ချောင်းဆိုးသွေးပါ

အသက် 20 ဝန်းကျင်၊ ခပ်ပိန်ပိန်အမျိုးသမီးငယ်တစ်ဦး ဆေးခန်းထဲဝင်လာသည်။ ယူနီဖောင်းလေးက ခပ်နွမ်းနွမ်းပေမယ့် အသားလေးဖြူနေတော့ ကြည့်လို့်တော့အဆင်ပြေသည်။

ကိုယ်တိုင်ကအလှကြိုက်သူမို့ ဒီကလေးမ ဒီထက်နည်းနည်းလေး ပိုပြည့်လာလျှင် ပိုကြည့်ကောင်းမှာပဲဟု ကောက်ချက်ချမိသည်။

” ဆရာမ….သမီး ချောင်းဆိုးတာ သွေးတွေပါလို့..”

ဒီအသက်အရွယ် ..ဒီခန္ဓာကိုယ်နဲ့…ချောင်းဆိုးသွေးပါတယ် ဆိုတော့…..အင်း…ဖြစ်နိုင်ချေကိုတော့ ခန့်မှန်းလိုက်မိပြီ… သေချာအောင် မေးခွန်းအနည်းငယ်ထပ်မေးလိုက်တော့…

ချောင်းဆိုးနေတာတစ်လကျော်လောက်ရှိနေပြီဖြစ်ကြောင်း

အစက သလိပ်မထွက် ၊ချောင်းခြောက်ပဲဆိုးကြောင်း

စပ်ဆေးတွေဝယ်သောက်လိုက်၊ချောင်းဆိုးသက်သာရင် ရပ်ထားလိုက်၊ ပြန်ဆိုးရင် စပ်ဆေးထပ်ဂယ်သောက်လိုက်လုပ်နေရင်းက

မနေ့ညကမှ ချောင်းဆိုးရင်း သွေးပါလာလို့ ကြောက်လန့်ပြီး ဆေးန်းလာပြခြင်းဖြစ်ကြောင်းပြောလေသည်။

ဒါနဲ့ အခြားရောဂါလက္ခဏာတွေ ဆက်မေးတော့ ….

ချောင်းစဆိုးကတည်းကပင် အဖျားမကြီးသော်ငြားလည်း လူက နေလို့မကောင်း တရှောင်ရှောင်ဖြစ်နေကြောင်း

ညနေပိုင်းတွေဆို ကိုယ်ခပ်ငွေ့ငွေ့ပူလာကြောင်း

ညဘက်အိပ်လျှင် ချွေးစီးတွေပြန်ကြောင်း ပြောလေသည်။

” ညီမလေးက အရင်ကတည်းက ခုလိုပိန်ပိန်လေးပဲလား?”

” မဟုတ်ဘူးဆရာမ၊ သမီးက အရင်က ခုထက်အများကြီးပြည့်တာပေါ့၊ ခုတလောမှ အစားအသောက်တွေပျက်ပြီး ပိန်ကျသွားတာဆရာမရယ်…လူကိုဆွဲချလိုက်သလိုပဲ….မျက်ကွင်းတွေပါညိုကျပြီး သိသိသာသာကိုပိန်သွားတာ…. ချောင်းတွေဆိုးရပါများလို့လားမသိဘူးဆရာမရယ်…ရင်ဘတ်တွေတောင်အောင့်တယ် ”

” သမီးအရင်က တီဘီဖြစ်ဖူးလား၊ အခြားဘာရောဂါတွေဖြစ်ဖူးလဲ?”

“မဖြစ်ဖူးဘူးဆရာမ၊ ဆေးရုံဆေးခန်းတောင် ပြရခဲတယ်”

“ဒါဆို…အိမ်မှာ ဒါမှမဟုတ် အလုပ်တို့၊ အိမ်နားဝနိးကျင်တို့မှာရော တီဘီဖြစ်ဖူးတဲ့သူရှိလား?”

