Covid19 and home care

Covid19နှင့် အိမ်တွင်းစောင့်ရှောက်မှုများ

COVID-19 ရှိသူနှင့်ထိတွေ့မိပြီး မိမိကိုယ်ကိုသံသယရှိတယ်ဆိုရင်တော့ ဒီအချက်လေးတွေကိုလုပ်ဆောင်ပေးလို့ရပါတယ်

ဘယ်နေ့ဘယ်အချိန်မှာ စစ်ဆေးမှုပြုလုပ်ရမလဲ ဆိုတာကိုသိရှိစေဖို့ သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်ပေးရာနေရာများ (သို့မဟုတ)် COVID-19 hotline သို့ခေါ်ဆိုပေးပါ

ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုရပ်တန့်ဖို့ရာအတွက်အဆက်အသွယ်ရှာဖွေတဲ့ လုပ်ထုံးလုပ်နည်းများနဲ့ ပူးပေါင်း ဆောင်ရွက်ပါ။

Covid19 Test စစ်ဆေးလို့မရသေးပါက  ၁၄ ရက်ကြာအိမ်မှာနေပြီး အခြားသူများနဲ့ဝေးဝေးနေပါ။

မိမိအနေနဲ့ အိမ် (သို့) Quarantine Center မှာ ရှိနေစဉ် လိုအပ်တဲ့ပစ္စည်းများကို အခန်းပြင်ပတွင်သာထားရှိခိုင်းပြီး ကိုယ်တိုင်ထွက်ယူပါ။

အခြားသူများကိုကာကွယ်ရန် နှာခေါင်းစီးMask များကိုဝတ်ဆင်ပါ။ လက်များကိုမကြာခဏဆေးကြောပါ။

အစားအသောက်များကို ရှောင်ရှားခြင်းထက် အသီးအရွက်အသားငါးစုံလင်စွာနဲ့ အာဟာရပြည့်ဝစွာစားသုံးပေးပါ။

 မိသားစုဝင်များနဲ့တစ်အိမ်ထဲတွင်ရှိနေပါကမိသားစုဝင်များကိုလည်း နှာခေါင်းစီး Mask ဝင်ဆင်ဖို့ပြောပါ။

လေဝင်လေထွက်ကောင်းတဲ့အခန်းမှာနေထိုင်ပါ။

အောက်ဆီဂျင် တိုင်းတာခြင်းကို နေ့စဉ်လုပ်ဆောင်ပေးပါ။

အသက်ရှူရခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်ပူခြင်း၊ အားနည်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် ရင်ဘတ်အောင့်ခြင်းများ ဖြစ်ပါကသက်ဆိုင်ရာကျန်းမာရေးတာဝန်ခံများထံကိုဆက်သွယ်ပါ။

 စိတ်ပိုင်းဆိုင်ရာများကိုတိုးမြှင့်နိုင်စေဖို့တရားထိုင်ခြင်းနဲ့ မိသားစု သူငယ်ချင်း ချစ်သူခင်သူများနဲ့ အွန်လိုင်းကနေစကားပြောပေးပါ

မိမိနှစ်သက်ရာစာအုပ်လေးတွေဖတ်တာ ရုပ်ရှင်ဇာတ်လမ်းတွေကြည့်တာမျိုးလုပ်ဆောင်ပေးပါ။

ဒေါက်တာနိုင်းဆေး(၁)

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…