covid
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

တစ်စတစ်စ ကူးစက်ပြန့်ပွားမှုများလာတဲ့Covid-19 ရောဂါနှင့်စပ်လျဥ်း၍…..

1 Mins read

တစ်စတစ်စ ကူးစက်ပြန့်ပွားမှုများလာတဲ့Covid-19 ရောဂါနှင့်စပ်လျဥ်း၍…..

Corona Virus လို့ခေါ်ဝေါ်ကြတဲ့ Covid-19 ကူးစက်ရောဂါပိုးဟာ တရုတ်နိုင်ငံကနေစပြီး တစ်နိုင်ငံလုံးကိုကူးစက်ပြန့်နှံ့လာတာ ယခုဆိုရင်လပေါင်းများစွာအတော်ကြာမြင့်နေပြီပဲဖြစ်ပါတယ်။ Virus ရဲ့ ကူးစက်မှုကြောင့် ရောဂါအခံရှိသူတွေဟာ ရောဂါအခြေအနေပိုဆိုးရွားပြီး သေဆုံးသွားကြတဲ့သူတွေလည်းရှိသလို ပြန်ပြီးကောင်းလာတဲ့သူတွ လည်းရှိပါတယ်။ အင်အားအတောင့်တင်းဆုံးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ အင်္ဂလန်စတဲ့နိုင်ငံတွေမှာ တောင် သေဆုံးသူတွေမြောက်များစွာရှိနေပြီးဖြစ်ပါတယ်။ ယခုဆိုရင် မြန်မာနိုင်ငံမှာလည်း ကူးစက်ခံရသူဟာ လူပေါင်း ၂၉,၀၀၀ ကျော်နေပါပြီ။ ဖျားနာကုဆေးခန်းတွေလည်း များစွာဖွင့်ထားပေမယ့် လူတွေရဲ့ ဆေးခန်းသွားမှ ပိုကူးမယ်ဆိုတဲ့ကြောက်စိတ်ကြောင့် ဖျားနာလာပြီဆိုရင် အိမ်မှာပဲနေ၊ ဆေးဆိုင်ကစပ်ဆေးလေးသောက်ပြီး နေနေကြတာများလာပါတယ်။ ဒါတွေဟာ မဖြစ်သင့်တဲ့အယူအဆမှားတွေပါပဲ။ အကယ်၍ အဲ့လို စပ်ဆေးလေးသောက်ပြီး မိသားစုတွေနဲ့အတူနေရင်းနေရာပေါင်းစုံလျှောက်သွားရင်း မိမိမှာသာ Virus ပိုးရှိနေခဲ့ရင် ဘယ်လိုလုပ်ကြမလဲ မိမိချစ်မြတ်နိုးတဲ့ အမေ၊အဖေ၊မောင်နှမတွေ၊ သားသမီးတွေကို ဒုက္ခရောက်အောင်လုပ်ကြမှာလား မိမိကြောင့် ပတ်ဝန်းကျင်က လူအများကိုပါ ထိခိုက်အောင်လုပ်ကြမှာလား ဒါဟာ လူတိုင်းတွေးသင့် စဥ်းစားသင့်တဲ့မေးခွန်းတွေပါပဲ….။

ဒီ Covid-19 ရောဂါပိုးဟာ …..

– ရောဂါပိုးရှိတဲ့သူက နှာချေ၊ ချောင်းဆိုး၊ စကားပြောလိုက်လို့ထွက်လာတဲ့ ပိုးပါတဲ့ droplet တွေကိုရှူရှိုက်မိတဲ့အခါ
– ထို droplet တွေ secretions တွေကပ်တွယ်နေတဲ့ပစ္စည်းတွေကို လက်နဲ့ကိုင်တွယ်မိတဲ့အခါ
– ထိုပိုးကပ်တွယ်နေတဲ့လက်နဲ့ မျက်နှာ၊ နှာခေါင်း၊ပါးစပ်၊ မျက်လုံးစတာတွေကို ထိတွေ့ကိုင်တွယ်မိတဲ့အခါရောဂါပိုးရှိသူနဲ့ ၁ မီတာအတွင်း အကာအကွယ်မရှိပဲ တိုက်ရိုက်ထိတွေ့မှုပြုလုပ်မိတဲ့အခါ ကူးစက်တတ်ပါတယ်။

အဲ့တာကြောင့် Covid-19 ရောဂါကိုကြိုတင်ကာကွယ်နိုင်ဖို့အတွက် လူတွေအနေနဲ့ လူစုလူဝေးတွေကိုရှောင်ရှားဖို့လိုအပ်ပါတယ်။ အကယ်၍ မဖြစ်မနေသွားရပြီဆိုပါက Social distancing နည်းစဥ်အရ တစ်ဦးနဲ့ တစ်ဦး ၆ ပေအကွာမှာ နေထိုင်ဖို့နဲ့ Mask တွေတပ်ဖို့လိုကိုလိုအပ်ပါတယ်။ ယခုဆိုရင် Bus ကားမှတ်တိုင်တွေ၊ စားသောက်ဆိုင်တွေ၊ လမ်းထိပ်တွေတော်တော်များများမှာ လက်ဆေးဖို့ ဆပ်ပြာနဲ့ဘေဇင်တွေပြုလုပ်ပေးထားတာတွေ့ရပါတယ်။ Covid-19 ကာကွယ်တဲ့နေရာမှာ လက်မှာကပ်တွယ်နေတဲ့ပိုးတွေကိုသေအောင် ပြုလုပ်ပေးတဲ့လက်ခဏခဏဆေးတာလည်း အရေးကြီးဆုံး ကဏ္ဍတစ်ခုဖြစ်လို့ မဖြစ်မနေ အတူတကွပါဝင်လုပ်ဆောင်ပေးသင့်ပါတယ်။ နောက်ပြီး မြန်မာတွေအနေနဲ့ လက်နဲ့နယ်တဲ့ အသုတ်၊ ထမင်းသုတ် စတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ရှားကြဖို့လိုပါတယ်။ ထိုအစားအစာတွေပြုလုပ်တဲ့သူရဲ့လက်ထဲပိုးကပ်တွယ်နေခဲ့ရင် ကိုယ့်ဆီကိုပါ ကူးစက်လာနိုင်ပါတယ်။အသက်အရွယ်ကြီးတဲ့သူတွေ၊ နာတာရှည်ရောဂါရှိတဲ့သူတွေ၊ အိမ်မှာနေလို့လည်း အဆင်ပြေနေတဲ့သူတွေကတော့ ဖြစ်နိုင်ရင် Stay at home နေပေးတာအကာကွယ်နိုင်ဆုံးပါပဲ။ မဖြစ်မနေအလုပ်ကိစ္စရှိမှပဲ အပြင်ထွက်ကြ ဖို့သင့်ပါတယ်။

နောက်ပြီး Covid-19 ရဲ့ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားတာ၊နုံးတာ၊ချောင်းခြောက်ဆိုးတာ၊လည်ချောင်းနာတာ၊ခေါင်းကိုက်တာ၊ မျက်လုံးကိုက်တာ၊ ကိုယ်တွေ လက်တွေနာတာ၊ဝမ်းသွားတာ၊ အန်တာ၊အနံ့၊ အရသာမရတာ၊ စိတ်ပိုင်းဆိုင်ရာပြဿနာရှိလာတာ စတဲ့လက္ခဏာတွေထဲက တစ်ခုမဟုတ်တစ်ခုဖြစ်လာပြီဆိုရင်တော့ဖျားနာကုဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

ဒေါက်တာသွန်းထည်ဝါ (ဆေး ၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…