မြန်မာနိုင်ငံမှာ လူပေါင်း ထောင်ကျော်ကူးစက်နေပြီဖြစ်တဲ့ မပေါ့ဆသင့်သော ကပ်ရောဂါ….
Covid-19 လို့ခေါ်ဝေါ်ကြတဲ့ Corona Virus ဟာ တရုတ်မှာစတင်ဖြစ်ပွားခဲ့ပြီး အခုဆိုရင်ထိပ်သီးနိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်၊ ဥရောပနိုင်ငံတွေသာမက ကမ္ဘာတစ်ဝှမ်းကနိုင်ငံတွေကိုပါ ကူးစက်ပြန့်နှံ့နေပြီဖြစ်ပါတယ်။ ယခုဆိုရင် မြန်မာနိုင်ငံမှာ second wave ဖြစ်ပေါ်လုနီးနီး ဖြစ်နေပြီး လူပေါင်း ထောင်ကျော်ကူးစက်ခံနေရပြီ ဖြစ်ပါတယ်။
Covid-19 ရောဂါပိုးဟာ လေမှတစ်ဆင့်၊ ပိုးကပ်ကျန်နေတဲ့ပစ္စည်းတွေကနေ ကူးစက် တတ်တဲ့ရောဂါဖြစ်လို့ကူးစက်နိုင်ချေရှိတဲ့လူအုပ်စုတွေက….
(၁) ရောဂါပိုးရှိသူနဲ့ အကာအကွယ်မရှိပဲ ၁ မီတာအတွင်း ၁၅ မိနစ်ကြာတဲ့အထိ စကားပြောမိသူတွေ
(၂) ရောဂါပိုးရှိသူနဲ့ တိုက်ရိုက်ထိတွေ့မိတဲ့သူတွေ
(၃) ရောဂါပိုးရှိသူကိုင်တွယ်ထားတဲ့ပစ္စည်းကို ကိုင်တွယ်မိတဲ့သူတွေ ဟာကူး စက်ခံ ရတတ်ကြတယ်။
ဒါ့ကြောင့် Covid-19 ရဲ့ရောဂါလက္ခဏာတွေကို အားလုံးမှတ်သား ထားဖို့ တော့လိုပါလိမ့်မယ်…
ဖျားတာ၊နုံးတာ
ချောင်းခြောက်ဆိုးတာ
လည်ချောင်းနာတာ
ကိုယ်တွေ လက်တွေနာတာ
ခေါင်းကိုက်တာ၊ မျက်လုံးကိုက်တာ
ဝမ်းသွားတာ
အနံ့၊အရသာမရတာ
အန်တာ
စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိလာတာ စတာတွေနဲ့လာတတ်ပါတယ်။
ဘယ်လိုအခြေအနေကိုသတိပြုသင့်လဲ??
ဒီအထက်ပါရောဂါလက္ခဏာတွေခံစားလာရပြီဆိုရင် ရောဂါလက္ခဏာမပြခင် ရှေ့ ၁၄ ရက်အတွင်းရောဂါပိုးကူးစက်နိုင်ခြေများတဲ့နေရာမှာ နေထိုင်ခဲ့တဲ့သူတွေရောဂါလက္ခဏာမပြခင် ရှေ့ ၁၄ ရက်အတွင်းမှာ ခရီးသွားရာဇ ဝင် ရှိသူတွေရောဂါပိုးတွေနဲ့ အမြဲထိတွေ့ကိုင်တွယ်နေရတဲ့ကျန်းမာရေး ဝန်ထမ်းတွေ မှာဖြစ်နေပြီဆိုရင်တော့ အလွန်သတိပြုသင့်ပြီး ဆေးရုံကိုအမြန်ဆုံး ပို့ဆောင် ပေးသင့်ပါတယ်။
ဘယ်လိုလူတွေမှာ ရောဂါအခြေအနေပိုဆိုးရွားနိုင်လဲဆိုရင်…..
(၁) အသက်အရွယ်ကြီးသူတွေ
(၂) ကိုယ်ဝန်ဆောင်သည်တွေ
(၃) နှလုံး၊ဆီးချို၊သွေးတိုး၊ကျောက်ကပ်၊လေဖြတ်ရောဂါရှိသူတွေ
(၄) ဆေးလိပ်သောက်သုံးသူတွေ
(၅) ကင်ဆာရောဂါရှိသူတွေ၊ ကင်ဆာဆေးသွင်းနေရသူတွေ
(၆) ကိုယ်ခံအားမကောင်းတဲ့သူတွေဟာ Covid-19 ကူးစက်ခံရတဲ့အခါမှာ ရှိနေတဲ့ရောဂါ အခြေအနေတွေဟာ ပိုဆိုးရွားသွားကြပြီး အသက်သေဆုံးတဲ့ထိဖြစ်တတ်ကြတယ်။
အဲ့တာကြောင့် Covid-19 သံသယရှိပြီဆိုရင်ကျန်းမာရေး ဝန်ထမ်းတွေဟာ PPE အပြည့်အစုံနဲ့ စမ်းသပ်စစ်ဆေးတာ၊ Swab ယူတာတွေအပြင် သံသယလူနာတွေဟာ ရင်ဘတ်ဓာတ်မှန်ရိုက်တာ၊ CT ရိုက်တာတွေပါလိုအပ်ရင်ပြုလုပ်ကြရတယ်။
တကယ်လို့ အဖြေမှာပိုးတွေ့တယ်ဆိုရင်
၂၁ ရက်ကြာတဲ့ထိ အခန်းခွဲထားပြီး ပိုးသတ်ဆေးပေးတာ၊ virus ကိုနိုင်တဲ့ဆေးတွေပေးတာမျိုးကိုပြုလုပ်ရတယ်။
Covid-19 ရဲ့နောက်ဆက်တွဲတွေဖြစ်လာနိုင်တဲ့ သွေးဆိပ်တက်တာ၊ နှလုံးသွေးကြောပြဿနာတွေဖြစ်တာ၊ အဆုတ်သွေးကြောပိတ်တာ၊ လေဖြတ်တာနဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလည်းရှိလာရင်ကုသပေးရတယ်။
ကူးစက်နိုင်ချေရှိတဲ့လူအုပ်စုတွေဆိုရင် 21 ရက် ပြည့်တဲ့ထိ Quarantine ပြုလုပ်ပြီးစောင့်ကြည့်ကြရတယ်။
ဒါ့ကြောင့်မိမိကိုယ်တိုင်လည်း Covid-19 ကူးစက်မခံရစေဖို့….
(၁) လူစုလူဝေးကိုရှောင်ပါ
(၂) လူတစ်ဦးနဲ့တစ်ဦး ၆ ပေအကွာမှာနေပါ
(၃) Mask တပ်ပါ
(၄) လက်ကိုဆပ်ပြာနဲ့မကြာခဏဆေးကြောပါ
(၅) တစ်ရှူး(သို့) ပစ္စည်းတစ်ခုခုကိုင်တွယ်ပြီးတဲ့အခါမှာ လက်ကိုဆေးကြောပါ
(၆) အာဟာရပြည့်အောင်စားပြီး ကိုယ်ခံအားကောင်းအောင်နေပါ။
ဒေါက်တာသွန်းထည်ဝါ (ဆေး ၂)