ချက်ကြိုးလည်ပင်းမှာ ပတ်ခြင်း

ဗိုက်ထဲမှာရှိတဲ့ ကလေးနဲ့ မိခင်ကျု ဆက်သွယ်ပေးထားတဲ့အရာက ချက်ကြိုးပဲဖြစ်ပါတယ်..။ သွေးနဲ့တကွ လိုအပ်တဲ့ အောက်ဆီဂျင်တွေ အာဟာရဓာတ်တွေကို ယူဆောင်ပေးပြီး သန္ဓေသားဖွံ့ဖြိုးကြီးထွားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်..။ ကယ်လိုရီဓာတ် အသားဓာတ် အဆီဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ကို သယ်ပေးသလို မကောင်းတဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ အောက်ဆီဂျင်မပါတဲ့သွေးတွေကို မိခင်ဆီကို ချက်ကြိုးကနေပဲပြန်ပို့ပေးပါတယ်..။

ချက်ကြိုးကလေးလည်ပင်းမှာပတ်တယ်ဆိုတာ တကယ်တော့ အဖြစ်များပါတယ်..။ သုံးပုံတစ်ပုံလောက်သော ကိုယ်ဝန်တွေမှာ ဖြစ်လေ့ရှိတယ် ဆိုပါတယ်.။ ကလေးဟာ မိခင်ဝမ်းဗိုက်ထဲမှာ လှူပ်ရှားနေတတ်တာမို့ ချက်ကြိုးက လည်ပင်းမှာ ပတ်မိသွားလေ့ရှိပါတယ်…။

ချက်ကြိုးလည်ပင်းမှာ ပတ်နေတာကို ဘယ်လိုသိနိုင်မလဲ

များသောအားဖြင့် ချက်ကြိုးလည်ပင်းမှာ ပတ်တာကို ကလေးမွေးတဲ့အချိန်မှ သိကြတာများပါတယ်..။ ဒါပေမယ့် သိပ်တော့ စိုးရိမ်စရာမရှိလှပါဘူး..။ဆရာဝန်တွေအနေနဲ့လည်း ချက်ကြိုးလည်ပင်းမှာ ပတ်နေမနေကို ယျေဘူယျအားဖြင့် အတိအကျစစ်ဆေးလေ့မရှိပါဘူး..။ စစ်ဆေးမယ်ဆိုရင် အထူးပြုလုပ်ထားတဲ့ အရောင်ကိုပါခွဲခြားမြင်နိုင်တဲ့ အာလ်ထရာဆောင်းမျိူးနဲ့မှ သိနိုင်တာဖြစ်ပြီး တကယ်လို့ ချက်ကြိုးလည်ပင်းမှာပတ်နေတယ်ဆိုရင်တောင် ကလေးကို အသက်အန္တရာယ်ထိခိုက်နိုင်တယ်ဆိုတာ ရှားလို့ပါပဲ..။

ဒါက အန္တရာယ်များလား

မိခင်တွေကတော့ ကလေးချက်ကြိုးလည်ပင်းမှာများပတ်နေမလားဆိုတာကို စိုးရိမ်ပူပန်တတ်ကြပါတယ်..။ ဒါပေမယ့် ချက်ကြိုးလည်ပင်းမှာ ပတ်နေရင်တောင် ကလေးဆီကို အောက်ဆီဂျင်ရောက်ရှိမှူကို အဟန့်အတားမဖြစ်စေပါဘူး..။

ကလေးမွေးဖွားချိန်… ကလေးခေါင်းထွက်လာတဲ့အချိန်မှာတော့ ဆရာဝန်က ကလေးလည်ပင်းမှာ ချက်ကြိုးပတ်နေမနေကို စစ်ဆေးပါလိမ့်မယ်..။ ပတ်နေခဲ့ရင် ပတ်နေတဲ့ချက်ကြိုးကို ချောင်အောင်လုပ်ပြီး အပတ်ကိုဖြေပေးပါလိမ့်မယ်..။

ဘယ်လိုအခြေအနေမျိူးမှာတော့ ဂရုစိုက်ဖို့လိုမလဲ

တခါတရံမှာတော့ ပတ်နေတဲ့ချက်ကြိုးဟာ ကလေးမီးဖွားခါနီး ဗိုက်နာချိန်မျိူးမှာ … တင်းသွားတာ… ဒါမှမဟုတ် ပြားသွားတာမျိူးဖြစ်နိုင်ပါတယ်..။ အဲဒီအခါ ကလေးနှလုံးခုန်နှူန်းကျသွားနိုင်ပါတယ်..။ ဒီလိုဖြစ်ရင် ဆရာဝန်က သင့်ကလေးရဲ့နှလုံးခုန်နှူန်းကို စောင့်ကြည့်နားထောင်ပါလိမ့်မယ်..။ များသောအားဖြင့်ကတော့ မွေးချိန်နီးတာနဲ့အမျှ နှလုံးခုန်နှူန်းက ပြန်မှန်သွားလေ့ရှိပြီး သဘာဝအတိုင်းရိုးရိုးမွေးနိုင်ပါလိမ့်မယ်..။ အဲလိုမဟုတ်ဘဲ ကလေးနှလ့ုးခုန်နှူန်းကျတယ်ဆိုရင်တော့ ဆရာဝန်က ခွဲမွေးဖို့ ဆုံးဖြတ်ပါလိမ့်မယ်..။

တကယ်လို့ ကလေးမမွေးခင်ကတည်းက ချက်ကြိုးလည်ပင်းမှာ ပတ်နေတာကို ကြိုသိခဲ့ရင်တော့ ဆရာဝန်က သင့်ဗိုက်ထဲမှာရှိတဲ့ ရေမွှာရည်အနည်းအများကို သိအောင်လုပ်ပါလိမ့်မယ်..။ ရေမွှာရည်နည်းခဲ့မယ်ဆိုရင် ချက်ကြိုးကို ဖိမိနိုင်ချေပိုများတဲ့အပြင် ဗိုက်ထဲမှာရှိတဲ့ကလေးရဲ့လှူပ်ရှားမှူကို ကန့်သတ်ထားသလို ဖြစ်စေပါလိမ့်မယ်..။ ဒါပေမယ့် ဒီလိုဖြစ်ရပ်မျိူးကရှားပါးပြီး ဘာအန္တရာယ်မှမဖြစ်ဘဲ ရိုးရိုးမွေးလို့ရပါတယ်…။

မေတ္တာဖြင့်

ဒေါက်တာ စိမ်းမိုးစက်

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *