Can people who already have infected can covid get vaccinated?
Covid - 19ကူးစက်တတ်သောရောဂါများအခြားရောဂါများအထွေထွေရောဂါများ

Covidဖြစ်ပြီးသူများကာကွယ်ဆေးထိုးနိုင်လား

1 Mins read

ဒီမေးခွန်းကိုဖြေရင်မယ်ဆိုရင်တော့ ကိုဗစ်ဖြစ်ဖူးသူတွေရော မဖြစ်ဖူးသူတွေပါ ကာကွယ်ဆေးကိုထိုးနှံကြဖို့လိုပါတယ်။ ကာကွယ်ဆေးထိုးနှံလိုက်ခြင်းက ရောဂါမဖြစ်ပွားရလေအောင်ကာကွယ်ပေးသလိုဖြစ်ပွားခဲ့ရင်လည်း ရောဂါလက္ခဏာပြင်းထန်မှု မရှိအောင်ကာကွယ်ပေးပါတယ်။ ကိုဗစ်ဖြစ်ပွားပြီးတဲ့အါ Antibodyက ဘယ်လောက်ခံမယ်ဆိုတာက တစ်ယောက်နဲ့တစ်ယောက်မတူညီပါဘူး။ ဒါကြောင့် ကာကွယ်ဆေးထိုးက ထိုးသင့်တဲ့ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ ကိုဗစ်ဖြစ်ပြီးဘယ်နှစ်ရက်အကြာမှာထိုးရမလဲဆိုရင်တော့ မိမိမှာကိုဗစ်ဖြစ်ပွားမှုက ၂၁ရက် ဆိုတဲ့အချိန်လွန်သွားပြီး ရောဂါလက္ခဏာပြသခြင်း လည်း မရှိတော့ဘူးဆိုရင်ထိုးနှံနိုင်ပါတယ်။ ကာကွယ်ဆေးတွေအနေနဲ့လည်း တစ်ခုနဲ့တစ်ခုမတူညီပါဘူး။ မြန်မာနိုင်ငံမှာအများဆုံးထိုးနှံကြတာကတော့ တရုတ်ကလာတဲ့ကာကွယ်ဆေးတွေပါ။

ကာကွယ်ဆေးကိုထိုးနှံရာမှာ ဆီးချု၊ိ ကင်ဆာ စတဲ့ရောဂါအခံရှိသူတွေအနေနဲ့ လည်းထိုးနှံပေးလို့ရပါတယ်။ဒီဝေဒနာရှင်တွေဟာ ကိုဗစ်ဖြစ်ပွားတဲ့အခါ ပိုပြီးပြင်းထန်တာမို့ ဆေးထိုးသင့်တဲ့ ထဲမှာပါဝင်ပါတယ်။ နို့တိုက်မိခင်နဲ့ကိုယ်ဝန်ဆောင်တွေအနေနဲ့လည်း Pfizer, Covid Shield များကို ထိုးနှံနိုင်ပေမယ့် သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ကြဖို့တော့လိုအပ်ပါတယ်။ ကာကွယ်ဆေးထိုးခါနီးမှာ ဖျားနာနေတာ၊ ပင်နယ်ဆလင်လိုဆေးမျိုးနဲ့ဓာတ်မတည့်တာ၊ ကျောက်ကပ်အစားထိုးထားတာ၊ သွေးကျဲဆေးနဲ့ ကိုယ်ခံအားကျစေတဲ့ ပဋိဇီဝဆေးတွေသောက်သုံးထားမယ်ဆိုရင်တော့ ဆေးမထိုးခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်သင်ပါတယ်။

ကာကွယ်ဆေးမထိုးခင်ချိန်မှာ ကြိုတင်ပြင်ဆင်သင့် တာတွေ အနေနဲ့တော့ အာဟာရပြည့်ဝအောင်စားပေးဖို့လိုပါတယ်။ ဒါမှကိုယ်ခံအာကောင်းနေပြီးကာကွယ်ဆေးကိုတုန့်ပြန်နိုင်မှာဖြစ်ပါတယ်။ဆေးထိုးနေတဲ့ကာလအတွင်းအရက်သောက်သုံး ခြင်း ကိုလည်းရှောင်ကြဉ်သင့်ပါတယ်။ ဆေးထိုးပြီးနာရီဝက်ခန့်စောင့်ကြည့်ပြီးမှပြန်သင့်သလို  ဆေးထိုးပြီးချိန်မှာ မူးမော်တဲ့ဝေဒနာ တွေပေါ်လာရင်တော့ ဆရာဝန်နဲ့သူနာပြုများကိုအကြောင်းကြားသင့်ပါတယ်။ တခြားသောလက္ခဏာတွေဖြစ်တဲ့  ထုံကျဉ်ကိုက်ခဲတာ၊ ပျို့အန်တာ၊ နုံးတာ၊ကိုယ်နည်းနည်းပူတာ မျိုးတွေလည်း ဖြစ်တတ်ပါတယ်။ WHOက ခွင့်ပြုထားတဲ့ ကာကွယ်ဆေး(၇)မျိုးရဲ့အကြောင်းကိုလည်း အနည်းငယ်ပြောပြပေးချင်ပါတယ်။

Pfizerကတော့ အသက် ၁၂နှစ်နဲ့အထက်ကိုထိုးနှံနိုင်ပြီး နှစ်ကြိမ်းထိုးနံှရတဲ့ဆေးဖြစ်ပါတယ်။ တစ်ကြိမ်နဲ့တကြိမ်ကို ၃ပတ်ခြားကာ ထိုးနှံနိုင်ပါတယ်။ Moderna ကာကွယ်ဆေးကတော့ အသက် ၁၈နှစ်အထက် ထိုးနှံနိုင်ပြီး နှစ်ပတ်ခြားကာ နှစ်ကြိမ်ထိုးနှံပေးရမှာဖြစ်ပါတယ်။ Johnson & Johnson ကတော့   အသက် ၁၈နှစ်အထက် ထိုးနှံနိုင်ပြီး တကြိမ်တည်းထိုးနံှရတဲ့ဆေးလည်းဖြစ်ပါတယ်။

Astra Zenecaကတော့ အသက် ၁၈နှစ်အထက်ထိုးနှံနိုင်ပြီး ၄ပတ်ကနေ ၁၂ပတ်အတွင်း ၂ကြိမ်ထိုးနှံရတာဖြစ်ပါတယ်။Covidshield ကတော့ အသက် ၁၈နှစ်အထက်ထိုးနှံနိုင်ပြီး ၂ပတ်ခြားကာ ၂ကြိမ်ထိုးနှံရပါတယ်။ Sinopharm ကလည်း အသက် ၁၈နှစ်အထက်ထိုးနှံနိုင်ကာ ၃ပတ်မှ ၄ပတ်ခြားကာ ၂ကြိမ်ထိုးန ှံရပါတယ်။ Sinovac ကတော့ အသက် ၁၈နှစ်အထက်ထိုးနှံနိုင်ကာ ၂ပတ်မှ ၃ပတ်ခြားကာ ၂ကြိမ်ထိုးနှံပေးရပါတယ်။

ကိုဗစ်ကာကွယ်ဆေးများကို ကျယ်ကျယ်ပြန့်ပြန့်လည်းထုတ်လုပ်နေသလို ထိုးနှံသူတွေကလည်း စနစ်ကျနဲ့သွားရောက် ထိုးနှံကြဖို့ကအရေးကြီးပါတယ်။