“အင်း…အဲ့လိုတော့ရှိတယ်ဆရာမ… လွန်ခဲ့တဲ့ ခြောက်လလောက်ကတော့ ရွာက ဦးလေးတစ်ယောက် သမီးတို့အိမ်မှာ တစ်လလောက်လာတည်းရင်း
ချောင်းဆိုးတာရက်ကြာနေလို့ ဆေးရုံသွားပြတာ ဆရာဝန်က TB ရှိတယ်ပြောလို့ TB ဆေးသောက်ရတယ်….ခုတော့ ရွာပြန်သွားပါပြီ”..

“သမီးခုဖြစ်နေတဲ့ လက္ခဏာတွေအားလုံးခြုံကြည့်လိုက်ရင်တော့ TB ဖြစ်နိုင်ချေအတော်များတယ်၊ပိုသေချာအောင် ရင်ဘတ် ဓာတ်မှန်လေးရိုက်၊ မနက်ပိုင်းထွက်တဲ့ သလိပ်လေး ၃ရက် ဆက်တိုက်စစ်ပြီး ဆရာမဆီ အဖြေလေးတွေ လာပြန်ပြပေး ပါလား ”

” ဟုတ်ကဲ့ဆရာမ”

3 ရက်ကြာပြီးနောက်….

ဓာတ်မှန်အဖြေရော သလိပ်အဖြေရော ယူလာပြီးလာပြသည်။

ထင်ထားတဲ့အတိုင်းပင်….တီဘီ..သူမှသူပါပဲ…..

ကလေးမကို ပြောပြတော့ငိုသည်….အလုပ်ထွက်ရမှာကြောက်လို့တဲ့….အင်းပေါ့… သူစိတ်ပူလည်းပူချင်စရာလေ…

ခုခေတ်က အလုပ်တစ်ခုရဖို့လွယ်တာမှ မဟုတ်တာပဲ…..

ကလေးမကို သေချာရှင်းပြရသည်….

TB ဆေးစသောက်ပြီး နှစ်ပတ်ကြာလျှင် အခြားသူတွေဆီ ကူးသက်နိုင်ချေမရှိတော့ကြောင်း…

ဆေးစသောက်တဲ့အချိနိကစလို့ နှစ်ပတ်အတွင်းကိုတော့ မိသားစုများနဲ့လုပ်ဖော်ကိုင်ဖက်များဆီမကူးစက်အောင် နှာခေါင်းစည်း (mask) တပ်ထားရမည်ဖြစ်ကြောင်း၊ အလုပ်ထွက်ဖို့ထိ မလိုအပ်ကြောင်း၊ ဆေးကို ၆လပြည့်သည်အထိ ပုံမှန်သောက်သင့်ကြောင်း၊ ၆လမပြည့်ဘဲဆေးရပ်လိုက်လျှင် နောက်ပိုင်းမှာ ဆေးယဉ်ပါးတီဘီဖြစ်လာနိုင်ပြီး ကုသရန်မလွယ်ကူကြောင်း… စသဖြင့် လိုအပ်တာတွေရှင်းပြနှစ်သိမ့်အပြီး TB ဆေးထုတ်ယူနိုင်ရန်သက်ဆိုင်ရာဒေသန္တရဆရာဝန်ထံ
လွှဲစာရေးပေးပြီး ပြန်လွှတ်လိုက်ရလေသည်။

ဒေါက်တာဝင်း (UM2)

ေခ်ာင္းဆိုးေသြးပါ

အသက္ 20 ဝန္းက်င္၊ ခပ္ပိန္ပိန္အမ်ိဳးသမီးငယ္တစ္ဦး ေဆးခန္းထဲဝင္လာသည္။ ယူနီေဖာင္းေလးက ခပ္ႏြမ္းႏြမ္းေပမယ့္ အသားေလးျဖဴေနေတာ့ ၾကည့္လို္႔ေတာ့အဆင္ေျပသည္။

ကိုယ္တိုင္ကအလွႀကိဳက္သူမို႔ ဒီကေလးမ ဒီထက္နည္းနည္းေလး ပိုျပည့္လာလ်ွင္ ပိုၾကည့္ေကာင္းမွာပဲဟု ေကာက္ခ်က္ခ်မိသည္။

” ဆရာမ….သမီး ေခ်ာင္းဆိုးတာ ေသြးေတြပါလို႔..”

ဒီအသက္အရြယ္ ..ဒီခႏၶာကိုယ္နဲ႔…ေခ်ာင္းဆိုးေသြးပါတယ္ ဆိုေတာ့…..အင္း…ျဖစ္ႏိုင္ေခ်ကိုေတာ့ ခန္႔မွန္းလိုက္မိၿပီ… ေသခ်ာေအာင္ ေမးခြန္းအနည္းငယ္ထပ္ေမးလိုက္ေတာ့…

ေခ်ာင္းဆိုးေနတာတစ္လေက်ာ္ေလာက္႐ွိေနၿပီျဖစ္ေၾကာင္း

အစက သလိပ္မထြက္ ၊ေခ်ာင္းေျခာက္ပဲဆိုးေၾကာင္း

စပ္ေဆးေတြဝယ္ေသာက္လိုက္၊ေခ်ာင္းဆိုးသက္သာရင္ ရပ္ထားလိုက္၊ ျပန္ဆိုးရင္ စပ္ေဆးထပ္ဂယ္ေသာက္လိုက္လုပ္ေနရင္းက

မေန႔ညကမွ ေခ်ာင္းဆိုးရင္း ေသြးပါလာလို႔ ေၾကာက္လန္႔ၿပီး ေဆးန္းလာျပျခင္းျဖစ္ေၾကာင္းေျပာေလသည္။

ဒါနဲ႔ အျခားေရာဂါလကၡဏာေတြ ဆက္ေမးေတာ့ ….

ေခ်ာင္းစဆိုးကတည္းကပင္ အဖ်ားမႀကီးေသာ္ျငားလည္း လူက ေနလို႔မေကာင္း တေ႐ွာင္ေ႐ွာင္ျဖစ္ေနေၾကာင္း

ညေနပိုင္းေတြဆို ကိုယ္ခပ္ေငြ႔ေငြ႔ပူလာေၾကာင္း

ညဘက္အိပ္လ်ွင္ ေခြၽးစီးေတြျပန္ေၾကာင္း ေျပာေလသည္။

” ညီမေလးက အရင္ကတည္းက ခုလိုပိန္ပိန္ေလးပဲလား?”

” မဟုတ္ဘူးဆရာမ၊ သမီးက အရင္က ခုထက္အမ်ားႀကီးျပည့္တာေပါ့၊ ခုတေလာမွ အစားအေသာက္ေတြပ်က္ၿပီး ပိန္က်သြားတာဆရာမရယ္…လူကိုဆြဲခ်လိုက္သလိုပဲ….မ်က္ကြင္းေတြပါညိဳက်ၿပီး သိသိသာသာကိုပိန္သြားတာ…. ေခ်ာင္းေတြဆိုးရပါမ်ားလို႔လားမသိဘူးဆရာမရယ္…ရင္ဘတ္ေတြေတာင္ေအာင့္တယ္ ”

” သမီးအရင္က တီဘီျဖစ္ဖူးလား၊ အျခားဘာေရာဂါေတြျဖစ္ဖူးလဲ?”

“မျဖစ္ဖူးဘူးဆရာမ၊ ေဆးရံုေဆးခန္းေတာင္ ျပရခဲတယ္”

“ဒါဆို…အိမ္မွာ ဒါမွမဟုတ္ အလုပ္တို႔၊ အိမ္နားဝနိးက်င္တို႔မွာေရာ တီဘီျဖစ္ဖူးတဲ့သူ႐ွိလား?”

