘဲကူးစက်သူတွေ
များလာခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာစတုတ္ထလှိုင်းအထိပြန့်နှံ့နေပြီလို့လည်းကမ္ဘာ့သတင်းတွေမှာဖော်ပြကြပါတယ်။
Covid19ဟာအချိန်တိုအတွင်းတော့ထွက်သွားဦးမှာမဟုတ်ဘူးလို့WHOရဲ့ဥရောပဆိုင်ရာအကြီးအကဲ ဒေါက်တာ Hans Kluge က ပြောကြားထားပါတယ်။
မြန်မာနိုင်ငံမှာလည်းအိမ်နီးချင်းနိုင်ငံတွေမှာ covid19တတိယလှိုင်းဒဏ်ကိုခံစားနေရပြီဖြစ်ပြီး ကုသဆေးဆိုတာ မပေါ်သေးတာမို့ မြန်မာနိုင်ငံအနေနဲ့လည်းသတိထားနေသေးဖို့လိုပါသေးတယ်။
Covid19ဖြစ်ပွားခဲ့ဖူးသူတွေအနေနဲ့လည်း နောက်တခေါက်မဖြစ်နိုင်ဘူးလို့ အာမခံချက်မရှိတာမို့ မဖြစ်သေးသူတွေအပြင် ဖြစ်ပွားဖူးသူတွေကလည်းအမြဲသတိထားသင့်ပါတယ်။
ဒေါက်တာနိုင်းဆေး(၁)