ဆေးထိုးပြီးချိန်မှာလည်း သက်ဆိုင်တဲ့အခြေခံကျန်းမာရေး တွေဖြစ်တဲ့ နှာခေါင်းစီးတပ်တာ၊ လက်မှန်မှန်ဆေးတာ၊ လူစုလူဝေးရှောင်တာမျိုးကိုလည်း ဆက်လက်လိုက်နာကြဖို့လိုပါတယ်။ ကိုဗစ် မျိုးကွဲတွေကတစ်ကြိမ်နဲ့တစ်ကြိမ်ပြောင်းလဲနေတာဖြစ်လို့ ကာကွယ်ဆေးတွေကလည်း အပြောင်းအလဲတွေထပ်ပြီးပေါ် ပေါက်လာဦးမှာဖြစ်ပါတယ်။ ဒါကြောင့် မျက်ခြေမပြတ်စောင့်ကြည့်ရမယ့်ရောဂါတစ်ခုဖြစ်တာမို့ သတိထားဖို့ကို တိုက်တွန်းလိုက်ရပါတယ်။

ဒေါက်တာနိုင်း(ဆေး-၁)

MyDoctor Telemedicine Application
Related posts
Uncategorizedအခြားရောဂါများအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

World Sight Day

1 Mins read
အခုဒီစာကို ဖတ်နေချိန်မှာ သင်ဟာ ကံကောင်းခြင်းလက်ဆောင် ကိုရရှိထားတယ်ဆိုတာကို သိထားပေးပါ။ အခုအချိန် မှာသင်ကဒီစာကို ရှင်းရှင်းလင်းလင်း ဖတ်လို့ရနေပေမယ့် ကမ္ဘာကြီးပေါ်က လူတချို့တွေမှာ အဲ့လိုဖတ်ဖို့ အခွင့်အရေး မရကြပါဘူး။ ကျွန်မမှာ ငယ်စဉ်ဘဝထဲက လက်ဆောင်ရထားတဲ့ Myopia ဆိုတဲ့ အဝေးမှုန်ခြင်း အမြင်ပြဿနာနဲ့ …
Covid - 19ကူးစက်တတ်သောရောဂါများနေထိုင်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

WizAct 24 နဲ့ အိမ်မှာရှိတဲ့ အခန်းတစ်ခန်းချင်းစီကို ဘယ်လို ပိုးသတ်သန့်ရှင်းကြမလဲ

1 Mins read
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လမ်းညွှန်ချက်တွေအရ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ အိမ်ထဲက မကြာခဏ ထိတွေ့နေရတဲ့ မျက်နှာပြင်တွေကို ပိုးသတ်သန့်ရှင်းပေးဖို့ အရေးကြီးပါတယ်။ နေ့တိုင်း တစ်အိမ်လုံးက ရှိသမျှနေရာတွေကို သန့်ရှင်းရေး လုပ်စရာ မလိုပါဘူး။ ပိုးမွှားတွေ ရှိနေတတ်တဲ့…
Covid - 19ကူးစက်တတ်သောရောဂါများနေထိုင်မှုပုံစံ

ကိုယ်နဲ့ အခြားသူတွေ အားလုံး ဘေးကင်းစေဖို့ ပုံမှန် ပိုးသတ်ပေးသင့်တဲ့ အိမ်အပြင်က နေရာတွေ

1 Mins read
ကိုဗစ်-၁၉ ဆိုတဲ့ ရောဂါက လွန်ခဲ့တဲ့ နှစ်တွေတုန်းက စိတ်ကူးနဲ့တောင် မတွေးဖူးတဲ့ ပုံစံမျိုးနဲ့ လူသားတွေရဲ့ ဘဝကို ပြောင်းလဲမှုတွေ ဆက်တိုက်ဖြစ်စေခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း ဒီဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ကထွက်တဲ့ သေးငယ်တဲ့ အမှုန်အမွှားလေးတွေ၊ လေထုထဲကနေ၊ ပိုးနဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကူးစက်နိုင်ပါတယ်။ သတိထားရမှာက…

Leave a Reply

Your email address will not be published. Required fields are marked *