All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Covid-19 ကပ်ရောဂါ၏ကြောက်မက်ဖွယ်ရာ နောက်ဆက်တွဲဆိုးကျိုးများ…..

1 Mins read
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Covid-19 ကပ်ရောဂါ၏ကြောက်မက်ဖွယ်ရာ နောက်ဆက်တွဲဆိုးကျိုးများ…..

1 Mins read

Covid-19 ကပ်ရောဂါ၏ကြောက်မက်ဖွယ်ရာ နောက်ဆက်တွဲဆိုးကျိုးများ…..


ကမ္ဘာတစ်လွှမ်းမှာဖြစ်ပွားနေတဲ့ Covid-19 ကပ်ရောဂါပိုးဟာ မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့တာ လပေါင်းအတော်ကြာပါပြီ။ 1st wave ဖြစ်ပွားစဥ်တုန်းက အကုန်လုံး  Fever clinic တွေနဲ့ရော၊ Lockdown နဲ့ရောထိန်းချုပ်ခဲ့လို့ အတော်ထိန်းချုပ်နိုင်ခဲ့ပြီး ပိုးတွေ့လူနာမတွေ့တော့တဲ့ရက်တွေတောင်ရှိခဲ့ပေမယ့် ယခု 2nd wave ဖြစ်ပွားလာတဲ့အချိန်မှာတော့ ဗီဇပြောင်းလဲလာပြီးကူးစက်မြန်လာတဲ့ရောဂါပိုးကြောင့်ရယ်လူစုလူဝေးတွေကြောင့်ရယ် ကူးစက်ခံသူရနှုန်းဟာ တစ်နေ့ကို ရာကျော်နီးပါးရှိလာပြီး ယခုဆိုမြန်မာနိုင်ငံမှာ ကူးစက်သူဦးရေ ထောင်ကျော်နေပြီပဲဖြစ်ပါတယ်။ ကူးစက်နှုန်းဟာ မြန်ဆန်လာသလို သေဆုံးနှုန်းတွေလဲ အရင်ကထက်ပိုမြင့်လာပါတယ်။ ထို့ပြင် အရင်က နာတာရှည်ရောဂါတွေရှိမှ သေဆုံးနိုင်ချေမြင့်မားတတ်တဲ့ Covid-19 ဟာ ယခုဆိုရင် ရောဂါအခံမရှိလည်း သေဆုံးလာတာတွေကိုတွေ့လာရပါပြီ။ အဓိကကတော့ Covid ရဲ့ ဆိုးရွားလွန်းတဲ့နောက်ဆက်တွဲရောဂါတွေကြောင့်ပါပဲ။

Covid-19 ရောဂါပိုးဟာ အဆုတ်ရောင် ရောဂါကိုဖြစ်ပွားစေတတ်ပြီးအဆုတ်လေအိတ်တွေကိုပါရောင်ရမ်းမှုတွေဖြစ်စေပါတယ်။ထို့ပြင် အဆုတ်လေအိတ်ထဲမှာ အရည်တွေ၊ပြည်တွေ၊ ဆဲလ်အသေတွေပါပြည့်နှက်နေစေတဲ့အတွက် လိုအပ်တဲ့ အောက်စီဂျင်ကိုမရရှိဘဲ အသက်ရှူရခက်တာမျိုးတွေဖြစ်လာစေပါတယ်။ထို့ပြင် ကြားခံအရည်တွေကြောင့် အောက်စီဂျင်ဟာ သွေးထဲကိုမရောက်ရှိနိုင်ပဲ ARDS လို့ခေါ်တဲ့ အသက်ရှူရအရမ်းခက်ခဲတဲ့ရောဂါမျိုးတွေထိ ဖြစ်တတ်ပြီး အဆုတ်ကလုံးဝအလုပ်မလုပ်တော့တဲ့အခါအသက်ရှူစက်တပ်ရလောက်တဲ့ ထိဆိုးရွားတာမျိုးဖြစ်တတ်ပါတယ်။ အသည်းကိုလည်း အလုပ်မလုပ်နိုင်တော့တဲ့အထိ ထိခိုက်ပျက်စီးစေတတ်တဲ့အပြင် နှလုံးကြွက်သားတွေကိုလည်းထိခိုက်ပျက်စီးစေတဲ့အတွက် နှလုံးခုန်နှုန်းတွေအရမ်းမြန်လာပြီးသေဆုံးတာထိဖြစ်နိုင်သလို နောက်ပိုင်း နှလုံးရောဂါတွေရတာ၊ နှလုံးကောင်းကောင်းအလုပ်မလုပ်တော့တာတွေထိဖြစ်နိုင်ပါတယ်။ ထို့ပြင် ကျောက်ကပ်ရဲ့လုပ်ဆောင်မှုတွေကိုလည်းထိခိုက်နိုင်တဲ့အတွက် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်တာ၊ ကျောက်ကပ်ဆေးရတာတွေထိဖြစ်တတ်ပါတယ်။ Covid-19 ရောဂါခံစားနေရတုန်းမှာ တခြားရောဂါပိုးတွေလည်းဝင်ရောက်နိုင်ရုံသာမက ခန္တာကိုယ်ရဲ့ကိုယ်တွင်းအင်္ဂါတွေပျက်စီးပြီး သွေးပေါင်အလွန်အမင်းကျဆင်းကာ သွေးလန့်သေဆုံးတာမျိုးတွေထိကိုဖြစ်တတ်ပါတယ်။

Covid-19 ရောဂါပိုးဟာ ခန္တာကိုယ်က သွေးကြောတွေမှာ သွေးခဲတာတွေကိုဖြစ်ပေါ်စေပြီး DVT လို့ခေါ်တဲ့ ခြေထောက်သွေးပြန်ကြောအတွင်းသွေးခဲတာ၊ ဦးနှောက်သွေးခဲတာတွေအပြင် နှလုံးသွေးကြောပိတ်တာ၊ အဆုတ်သွေးကြောပိတ်တာတွေကိုပါဖြစ်ပွားစေတတ်ပါတယ်။ ဒီသွေးခဲတာဟာသေဆုံးနှုန်းများပြားစေတဲ့ထဲမှာ အဖြစ်များတဲ့နောက်ဆက်တွဲဆိုးကျိုးတစ်မျိုးပါပဲ။ထို့ပြင် ဦးနှောက်နဲ့အာရုံကြောကိုထိခိုက်လို့ လေဖြတ်တာ၊ ကိုယ်ခံအားစနစ်က အာရုံကြောဆဲလ်တွေကိုပြန်တိုက်ခိုက်နေလို့ တစ်ကိုယ်လုံးလှုပ်လို့မရဖြစ်သွားနိုင်တဲ့ Guillian-Barre’ Syndrome လို့ခေါ်တဲ့  အကြောသေရောဂါ၊ လက်တုန်ခြေတုန်ဖြစ်တာတွေအပြင် ဟန်ချက်ထိန်းတာတွေပါပြဿနာရှိလာတဲ့ Parkinson’s ရောဂါ၊ မှတ်ဉာဏ်တွေကိုပါ ချို့ယွင်းထိခိုက်လာတတ်တဲ့ Alzheimer’s ရောဂါ စတာတွေထိတောင်ဖြစ်တတ်ပါတယ်။

အကယ်၍ ကံကောင်းလို့ နောက်ဆက်တွဲရောဂါ ဆိုးဆိုးရွားရွားတွေမဖြစ်ရင်တောင် လူကအမြဲဆိုးရွားစွာ နုံးချိနေတာ၊ ကိုယ်လက်အမြဲနာကျင်ကိုက်ခဲနေတာ၊ မူးဝေနေတာ၊ စဥ်းစားတွေးခေါ်နိုင်စွမ်းတွေနည်းလာတာ၊ဦးနှောက်လုပ်ဆောင်
မှုတွေမကောင်းတော့တာမျိုးတွေထိဖြစ်တတ်ပါတယ်။

ဒေါက်တာသက်လွှာ

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…