“အင္း…အဲ့လိုေတာ့ရွိတယ္ဆရာမ… လြန္ခဲ့တဲ့ ေျခာက္လေလာက္ကေတာ့ ရြာက ဦးေလးတစ္ေယာက္ သမီးတို႔အိမ္မွာ တစ္လေလာက္လာတည္းရင္း
ေခ်ာင္းဆိုးတာရက္ျကာေနလို႔ ေဆးရံုသြားျပတာ ဆရာဝန္က TB ရိွတယ္ေျပာလို႔ TB ေဆးေသာက္ရတယ္….ခုေတာ့ ရြာျပန္သြားပါၿပီ”..

“သမီးခုျဖစ္ေနတဲ့ လကၡဏာေတြအားလံုးျခံဳၾကည့္လိုက္ရင္ေတာ့ TB ျဖစ္ႏိုင္ေခ်အေတာ္မ်ားတယ္၊ပိုေသခ်ာေအာင္ ရင္ဘတ္ ဓာတ္္မွန္ေလး႐ိုက္၊ မနက္ပိုင္းထြက္တဲ့ သလိပ္ေလး ၃ရက္ ဆက္တိုက္စစ္ၿပီး ဆရာမဆီ အေျဖေလးေတြ လာျပန္ျပေပး ပါလား ”

” ဟုတ္ကဲ့ဆရာမ”

3 ရက္ၾကာၿပီးေနာက္….

ဓာတ္မွန္အေျဖေရာ သလိပ္အေျဖေရာ ယူလာၿပီးလာျပသည္။

ထင္ထားတဲ့အတိုင္းပင္….တီဘီ..သူမွသူပါပဲ…..

ကေလးမကို ေျပာျပေတာ့ငိုသည္….အလုပ္ထြက္ရမွာေၾကာက္လို႔တဲ့….အင္းေပါ့… သူစိတ္ပူလည္းပူခ်င္စရာေလ…

ခုေခတ္က အလုပ္တစ္ခုရဖို႔လြယ္တာမွ မဟုတ္တာပဲ…..

ကေလးမကို ေသခ်ာ႐ွင္းျပရသည္….

TB ေဆးစေသာက္ၿပီး ႏွစ္ပတ္ၾကာလ်ွင္ အျခားသူေတြဆီ ကူးသက္ႏိုင္ေခ်မ႐ွိေတာ့ေၾကာင္း…

ေဆးစေသာက္တဲ့အခ်ိနိကစလို႔ ႏွစ္ပတ္အတြင္းကိုေတာ့ မိသားစုမ်ားနဲ႔လုပ္ေဖာ္ကိုင္ဖက္မ်ားဆီမကူးစက္ေအာင္ ႏွာေခါင္းစည္း (mask) တပ္ထားရမည္ျဖစ္ေၾကာင္း၊ အလုပ္ထြက္ဖို႔ထိ မလိုအပ္ေၾကာင္း၊ ေဆးကို ၆လျပည့္သည္အထိ ပံုမွန္ေသာက္သင့္ေၾကာင္း၊ ၆လမျပည့္ဘဲေဆးရပ္လိုက္လ်ွင္ ေနာက္ပိဳင္းမွာ ေဆးယဥ္ပါးတီဘီျဖစ္လာႏိုင္ၿပီး ကုသရန္မလြယ္ကူေၾကာင္း… စသျဖင့္ လိုအပ္တာေတြ႐ွင္းျပနွစ္သိမ့္အၿပီး TB ေဆးထုတ္ယူႏိုင္ရန္သက္ဆိုင္ရာေဒသႏၱရဆရာဝန္ထံ
လႊဲစာေရးေပးၿပီး ျပန္လႊတ္လိုက္ရေလသည္။

ေဒါက္တာဝင္း (UM2)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *