Covid-19 နဲ့ ရာသီတုပ်ကွေးရဲ့ သတိပြုစရာ တူညီချက် ခြားနားချက်များ….
ယခုလတ်တလော တစ်ကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့ Covid-19 ကပ်ရောဂါနဲ့ ရာသီတုပ်ကွေးရောဂါ ၂ ခုလုံးဟာ လေကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေဖြစ်လို့ တူညီတဲ့အချက်တွေရှိကြသလို ခြားနာချက်တွေလည်းများစွာရှိပါတယ်။
တူညီတဲ့အချက်တွေကတော့ ……
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေမို့လို့ ရောဂါပိုးရှိတဲ့ droplets တွေပါဝင်တဲ့လေကိုရှူရှိုက်မိတဲ့အခါ ရောဂါပိုးရှိသူရဲ့ secretions တွေကိုကိုင်တွယ်မိတဲ့အခါ ကူးစက်တတ်ပြီး ၂ ခုလုံးကို လူစုလူဝေးကိုရှောင်တာ၊ Mask တပ်တာ၊ တစ်ခုခုကိုကိုင်တွယ်ပြီးတဲ့အခါ လက်ကိုဆပ်ပြာနဲ့ဆေးကြောတာတွေနဲ့ ကာကွယ်လို့ရပါတယ်။ ၂ ခုစလုံးရဲ့ ရောဂါအခြေအနေကလည်း ရောဂါလက္ခဏာမပြတာ(သို့) အပျော့စားအခြေအနေကနေ ရောဂါလက္ခဏာအပြင်းထန်အဆိုးရွားဆုံးထိဖြစ်ပြီး သေဆုံးတဲ့ထိဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ဆိုရင်လည်း…..
ဖျားတာ၊ နှာစေးတာ
ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်ခဲတာ
ခေါင်းကိုက်တာ၊နုံးတာ
လည်ချောင်းနာတာတွေနဲ့လာနိုင်ပြီး ၂ ခုလုံးမှာ ပျို့အန်တာ၊ ဝမ်းသွားတာတွေဖြစ်နိုင်ပေမယ့် ရာသီတုပ်ကွေးမှာတော့ ကလေးတွေမှာပိုဖြစ်တတ်တယ်။ဒါတွေဟာ တူညီတဲ့အချက်တွေပါ……။
မတူညီတဲ့အချက် ခြားနားချက်တွေပြောရမယ်ဆိုရင်……
❌ Covid-19 မှာ အသက်ရှူရခက်တာ၊ကြပ်တာတွေ၊အနံ့၊အရသာ မရတဲ့လက္ခဏာရှိတတ်ပြီး ရာသီတုပ်ကွေးမှာတော့ အဲ့လိုမဖြစ်တတ်ပါဘူး။
❌ ရာသီတုပ်ကွေးဟာ Covid-19 ထက် တစ်ဦးဆီကနေ တစ်ဦးကူးစက်မှုနှုန်းပိုမြန်တတ်သလို ရောဂါလက္ခဏာစတင်ပြသချိန်ဟာလည်း ပိုမြန်တတ်ပါတယ်။
❌ ရာသီတုပ်ကွေးဟာ ကလေးတွေမှာပိုဖြစ်ပွားတတ်ပြီး Covid-19 ကတော့ အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။
❌ Covid-19 ရောဂါမှာ 80% က ရောဂါလက္ခဏာမပြတာ(သို့) အပျော့စားအခြေအနေ၊ 15% က အရမ်းဆိုးရွားတဲ့အခြေအနေ၊ 5 % က အရေးပေါ်အခြေအနေနဲ့ အသက်ရှူစက်တပ်ရလောက်တဲ့ထိဖြစ်တတ်ပြီး ရာသီတုပ်ကွေးမှာတော့ အရမ်းဆိုးရွားတဲ့အခြေအနေနဲ့ အရေးပေါ်အခြေအနေက Covid မှာဖြစ်တဲ့ရာခိုင်နှုန်းပိုပြီးများတတ်ပါတယ်။
❌ ရာသီတုပ်ကွေးအပြင်းစားဟာ ကလေး၊ ကိုယ်ဝန်ဆောင်သည်၊ ကိုယ်ခံအားမကောင်းသူ၊ အသက်အရွယ်ကြီးသူ၊ နာတာရှည်ရောဂါရှိသူတွေမှာပိုပြီးဖြစ်လေ့ရှိပြီး Covid-19 အပြင်းစားကတော့ အသက်အရွယ်ကြီးသူနဲ့နာတာရှည် ရောဂါအခံရှိသူတွေမှာပိုပြီးဖြစ်တတ်ပါတယ်။
❌ ရာသီတုပ်ကွေးအတွက်ကတော့ ကာကွယ်ဆေးနဲ့ကုသဆေးတွေရှာတွေ့ပြီးပြီဖြစ်ပြီး Covid-19 အတွက်ကတော့ ယခုထိကာကွယ်ဆေး၊ကုသဆေးမရှိသေးပါဘူး။
❌ သေဆုံးနှုန်းကလည်း ရာသီတုပ်ကွေးထက်စာရင် Covid-19 ကပိုပြီးမြင့်ပါတယ်။
ဒေါက်တာသက်လွှာ